Likes

8/20/2013

YouTube 5.0.21




YouTube ရဲ့ Version အသစ်မှာ Multitasking Feature ပါရှိလာပါတယ်။ Player Size ကို Resize လုပ်နိုင်ပြီး Video တွေ ကြည့်နေရင်းနဲ့ တစ်ခြား Video တွေကို Browse လုပ်လို့ ရလာပါတယ်။picture-in-picture လို့ အမည်ပေးထားပါတယ်။ဒီလို Feature မျိုးကို Samsung က သူ့ ရဲ့  Galaxy line ဖုန်းမှာ ထည့်သွင်းပေးထားတာကြာပြီးဖြစ်ပြီး Video Player ကို Pop Up အနေနဲ့ ကြည့်ရှုနိုင်သလို တစ်ခြား App တွေကိုလည်း တစ်ပြိုင်နက်သုံးနိုင်ပါတယ်။ iOS User တွေအတွက်တော့ YouTube က Update မပေးသေးပါဘူး။ YouTube ရဲ့  multitask feature က in-app-multitask ဖြစ်ပြီး YouTube app တစ်ခုထဲမှာသာ multitask လုပ်နိုင်တာဖြစ်ပြီး YouTube ကို သုံးရင်း တစ်ခြား app တွေကိုတော့ အသုံးပြုလို့ မရပါဘူး။

ဒီ Feature ကိုအသုံးပြုဖို့ 

Player ကို လက်နဲ့  အောက်ကို ဆွဲချနိုင်သလို ဘယ်ဘက်အပေါ်ထောင့်က Down Arrow ကိုနှိပ်ပြီး Minimize လုပ်နိုင်ပါတယ်။

Maximize ပြန်လုပ်ဖို့  Player ကို လက်နဲ့ အပေါ်ကို ဆွဲတင်နိုင်သလို Tap လုပ်ပြီးလည်းပြုလုပ်နိုင်ပါတယ်။

Minimize လုပ်ထားတဲ့ Video ကို အမြန်ပိတ်ဖို့  ဘယ် ၊ညာ ကို ဆွဲချပြီးပိတ်နိုင်ပါတယ်



ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသော ပုံပေါ်မှာ click တစ်ချက်နှိပ်ပါ
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ



credit - Thu Ya

Dr.Web Anti-virus V8.00.5 FULL & KEY



Android သမားအားလုံးပဲ မျှော်လင့်နေတဲ့ ကိုယ်မလိုအပ်တဲ့သူရဲ့ ဖုန်းနံပါတ်ကို Call ဝင်လို့မရအောင် ပိတ်ထားနိုင်သလို SMS လဲ မဝင်အောင်ပိတ်ထားလို့ရပါတယ် ။  နှစ်ခုလုံးလဲ ပိတ်ထားနိုင်ပါတယ် 
ကိုယ်ပိတ်ထားတဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ တစ်ဘက်သူဆီမှာ ဖုန်းဝင်တဲ့အသံ လုံးဝ လုံးဝ မမြည်သွားတဲ့  Call Blacklist ဆော့ဝဲအလန်းလေးကို တင်းပေးလိုက်ပါတယ် ။
 

ဒီဆော့ဝဲဟာ မိမိဖုန်းကို Virus ဗိုင်းရပ်(စ်) စစ်ပေး သတ်ပေးသော ထိရောက်စွာ ကာကွယ်ပေးသော ဆော့ဝဲဖြစ်ပါတယ် ။ 
ထို့အတူပဲ သင်မလိုအပ်လိုသော အဝင်ဖုန်း Call & SMS ကိုပါ ဝင်ရောက်ခေါ်ဆိုလာခြင်းမရှိအောင် ဘလော့ထားနိုင်ပါတယ် ။

ပိတ်ထားတဲ့ ဖုန်းနံပါတ်ထဲက မည်သူကခေါ်ထားသည် ဘာပို့ထားသည်ကိုလဲ ထိုဆော့ဝဲထဲတွင် အကုန်သိမ်းစည်းထားပါတယ် ဆော့ဝဲဝင်ကြည့်သိရှိနိုင်ပါတယ် ။


မိမိဖုန်းမှာ Root ရှိဖို့ရန်လဲ လုံးဝမလိုအပ်ပါဘူး ။ ထိုဆော့ဝဲဟာ ဒေါ်လာ $ 75 ကျပ်တန်ဆော့ဝဲဖြစ်ပါတယ် ။

ကိုယ်ပိတ်ထားတဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ တစ်ဘက်သူဆီမှာ ဖုန်းဝင်တဲ့အသံ လုံးဝ လုံးဝ မမြည်သွားပါဘူး အာမခံပါတယ် ။ ကိုယ်တိုင်စမ်းသပ်ပြီး ဆော့ဝဲဖြစ်ပါတယ် ။

အသုံးပြုနည်းနဲ့ Key ထည့်လုပ်နည်းကို အောက်တွင်ပုံနှင့်တကွ ပြသထားပါတယ် တစ်ဆင့်ခြင်းလုပ်သွားလိုက်ပါ FULL Version ဖြစ်သွားပါလိမ့်မယ် ။

ဆော့ဝဲကို အောက်မှာဒေါင်းယူပြီး ဇစ်ဖြေလိုက်ပါ ။ ဖုန်းနှင့်ဇစ်ဖြေနည်းကို မသိပါက ဒီမှာနှိပ်၍ သွားရောက်လေ့လာပါ ။
အထဲက ထွက်လာတဲ့ ဖိုဒါထဲတွင် Dr.Web ဆော့ဝဲကို အင်စတောလုပ်ပေးလိုက်ပါ ။ 

ပြီးရင် FULL Version ဖြစ်အောင် ဟက်ရပါမည် ။

ဖိုဒါထဲတွင်ပါလာသော drweb32.key ဆိုတာလေးကို သယ်ယူပြီး ဖုန်းမန်မိုရီဖြစ်တဲ့ Storage ထဲသွားပါ Android >>> data >>> com.drweb >>> files သို့ထဲဝင်ပြီး ထိုထဲကို ထည့်ပေးထားလိုက်ပါ ။
အောက်က နည်းအတိုင်း ဖူးဖြစ်အောင် ဟက်သွားလိုက်ပါ ။



ဆော့ဝဲကိုဖွင့်လိုက်ပါ I agree to send အမှန်ခြစ်ပေးပြီး Accept ကို နှိပ်လိုက်ပါ ။

အောက်က ပြထားတဲ့အတိုင်း တစ်ဆင့်ခြင်း ဆက်လုပ်သွားလိုက်ပါ ။

တစ်နေရာရာကို နှိပ်လိုက်ပါ ။




Use existing license ကို နှိပ်လိုက်ပါ ။


Copy from file ကို နှိပ်လိုက်ပါ ။



ထိုကဲ့သို့ပေါ်လာပါမည် OK ကို နှိပ်လိုက်ပါ ။



 သင်ဟက်လို့ပြီးပါပြီ Full Version ဖြစ်သွားကြောင်းနှင့် ထိုကဲ့သို့FULL ရဲ့ ကုန်ဆုံးရက်ကို သင်မြင်တွေ့ရပါမယ် ။


ကဲ.... ကိုယ်မလိုအပ်တဲ့သူရဲ့ ဖုန်းနံပါတ်ကို Call ဝင်လို့မရအောင် ပိတ်ထားနည်းကို အောက်ကနည်းအတိုင်း လေ့လာပြီး လုပ်သွားလိုက်ပါ ။

Black list ကို နှိပ်လိုက်ပါ ။



Black list (0) ဆိုတာလေးကို ရွေးချယ်ပြီး ။ Configure... ကို နှိပ်လိုက်ပါ ။


 BLACK LIST ဘက်သို့ ရွေးချယ်ပြီး Add ဆိုတာလေးကို နှိပ်လိုက်ပါ ။


Contact list ကို နှိပ်လိုက်ပါ ။





သင့်ဖုန်းစာအုပ်ထဲက အမည်များရှိရာသို့ ရောက်သွားပါမည် ။ ကိုယ်ပိတ်ထားလိုသော သူများအား အမှန်ခြစ်ရွေးချယ်ပေးပြီး Add ဆိုတာလေးကို နှိပ်လိုက်ပါ ။


BLACK LIST ဘက်တွင် သင်ပိတ်ထားသောသူများ သင်မြင်တွေ့ရပါမည် ။

Call & SMS သီးသန့်ရွေးပိတ်ချင်ပါက သင်ပြင်လိုသောသူအား နှိပ်လိုက်ပါ ။ 




သင်ပိတ်လိုသော Call & SMS ကို သီးခြားသို့မဟုတ် နှစ်ခုလုံးဖြစ်စေ ပိတ်ထားရန် ရွေးခြယ်ထားနိုင်ပါတယ် ။


မိမိ Dr.Web Anti-Virus ဆော့ဝဲ Full Version ကုန်ဆုံးရက်ကို သိပါက ။ Menu ကို နှိပ်၍ About ထဲဝင်လိုက်ပါ ။ ပုံတွင်ပြထားသကဲ့သို့ ကုန်ဆုံးရက်ကို မြင်တွေ့ရပါမယ် ။

ကုန်ဆုံးရက်ကျော်လွန်သွားပါကလဲ ဆက်လက်သုံးခွင့်ရှိနေပါဦးမည် Virus ဗိုင်းရပ်(စ်) စစ်ပေး သတ်ပေးမှုကိုတော့ ထိရောက်စွာနှိမ်နင်းပေးနိုင်ခြင်း ထောက်ပုံမှုကို မရရှိတော့ပါဘူး ။





Dr.Web Anti-virus V8.00.5 FULL & KEY ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

Dr.Web Anti-virus V8.00.5 FULL & KEY ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Dr.Web Anti-virus V8.00.5 FULL & KEY ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ..... :)


ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသောလင့်ကိုနှိပ်ပါ။
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ

Post By : Djjoe Man (MMF)

Simple Unrar V2.1


Android သမားတွေအတွက် မိမိဖုန်းထဲကနေ WinRar ဇစ်ဖိုင်ကို ဖြေဖို့ရန် PC က WinRar ကဲ့သို့သော အပေါ့ဆုံးနဲ့ ရိုးရှင်းအလွယ်ဆုံးဖြစ်တဲ့ Simple Unrar ဆိုတဲ့ဆော့ဝဲအလန်းလေး ထွက်ရှိလို့လာပါပြီ ။

ဖြေနည်းကတော့ လွယ်ပါတယ် ပုံမှာဝိုင်းပြထားတဲ့ Brower ဆိုတဲ့ စာလေးကို နှိပ်လိုက်ပါ ။

သင့်ထည့်ထားတဲ့ Rar ဖိုင်ကို ရွေးဖို့ရန် အတွင်းထဲသို့ရောက်သွားပါမယ် ။

အဲဒီမှာ သင့်ဖုန်းမန်မိုရီဖြစ်တဲ့ Storage ထဲရော ExtSdCard ထဲရော ကြိုက်ရာနေရာတွင် သင်သိမ်းထားတာကို သွားရွေးချယ်နိုင်ပါတယ် ။

အပေါ်က မြှားလေးကိုနှိပ်ပြီး အဝင်အထွက် ရှာဖွေနိုင်ပါတယ် ။

သင်ဖြေလိုတဲ့ RAR ဖိုင်ကို ရွေးချယ်ပြီးပြီဆိုရင် ပုံမှာဝိုင်းပြထားတဲ့ Extract ကို နှိပ်လိုက်ပါ 100% ပြည့်ရင် ဖြေလို့ပြီးသွားပါပြီ ။

မြှားစမ်းထိုးပြထားတဲ့ Browser ဆိုတဲ့ အကွက်ကတော့ သင်ဖြေလိုက်တဲ့ဖိုင်ကို သိမ်းလိုတဲ့နေရာကို ရွေးခြယ်ထားနိုင်ပါတယ် ။ မရွေးလဲရပါတယ် ။

ပြီးရင် သင့်ဖုန်းထဲက ဖိုင်မန်နေဂျာဖြစ်တဲ့ My File ဖြစ်ဖြစ် အဲ့ထဲကိုသွားကြည့်လိုက်ပါ ဖြေထားပြီးသားကို တွေ့ရပါမယ် ။


Simple Unrar V2.1 ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Simple Unrar V2.1 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Simple Unrar V2.1 ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : Djjoe Man (MMF)

Unordered List

Related Posts Plugin for WordPress, Blogger...