Likes

8/17/2013

Huawei တွေ Firmware ရှာရာမှာ ကူညီပေးမယ့် Huawei Firmware Search Engine

                         


Firmware ရှာတာ Pro တွေအတွက်တော့ လွယ်ကူတယ်ဆိုပေမယ့် ကျွန်တော်တို့လို မိုလ်ဘိုင်းလောကထဲဝင်ကစ လူတွေအတွက်တော့ ခက်ပါတယ်... ပြီးခဲ့တဲ့နှစ်ရက်လောက်က Y320-U01 လေးကို Firmware ရှာတာ မူးနောက်သွားလို့ ဆိုပြီးတော့ လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီး ဒေါင်းယူနိုင်တဲ့ Search engin လေးကို  Developer Ko Kyaw Swar Thwin နှင့် Designer Green Like Orange တို့ဖန်တီးထားသော ဆော့ဝဲလ်လေးကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။ အသုံးပြုပုံနည်းလမ်းလေးကလည်းလူကွယ်ပါတယ်။ ကိုကျော်စွာသွင် ညွှန်ပြထားတဲ့အတိုင်းသာ လုပ်လိုက်ပါ အောက်မှာ တစ်ခါတည်းဖော်ပြပေးထားပါတယ်။
ရှာပုံရှာနည်းကတော့ တရုတ်ဘက်ကသွင်းတဲ့ အလုံးတွေအတွက် ဘယ်ဘက်အပေါ်ဘက်က ComboBox လေးကို Click ပြီး China ကိုရွေးပါ... Singapore နဲ့ တစ်ခြားအလုံးတွေဆိုရင်တော့ Global ကိုရွေးပါ ထို့နောက် SearchBox မှာ ဖုန်းအမည် ဥပမာ Ascend P6 (သို့) ဖုန်းမော်ဒယ် ဥပမာ G610-U00 အစရှိသဖြင့် ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျား...






ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသောလင့်ကိုနှိပ်ပါ။
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ



credit - ကိုကျော်စွာသွင်

Huawei Product ID Generator



Huawei ဖုန်းတွေ Bootloader Unlock လုပ်တဲ့အခါ Product ID လိုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ တစ်ချို့ဖုန်းတွေမှာ Product ID ကြည့်မရဖြစ်တာလဲ ကြုံဖူးကြမှာပါ။ ဒီ Tool လေးကတော့ ဖုန်းအမျိုးအစားနှင့် IMEI သိရုံနဲ့ Product ID ကို Generator လုပ်ပေးမှာဖြစ်ပါတယ်။





ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသောလင့်ကိုနှိပ်ပါ။
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ

Sony ဖုန်းများအားလုံး unlockbootloader လုပ်နည်းလေးပါ




မလုပ်ခင် သတိပေးချင်တာက ရှိသမျှ

Data တွေအရင် Backup လုပ်ထားပါ။

အကုန်ပျက်ပါမည်




ပထမဦးဆုံးအဆင့်အနေနဲ့ Unlock Code တောင်းဖို့အတွက် ဒီ http://unlockbootloader.sonymobile.com/ ထဲကိုဝင်လိုက်ပါ
အဆင့်ဆင့်သွားပြီး Unlock codeတောင်းလိုက်ပါ

လိုအပ်တဲ့ဖိုင်လေးအရင်ဒေါင်းပါနော် 





ကျွှန်တော်ပုံလေးနဲ ပြထားပါတယ် 



Start unlocking the boot loader ဆိုတာကို နှိပ်လိုက်ပါ





Continue ဆိုတာကို နှိပ်လိုက်ပါ 







Yes,I’m sure ဆိုတာကိုနှိပ်လိုက်ပါ 




အကွက်လေးနှစ်ခုမှာ အမှန်ခြစ်ပီး I accept ဆိုတာကိုနှိပ်လိုက်ပါ





Name - ကြိုက်တာပေးပါရပါတယ်
IMEI -မှာ အခု ကိုယ်လုပ်မဲ့ဖုန်းနဲ IMEI ပါ မသိရင် ဖုန်းခေါ်တဲ့ နေရာသွားပီ *#06# ဆိုပီး နှိပ်လိုက်ပါ
ကျလာတဲ့ ဂဏန်း ၁၅ လုံးရှိပါတယ် နောက်ဆုံးအလုံးကို ဖြုတ်ပီး ၁၄ လုံးဘဲ ရေးပါမယ်
Email ကတော့ မိမိအသုံးပြုနေတဲ့ Emailထည့်ပေးပီး
Submit ဆိုတာနှိပ်လိုက်ပါ



စောနကထည့်လိုက်တဲ့ အကောင့်ကိုဖွင့်လိုက်ပါ

SonyCommand က Code ပြန်ပို့ထားပါတယ်





ဖုန်းကိုပါဝါပိတ်ပါ

၁ စောနက ဆွဲလိုက်တဲ့ ဖိုင် zip ဖိုင်ကို ဖြည်ထုတ်လိုက်ပါ

ဒေါင်းလုပ်ဆွဲထားသော zip ဖိုင်ထဲမှ fastboot_with_Android_USB_file.zip ဖိုင်ကို အရင်ဖြည်ပါ

FLASH MODE ၀င်ရန် Phone model အလိုက် Key တွေထည့်ပေးလိုက်ပါတယ်




Sony ဖုန်းများအတွက်ပါ 

FLASH MODE ၀င်ရန်နှိပ်ရသော KEy များးးး

Back: ARC (S), NEO (V), PRO, PLAY

Volume DOWN (-): MINI (pro), RAY, ACTIVE, Live with Walkman, 

Xperia P, Xperia S, Xperia T, Xperia U, Xperia V, Sola


Fastboot mode:

Menu: ARC (S), NEO (V), PRO

Search: PLAY

Volume UP (+): MINI (pro), RAY, ACTIVE, Live with Walkman, 

Xperia P, Xperia S, Xperia T, Xperia U, Xperia V, Sola

မိမိ Model အလိုက်ဝင်ပါ


စောနက ဒေါင်းလိုက်တဲ့ ဖိုင်ထဲက fastboot_with_Android_USB_file ……. Zip ဖြည်လိုက်ပါ

Fastboot ရောက်အောင်ဝင်ပါ ရောက်ရင် FLASH MODE ၀င်ပီး

 usb ထိုး ပါ

Keyboard ကနေ

Shift+Mouse Right

Open command window here
ဒါမျိုးလေးပေါ့







Open command window here
 နှိပ်လိုက်ရင် Command ဘောက်လေးကျလာပါလိမ့်မယ်





ပေါ်လာတဲ့ command ဘောက်ထဲမှာ   ဒီစာကို Copy ကူးပီး Paste 

fastboot.exe -i 0x0fce getvar version



ပေးလိုက်ပါ နောက်တစ်ကြောင်းကို Copy ကူးပါ

 fastboot.exe -i 0x0fce oem unlock 0x ပီးရင် Paste စောနက 

မိမိအကောင့်ထဲပိုလိုက်တဲ့ Code တွေကို Copy ကူးပီး Paste လုပ်လိုက်ပါ 









 ပြီးဆုံးပါပြီ။




ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသောလင့်ကိုနှိပ်ပါ။
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ


















Sony ဖုန်းများ Fireware ရေးနည်းပါ

                      


Sony ဖုန်းများအားလုံး Fireware ရေးနည်းပါ 

ကျွှန်တော် ပြောတဲ့ နည်းလမ်းလေးက ကလေးလေးတောင် လုပ်တတ်လောက်တဲ့ နည်းလမ်းလေးပါ 

ကျွှန်တော် Flashtool install လုပ်တာလည်းပြထားပါတယ် Fireware ရေးတာလည်းပြထားပါတယ်

ပထမဆုံး Flashtool ကို install လုပ်ပြပါ့မယ်

Flashtool မရှိသူများ ဒီကနေ ဒေါင်းနိုင်ပါတယ်



ဒေါင်းပြီးရင် install စပါမယ်
  


အခုမြင်နေရတဲ့ လမ်းကြောင်းကို ကျွှန်တော်ကတော့မရွေးပါဘူး


ကျွှန်တော်က တော့ c > Program File > Flashtool ဆိုပြိး ရွေးပေးလိုက်ပါတယ်
ဘာလိုလည်းဆိုတော့ တစ်ခါတစ်လေ Fireware ရေးတာ အခါမှ Fileware ဖိုင်တွေကို
မတွေလိုပါ ကဲဆက်ကြည့်ပါအုံး





ကဲပြီးပြီးဆိုရင် Fireware စရေးပါမယ်
စောနကကျွှန်တော်တို Install လုပ်လိုက်တဲ့ Flastool ဖိုင်ကို ဖွင့်ပါ
အောက်ကပုံအတိုင်းပါ 



Fireware စရေးတော့မယ်ဆိုရင် ပထမပိုင်းမှာ ကျွှန်တော်တို install လုပ်ထားတဲ့
c > Program File > Flashtool ထဲက firmwares ဖိုင်ထဲက ဥပမာ Xperia Z . Fireware ရေးမယ်ဆိုပါဆို့
firmwares ဖိုင်ထဲကို
Xperia Z (C6602)_10.1.1.A.1.253_Generic MEA (Middle East North Africa - Arabic) 1270-7937 R6A.ftf

အဲ့ဖိုင်လေးကို ထည့်လိုက်ပါ Fireware ရေးနည်းကို ပုံနဲ စာနဲ တွဲပြထားပါတယ် အောက်မှာ ဆက်ကြည့်ပါ
အနီ ရောင်အ၀ိုင်းလေးနဲ ပြထားတဲ့ အတိုင်းလုပ်ရပါမည် ၊၊ Fireware စရေးတော့မယ်ဆိုရင် ဖုန်းကို ပါဝါပိတ်ထားပါ


ကျွှန်တော်ပြထားခဲ့တဲ့ အနီရောင်လေးကို တစ်ချက်နိုပ်ပါ


Flashmode ကိုဘဲထားထားပေးပါ
ပြီးရင် Ok နှိပ်ပါ


ဒါမျိုး ဘောက်လေးကြလာပါလိမ့်မယ်
အဲ့ထဲက စောနကထည့်လိုက်တဲ့ Xperia Z  .. Fireware ဖိုင်လေးကို အောက်ဆုံးမှာပါ တစ်ခါတစ်လေ ကိုယ်ထည့်လိုက်တဲ့ Fireware ဖိုင်နာမည်လေးတော့ မှတ်ထားပါနော် :P


ဘယ်ဘက်အစွန်းဘောက်ထဲကတော့ ကျွှန်တော်တို့ Fireware ဖိုင်ရွေးရတဲ့နေရာလေးပါ
အဲ့မှာ ကို ရေးမဲ့ Fireware နာမည်ရွေးပေးပါ
ညာဘက် အောက်ဆုံးက No Final verification ဆိုတာလေးကို အမှန်ခြစ်ပေးပါ
ပြီးရင် Flash ဆိုတာလေးကို နှိပ်လိုက်ပါ


အဲ့လို ပုံလေးပေါ်လာပြီဆိုရင်
Usb ထိုးပြီးတော့ back key နှိပ်ရပါမည်
Fireware ရေးဖို တစ်ခုနဲတစ်ခု နှိပ်ရတာခြင်းကွာပါတယ်
ဒါကြောင့် ကျွှန်တော် စုဆောင်းထားတာလေးပေးလိုက်မယ်နော် :P

·         Sony Ericsson Xperia™ PLAY: Search button
·         Sony Ericsson Xperia™ arc: Menu button
·         Sony Ericsson Xperia™ arc S: Menu button
·         Sony Ericsson Xperia™ neo: Menu button
·         Sony Ericsson Xperia™ neo V: Menu button
·         Sony Ericsson Xperia™ pro: Menu button
·         Sony Ericsson Xperia™ mini: Volume up button
·         Sony Ericsson Xperia™ mini pro: Volume up button
·         Sony Ericsson Xperia™ ray: Volume up button
·         Sony Ericsson Xperia™ active: Volume up button
·         Sony Xperia™ S: Volume up button
·         Sony Xperia™ P: Volume up button
·         Sony Xperia™ go: Volume up button
·         Sony Xperia™ U: Volume up button
·         Sony Xperia™ sola: Volume up button
·         Sony Xperia™ acro S: Volume up button
·         Sony Xperia™ ion: Volume up button
·         Sony Xperia™ miro: Volume up button
·         Sony Xperia™ tipo: Volume up button
·         Sony Xperia™ tipo dual: Volume up button
·         Sony Xperia™ V: Volume up button
·         Sony Xperia™ J: Volume up button
·         Sony Xperia™ T: Volume up button
·         Sony Xperia™ TX: Volume up button
·         Sony Xperia™ E: Volume up
·         Sony Xperia™ E dual: Volume up
·         Sony Xperia™ ZL: Volume up
·         Sony Xperia™ Z: Volume up
·         Sony Xperia™ L: Volume up
·         Sony Xperia™ SP: Volume up
·         Sony Xperia™ Tablet Z: Volume up

အခုရေးမှာ က xperia Z ဆိုတော့ volume up လေးကိုဖိထားပါ သူအလိုလို Fireware ရေးသွာပါလိမ့်မယ်
100% ပြိးရင်တော့ usb ကြိုးဖြတ် ပါဝါပြန်ဖွင့် ပါ

Fireware ရေးတာ ပြီးဆုံးပါပြီ :p






ဒေါင်းလုပ်လုပ်နည်း

*step 1. ပေးထားသောလင့်ကိုနှိပ်ပါ။
*Step 2. 5 second လောက်စောင့်ပါ။
*Step 3. အပေါ်ဆုံးတွင် Skip Add ကို နှိပ်ပါ။
*Step 4 Download Link ကျလာလိမ့်မည်.။
အဆင်ပြေပါစေဗျာ


















Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)


Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင် တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း အစရှိသော ပြဿနာများ အခန့်  မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ 

ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။ 
မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။ 

အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ... 
အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်... 
အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ... 


iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။ 

iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..
Battery အစားမြန်ခြင်း
Safe Mode မှာ ပါတ်နေခြင်း
Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်


iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်.. 

iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင် Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန် မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ.. 
iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။

                                 


ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။ 

"iLEX R.A.T"

  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။
  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။



"iLEX RESTORE"

  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။
  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။



iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။ 

"iLEX R.A.T" အသုံးပြုနည်း 

နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။ 

ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်.. 

၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။ 

၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။ 


၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် "rat " ဟုရိုက်ပါ။ 


၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်) 

အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။ 

၅) ပြီးလျှင် "Enter" နှိပ်ပါ။ 

၆) " Y " ဟုရိုက်ပါ။ 

ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။ 

** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ ** 




Credit to : 
moethagyar

Unordered List

Related Posts Plugin for WordPress, Blogger...