Likes

7/24/2013

မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို SMS စနစ်ဖြင့် လျှောက်ထားပါက ချက်ချင်းအသုံးပြုနိုင်



ယခင်က မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက် လျှောက်ထားရသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏ မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် SMS စနစ်ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တစ်ရက်နှင့်အထက် ကြာမြင့်သည့်အထိ အင်တာနက်စနစ် အသုံးပြုနိုင်ရန် ယခင်က စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ၌ SMS စနစ်ဖြင့် လျှောက်ထားပါက "You have ordered data service successfully" ဟု SMS ပြန်စာ ရောက်ရှိလာသည့်နောက်ပိုင်း ချက်ချင်းအသုံးပြုနိုင်သည်ဟု သိရသည်။ အထက်ပါ SMS စနစ်အတိုင်း မိမိမိုဘိုင်းဖုန်းသို့ ပြန်လည်ရောက်ရှိလာပါက မိုဘိုင်းဖုန်းကို Restart ပြုလုပ်ပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။

SMS ဖြင့် မိုဘိုင်းအင်တာနက်စနစ်ကို လျှောက်ထားလိုပါက 1331 သို့ "Order data Service" ဟူ ၍ ပေးပို့ရမည်ဟု သိရသည်။ SMS ပေးပို့သည့် မိုဘိုင်းဖုန်းအတွင်း၌ လက်ကျန်ငွေသည် ငွေကျပ် တစ်သောင်းပြည့်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းအင်တာနက်စနစ်အတွက် ကျသင့်ငွေ တစ်သောင်းကျပ်ကို အဆိုပါလက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆိုပါကဲ့သို့ အင်တာနက်စနစ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဘီလ်စနစ်ကို မိုဘိုင်းဖုန်းငွေလက်ကျန်အတွင်းမှ တစ်မိနစ်လျှင် ၂ ကျပ် (GSM) ၊ ၄ ကျပ်(WCDMA) ဟူ၍ ယခင်အတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမည်ဖြစ်သည်။ CDMA မိုဘိုင်းဖုန်းလိုင်းများအတွက် အင်တာစနစ် လျှောက်ထားခြင်းကိုမူ ယခင်အတိုင်း ဆက်သွယ်ရေးရုံးများသို့ သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

credit - Internet Journal

လက်တွေလေမှာဝဲပြီး ဖုန်းကိုင်ကြမယ်






-------------------------------------
Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက်နဲ့ဝှေ့လိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသား (accept) ဖြစ်သွားစေတဲ့ Air Call Accept ဆိုတဲ့ function ကိုသိကြမှာပါ။ အခုပေးမယ့်ဆော့ဝဲလေးကတော့ Samsung Galaxy S4 ရဲ့Air Call-Accept Function လေးကို တခြားဖုန်းတွေမှာအသုံးပြုနိုင်စေမယ့် Android ဖုန်းဆော့ဝဲလေးဖြစ်ပါတယ် ။ ဆော့ဝဲရဲ့နာမည်ကတော့ Air Call Accept ဖြစ်ပါတယ်။ Proximity Sensor (ဖုန်းလာလို့ကိုင်လိုက်ရင် Screen auto မှိတ်သွားတဲ့ features) ပါတဲ့ Android တိုင်းလိုလိုမှာ အသုံးပြုနိုင်မယ်လို့ထင်ပါတယ် ခင်ဗျ။ Air Call Accept for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

http://adf.ly/SiuMz


ဒေါင်းလုပ် လုပ်နည်း

** Step-1.အောက်က http://adf.ly/SiuMz ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။

** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။


credit - myanmarmobileapp

၂၅.၇.၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖြန့်ချီမည့် GSM နှင့် CDMA သတင်း



၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။

၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

credit - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

iPhone/Pad တွေကို Jailbreak လုပ်စရာမလိုဘဲ Cracked app တွေသွင်းနိင်မယ့် Tongbu v2.0.7.2



 
Jailbreak မရှိတော့တဲ့ ‪iOS‬ သမားတွေအတွက် Paid apps တွေကို တိုက်ရိုက်အင်စတော လုပ်လို. ရတဲ့ နောက်ထပ် နည်းလမ်းကောင်းတခုပါ။
‪Jailbreak မလုပ်ဘဲ cracked app တွေသွင်းလို့ရတဲ့ အခြားဆော့ဝဲတွေဖြစ်တဲ့ PP‬, ‪kuaiyong‬ softwares က ကောင်းတော့ ကောင်းပါတယ်။ ခက်တာက ဒေါင်းထားတဲ့ apps တွေ sign out ဖြစ်ဖြစ်သွားသွားလို. ခဏဏ sync ပြန်လုပ်နေရတာပါ။ အဲဒါနဲ ရှာရင်း ရှာရင်း ‪‎Tui‬ ဆိုတာလေး သွားတွေ.ပါတယ်။ Jailbreak မလုပ်ထားပဲ paid apps တွေ free install ရပါတယ်။ ကျသွားတာမျိုးလဲ မရှိပါဘူး။ လိုချင်တဲ့ apps တွေကို request လုပ်လို. ရပါတယ်။ Windows အတွက်ရော iOS version အတွက်ရော ရှိပါတယ်။ ဒေါင်းပြီး idevices ပေါ်မှာ အင်စတော လုပ်လိုက်ပါ။ PP , kuaiyoung ထက်သာတာ တခုက English version ရှိပါတယ်။ ဒေါင်းပြီးသားတွေ sync ပြန်ပြန်မလုပ်ရတာနဲတင် တော်တော် ဟုတ်နေပါပီ။ iPhone/Pad တွေကို Jailbreak လုပ်စရာမလိုဘဲ Cracked app တွေသွင်းနိင်မယ့် Tongbu v2.0.7.2 ကိုအောက်က link မှာရယူပါ။


Download Button



ဒေါင်းလုပ် လုပ်နည်း

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


credit - Ko Wunna Mg (Myanmar Mobile Users Group)

Unordered List

Related Posts Plugin for WordPress, Blogger...