Likes

7/10/2013

ပြည်တွင်းဘဏ်များ Mobile Banking လုပ်ဆောင်ရန် နည်းပညာပိုင်း အဆင်သင့်ဖြစ်



ဘဏ်လုပ်ငန်းဆိုင်ရာများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်သော Mobile Banking စနစ် လုပ်ဆောင်ရန် နည်းပညာပိုင်းနှင့် လုပ်ငန်းစဉ်များအတွက် ပြည်တွင်းဘဏ်များ အဆင်သင့်ဖြစ်နေသော်လည်း ဗဟိုဘဏ်က ခွင့်ပြုမှသာ စတင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။

Mobile Banking မှာ ဘဏ်စာရင်းကိစ္စများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်
ဆောင်ရွက်နိုင်သော နည်းလမ်းတစ်ခုဖြစ်ပြီး ၂၄နာရီ ပတ်လုံး
ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဦးရဲမင်းဦးက “ကျွန်တော်တို့ဘဏ်တွေကတော့ Mobile Banking အတွက် Application တွေရေးပြီးသွားပြီ။ အဆင်သင့်လဲ ဖြစ်နေပြီ။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်ကို စောင့်နေတယ်။ ဗဟိုဘဏ်ကခွင့်ပြုမှ ကျွန်တော်တို့ Mobile Banking ကို စတင်နိုင်မယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ်များတွင် အဆိုပါစနစ် စတင်နိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုချက်ပေးရာတွင် ငွေပေးချေမှုများ၊ လုပ်ငန်းစဉ်
များတွင် ဖြစ်ပေါ်နိုင်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် စည်းမျဉ်းစည်းကမ်း(Regulation) များ လိုအပ်သော
ကြောင့် ဗဟိုဘဏ်အနေဖြင့် Mobile Banking Regulation များကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြထားသည်ကို ဘဏ်များအနေဖြင့် သိရသည်ဟု ဦးရဲမင်းဦးက ဆိုသည်။ ရှေ့နေချုပ်ရုံး အတည်ပြုပြီး Regulation ထွက်လာမှသာ Mobile Banking စတင် လုပ်ဆောင်ရန် ဗဟိုဘဏ်က ခွင့်ပြုပေးသွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသုံးသပ်သည်။

“ဗဟိုဘဏ်ကလည်း ဒီအတိုင်းခွင့်ပြုပေးလို့ မရဘူး။ Electronic Payment (အီလက်ထရွန်းနစ်ငွေပေးချေမှု)အတွက Regulation တွေ မရှိဘူး။ အဲဒါကို ဗဟိုဘဏ်ကနေရေးပြီးတော့ ရှေ့နေချုပ်ရုံးကို တင်ထားတယ်။ ဒီ Regulation ကို အတည်ပြုပြီဆိုရင် ပြည်တွင်း ဘဏ်တွေ Mobile Banking စတင်ဖို့ ခွင့်ပြုပေးလိမ့်မယ်” ဟုလည်း ၎င်းက ဆိုသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော CB ဘဏ်ကလည်း Mobile Banking လုပ်ကိုင်ရန် အသင့်ဖြစ်နေပြီဟုပြောကြားလိုက်ပြီး
အထွေထွေမန်နေဂျာ ဦးအုန်းသိန်းမြင့်က “Mobile Banking အတွက် နည်းပညာပိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ ဗဟိုဘဏ်က ခွင့်ပြုပြီဆိုတာနဲ့ အခြားလုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ဖို့ အသင့်ရှိနေပါပြီ” ဟု
ပြောသည်။

ပြည်တွင်းတွင် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်နိုင်သော Online Payment စနစ်များ စမ်းသပ်အသုံးပြုနေသည်လည်းရှိပြီး လက်ရှိတွင် အသုံးပြုမှုအနည်းငယ်တွင်ကျယ်လာပြီဖြစ်သည်။ ယင်းသို့စမ်းသပ်သုံးစွဲမှုများရှိသော်လည်း Online Payment စနစ်များ၊
Mobile Banking စနစ်များ အသုံးပြုနိုင်ရန် ဥပဒေများ ရေးဆွဲပေးရန် လိုအပ်ကြောင်းလည်း ပြည်တွင်းအိုင်တီပညာရှင်အချို့က သုံးသပ်ကြသည်။

အွန်လိုင်းငွေပေးချေမှုများနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် ဝန်ဆောင်မှုပေးနေသော Soft Gate Myanmar Co.,Ltd. မှ ဒါရိုက်တာ ကိုရန်နောင်စိုးက “Online Payment ၊ Mobile Banking စတဲ့စနစ်တွေအတွက် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ပါတယ်။
ဒါမှ အွန်လိုင်းပေါ်က ငွေပေးချေမှုတွေအတွက် အထိန်းအကွပ်တွေရရှိလာ
မှာဖြစ်ပြီး အသုံးပြုသူတွေအတွက်လည်း လုံခြုံစိတ်ချရမှာပါ” ဟု ပြောသည်။

credit:mizzima

အိန္ဒိယမှာ Galaxy S4 Mini ကိုဒေါ်လာ ၅၂၈ နဲ့ရောင်းချပေး

ကမ္ဘာ့မိုဘိုင်းလ်ဈေးကွက်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ အိန္ဒိယဈေးကွက်
အတွင်းကို Samsung ရဲ့  Galaxy S4 Mini လည်းပါဝင်လာပါပြီ။

ဈေးနှုန်းအနေနဲ့ မြန်မာငွေနဲ့တွက်ကြည့်ရင် ၅ သိန်းဝန်းကျင်လောက်ကျသင့်
တယ်ဆိုတော့ တန်ဖိုးနည်းတဲ့ စမတ်ဖုန်းလို့ ဆိုလို့မရပါဘူး။သို့ပေမယ့်
အိန္ဒိယ နိုင်ငံဟာကမ္ဘာ့မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအများဆုံးဖြစ်တဲ့ အတွက်
ဆမ်ဆောင်းရဲ့ ဈေးကွက်အနေထား အရအဆင်ပြေနိုင်မယ်လို့ဆိုပါတယ်။

သာမန် S4 နဲ့စွမ်းဆောင်မှုတွေဘယ်လိုကွာခြားလည်းဆိုတာ သိရအောင်လို့
စာဖတ်သူတွေကို Galaxy S4 Mini ရဲ့ တည်ဆောက်ပုံတွေကို
နှိုင်းယှဉ်လို့ရအောင် နောက်တစ်ကြိမ်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Galaxy S4 Mini မှာ မျက်နှာပြင်အကျယ် ၄.၃ လက်မ qHD Super AMOLED
မျက်နှာပြင်နဲ့ထွက်ရှိလာပြီး Processor 1.7GHz dual-core ကိုအသုံးပြုထား
ပါတယ်။RAM 1.5GB ဖြစ်ပြီး ဘက်ထရီကိုတာရှည်ခံစေဖို့အတွက် 1900mAH
ကိုအသုံးပြု ထားပါတယ်။internal memory 8GB ဖြစ်ပြီး 64GB အထိအပို
ထည့်သွင်းအသုံးပြုလို့ရပါတယ်။

ရှေ့ကင်မရာ 1.9 Megapixel ရှိတယ်ဆိုပေမယ့် နောက်ကင်မရာ
8 Megapixel အသုံးပြုထားပါတယ်။Android Version 4.2.2 Jelly Bean
နဲ့တည်ဆောက်ထားပါတယ်။

ရိုးရိုးသာမန် Galaxy S4 မှာတော့ မျက်နှာပြင်အကျယ် ၅ လက်မ
1080 x 1920 pixels ,Super AMOLED capacitive touchscreen နှင့် Gorilla glass 3 မျက်နှာပြင် နဲ့တည်ဆောက်ထားပါတယ်။

Galaxy S4 မှာ CPU က Quad-core 1.6 GHz Cortex-A15 & quad-core 1.2 GHz Cortex-A7 နှစ်မျိုးထုတ်လုပ်ထားပြီး RAM 2GB ရှိပါတယ်။
ဘက်ထရီ ကိုတာရှည်ခံစေဖို့ Li-Ion 2600 mAh battery ကိုအသုံးပြုထား
ပါတယ်။

S4 mini နဲ့ကွာခြားတာက S4 အကြီးမှာ internal memory 16/32/64 GB သုံးမျိုး အထိရွေးချယ်စရာရှိပြီး External အပိုအဖြစ် 64GB အထိ အပို ထည့်သွင်း အသုံးပြုလို့ရပါတယ်။

S4 အကြီးမှာ ရှေ့ကင်မရာ 2MP အသုံးပြုပေးထားပြီး နောက်ကင်မရာ 13MP
အထိတောင် အသုံးပြုပေးထားပါတယ်။Android Version 4.2.2 Jelly Bean
အသုံးပြုပေးထားပါတယ်။

ကယ်ဒီလောက်ဆိုရင် စာဖတ်သူတွေ Galaxy S4 နဲ့ S4 mini ဘာတွေကွာခြား
လည်းဆိုရင် ရွေးချယ်ရတာအဆင်ပြေလောက်ပြီလို့ထင်ပါတယ်။

Ref:techblog

Nexus မဟုတ်သောဖုန်းများတွင် Photosphere သုံးနိုင်

Photosphere ဆိုတာကတော့ Google Nexus ဖုန်းတွေမှာပါဝင်တဲ့ ကင်မရာ Feature တစ်ခုဖြစ်ပါတယ်.။ 360 ဒီဂရီလှည့်ရိုက်နိုင်တဲ့ Panorama Tools တစ်ခုဖြစ်ပါတယ်.။ အရင်က ထည့်သွင်းမယ်ဆိုရင် ဖုန်းကို Root လုပ်ပြီး၊ System ထဲကို တိုက်ရိုက်ထည့်သွင်းရတာဖြစ်ပါတယ်.။ အခုတော့ Google Edition ဖုန်းတွေမှာ ပါဝင်တဲ့ Camera Tool ကို သုံးပြီး Root ဖြည်စရာမလိုဘဲ တိုက်ရိုက်ထည့်သွင်းနိုင်ပါပြီ.။
Download ပြုလုပ်ပြီး install လုပ်လိုက်ရင် Gallery နဲ့ Camera App နှစ်ခုတွေ့ရပါလိမ့်မယ်.။ Device အတော်များများမှာ အလုပ်လုပ်ကြောင်းစမ်းသပ်ပြီးပါပြီ.။ ပြောစရာရှိတာက ဒီ App ဟာ သီးသန့်ထုတ်ပေးထားတာမျိုး မဟုတ်ဘဲ အခြားဖုန်းက ထည့်သွင်းအသုံးပြုရမှာဖြစ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့အကျိုးဆက်များကတော့ your own risk ဖြစ်ပါတယ်.။


http://adf.ly/Rpwo4

credit - www.hardwarezone.com.mm

ဒေါင်းလုပ် လုပ်နည်း

** Step-1.အောက်က http://adf.ly/Rpwo4 ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။

** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။



Oxford Medical Dictionary





ဆေးပညာနှင့်သက်ဆိုင်သော သူများ..ဆေးကျောင်းသူ ကျောင်းသားများအတွက် အလွန်အကျိုးရှိအသုံးဝင်
စေမယ့် Android ဖုန်းမှာ အသုံးပြုနိုင်သော Medical Dictionary လေးပြန်လည်ဝေမျှလိုက်ပါတယ်


Install လုပ်ပုံကတော့ Lu Gyi Min ( cell phone villa ) ဆိုတဲ့ Zip ဖိုင်လေးကို အရင်ဆုံးဖြေလိုက်ပါ
Mobile Systems ဆိုတဲ့ ဖိုင်လေးကို ထက်ဖြေပါ  Folder လေးထွက်လာရင် အဲကောင်ကို SD Card ထဲသို့ထည့်လိုက်ပါ..ပြီးတာနဲ့
Oxford Medical Dictionary Apk ကို Install လုပ်ပါ..ပြီးရင်ဖွင့်လိုက်ပါ..Menu ကိုနှိပ်ပြီး Download နေရာမှာ
SD Card ကိုရွေးပေးလိုက်ရင်ရပါပြီ


Oxford Medical Dictionary

ဒေါင်းလုပ် လုပ်နည်း

**  Step-1.အောက်က Oxford Medical Dictionary ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။



credit -  Lu Gyi Min ( cell phone villa )

Shoot The Zombirds 1.09






ပျံနေတဲ့ ငှက်သရဲတွေကိုပစ်ရမယ့်ဂိမ်းလေးပါ
တစ်မျိုးလေးထူးစမ်းပါတယ် ဆော့ချင်သူများအတွက်
နောက်ဆုံး update လေးတင်ပေးလိုက်ပါတယ်

Shoot The Zombirds 1.09

ဒေါင်းလုပ် လုပ်နည်း

**  Step-1.အောက်က Shoot The Zombirds 1.09 ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။



Unordered List

Related Posts Plugin for WordPress, Blogger...