Likes

6/06/2013

ANDROID မှလက်ခံနိုင်သော MEDIA FORMAT များ

အောက်တွင် Android OS မှလက်ခံအသုံးပြုနိုင်သော Media Format မျာကိုစုစည်းဖော်ပြပေးထားပါတယ်။့



Audio အတွက် Format များ

 * 3GPP (.3gp)

 * MPEG-4 (.MP4, .M4a)

 * ADTS raw ACC (.acc,decode in Android 3.1+, encode in Android 4.0+, ADIF Not Supported) *

MPEG-TS (.ts, not seekable) Android 3.0+

 *FLAC (.flac) Android 3.1+

 *MP3 (.mp3)

* Type 0 and 1 (.mid, .xmf, .mxmf)

 * RTTTL/RTX (.rtttl, .rtx)

 * OTA (.ota)

* iMelody (.imy)

 * Ogg (.ogg)

 * Matroska (.mkv) Android 4.1+

 * WAVE (.wave) 

 ၂။ Image အတွက် Format များ 

 * JPEG (.jpg) 

 * GIF (.gif) 

 * PNG (.png) 

 * BMP (.bmp) 

 * WebP (.webp) Android 4.0 +

 Video အတွက် Format များ   
* 3GPP (.3gp) 

 * MPEG-4 (mp4) 

 *MPEG-TS (.ts, AAC audio only, not seekable) Android 3.0 +

 * WebM (.webm) 

 * Matroska (.mkv) Android 4.0 + 

 ဒါတွေကနေ သွေဖယ်နေတဲ့ File ကိုသာကြည့်ရှုအသုံးပြုလိုတယ်ဆိုရင်တော့ Converter Software တွေကိုသုံးပြီး ပြန်ပြောင်းပေးရပါမယ်။ အချို့သော အထူး Format တွေကိုတော့ သီးသန့်ထုတ်ထားသော Software များကိုထည့်သွင်းခြင်းဖြင့် အသုံးပြုကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ဉပမာပြောရရင် အင်တာနက်ပေါ်တွင်အများဆုံးအသုံးပြုသော Video Format ဖြစ်သည့် WMV Format ကို Android OS တွေပေါ်မှာမကြည့်ရှုနိုင်ပါဘူး။ ဒါကိုတော့မှ 3.99 US$ ဖြင့်ရောင်းသော Player ဖြင့်အသုံးပြုကြည်ံရှုနိုင်တာကိုတွေ့ရပါတယ်။ ဒီလိုပါပဲ FLV File Format ကိုလည်း Android ကအသုံးပြုခွင့်မပေးနိုင်းပါဘူး။ ဒီအတွက် FLV File Format ကို Support လုပ်နိုင်သော Player ကိုထည့်ပြီးသုံးရပါမယ်။ အားလုံးကို Thank's ပါ။>>>>>

ANDROID ဖုန်းမှာ .APK FILE များ ထည့်သွင်း INSTALL လုပ်နည်း

4.xxx အထက်ပါ 

အဆင့် ၁။ Computer ထဲက .apk File ကို မိမိ၏ Android ဖုန်းမှာ ထည့်သွင်းမယ်ဆိုရင် Computer နှင့် မိမိ၏ Android ဖုန်းကို USB ကြိုးဖြင့် အရင်ဆုံးချိတ်ဆက်ရပါမယ်။ အဲဒီအတွက် မိမိ၏ Android ဖုန်း Setting ထဲက USB debugging ကို On ပေးဖို့လိုပါတယ်။ မိမိ၏ Android ဖုန်း SD Card ထဲမှာ .apk File ရှိပြီးသာဆိုရင် USB debugging ကို မ On ပေးလည်းရပါတယ်။ ဒါပေမယ့် .apk File ကို မိမိ၏ Android ဖုန်းမှာ ထည့်သွင်းမယ်/Install လုပ်မယ်ဆိုရင် Unknown Sources ကိုတော့ မဖြစ်မနေ On ပေးဖို့ လိုပါတယ်။




အပေါ်မှပြပေးတဲ့ ပုံကိုကြည့်ပြီးလုပ်ဆောင်ပါ။ အလွယ်လေးမို့လို့ စာနဲ့ မရေးပေးတော့ပါဘူးနော်။

အဆင့် ၂။ မိမိ၏ Android ဖုန်းမှာ ထည့်သွင်း/Install ပြုလုပ်မယ့် .apk File ကို မိမိ၏ SD Card ထဲဝင်ပြီးရှားပါ။ တွေ့ပြီးဆိုရင် အောက်ပါပုံကို ကြည့်ပြီး အဆင့်လိုက် ထည့်သွင်း/Install ပြုလုပ်ပေးလိုက်ပါ။


မသိသေးတဲ့ မိတ်ဆွေများအားလုံးအဆင်ပြေနိုင်ကြပါစေ။

Android ဖုန်း အစစ်/အတု ခွဲနည်း

Android ဖုန်း အစစ်/အတု ခွဲနည်း
==========================================

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ....

Google Keyboard 1.0.1869.683049






Key features
:
• Gesture Typing with dynamic floating preview
• Voice Typing
• Next-word suggestions and current-word completions
• Dictionaries for 26 languages
• Advanced keyboard layouts
• Works across your Android devices (tablets and phones)

                                                     download here

KM Player

အစ်ကို meikhtila တောင်းထားတဲ့ KM Player လေး ပါ 

video ဖိုင်တွေ ကြည့်ဖိုအတွက်ပါ 



Unordered List

Related Posts Plugin for WordPress, Blogger...