Likes

6/03/2013

HTC One ရဲ့အကောင်းဆုံး Features များ


HTC One ရဲ့အကောင်းဆုံး Features များ
----------------------------------------------
HTC One ရဲ့အကောင်းဆုံးအချက်တွေဖြစ်ပြီးကြိုက်နှစ်သက်ရတဲ့အချက်တွေကတော့
- Internal Memory 32 GB ပါဝင်ခြင်း (ဂိမ်းဆော့ဝဲထည့်တာ memory နည်းမှာမစိုးရိမ်ရတော့ပါဘူး)

- ဖုန်းရဲ့ Screen Resolution က 1,920 x 1,080 (468 ppi) Pixel အရည်အသွေးထိထုတ်ပေးနိုင်တာကြောင့် လက်ရှိထွက်ထားတဲ့ဖုန်းတွေထဲမှာ Pixel အမြင့်ဆုံးဖုန်းတစ်လုံးပါ။

- Camera က 4 mega pixel ပါ။ ရိုးရိုး pixel မဟုတ်ဘဲ Ultra Pixel ဖြစ်သောကြောင့် ဓာတ်ပုံရိုက်ရတာအလွန်ကြည်လင်ပြတ်သားမှုရှိခြင်း ။ ဓာတ်ပုံတစ်ပုံရိုက်ရင် Pixel width 3000 အရွယ်အစားရှိတဲ့ပုံရိပ်ကိုထုတ်ပေးနိင်ပါတယ်။

- ဖုန်းစပီကာနဲ့သီချင်းနားထောင်တဲ့အခါ သီချင်းရဲ့ တီလုံးသံစဉ်တစ်ခုချင်းအလိုက်ကို သီးသန့်ခွဲထုတ်ပြီး အသံထွက်တာကြောင့် တကယ့် Show ပွဲထဲမှာ စတီရီယိုခန်းမထဲမှာ နားထောင်ရတဲ့အတိုင်းပါပဲ

- ဖုန်းကိုယ်ထည်ကို Metal နဲ့ပြုလုပ်ထားပြီး ဖုန်းရဲ့နောက်ဘက်ခြမ်းကို အလူမီနီယံသားနဲ့ပြုလုပ်ထားတာကြောင့် ဖုန်းကိုကိုင်ရတာ အရမ်းသက်တောင့်သက်သာရှိပြီး စမတ်ကျခြင်း

- HTC Sense UI 5.0 ရဲ့ Blink Feature ကို Home Screen အနေနဲ့မြင်ရတာကြောင့် Facebook NewsFeed များ ၊ နိုင်ငံတကာ သတင်းများကို Live အနေနဲ့ Home Screen ပေါ်မှာ လှပခမ်းနားစွာတက်နေမှာဖြစ်ပါတယ်။ သတင်း site တွေကို သီးသန့်ဝင်ကြည့်နေစရာမလိုတဲ့အချက်ဖြစ်ပြီး Facebook မှာ ဘာ NewsFeed တက်နေလဲဆိုတာသီးသန့်ဝင်ကြည့်နေစရာမလိုတာကြောင့်ကြိုက်ပါတယ်။

- ဖုန်းရဲ့ Processor ကတော့ 1.7GHz quad-core ဖြစ်ပြီး တခြားဖုန်းတွေနဲ့မတူတာကတော့ ဖုန်းရဲ့ Processor speed 1.7 speed ကိုအပြည့်အ၀အသုံးချနိုင်ပြီး သုံးရတာလုံးဝ ပေါ့ပါးနေစေပါတယ်။

- ဖုန်းနဲ့ ဂိမ်းဆော့ရာမှာ လျင်မြန်ပေါ့ပါးနေစေဖို့ Adreno 320 Graphic Engine ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ ဂိမ်းဆော့ရာမှာလည်းတကယ် ကောင်းမွန်ပါတယ်။

- HD Video တွေကြည့်ဖို့ ၊ HD ဂိမ်းတွေဆော့ဖို့အတွက် အကောင်းဆုံး Graphic အရည်အသွေးကိုပံ့ပိုးပေးနိုင်ဖို့ Qualcomm Snapdragon 600 (APQ8064T) ကိုလည်းထည့်သွင်းပေးထားတာကြောင့် HTC One နဲ့ နိင်ငံ MTV HD video တွေကြည့်ရတာအရမ်းကိုကြည်လင်ပြတ်သားပါတယ်။

HTC One ဟာ လက်တွေ့ဘ၀မှာတကယ်အသုံးပြုလို့ရမယ့် function တွေကိုပဲထည့်ပေးထားပြီး Entertainment ပိုင်းအတွက် အကောင်းဆုံးဖုန်းတစ်လုံးပါ။ မြန်မာပြည်ကို မြန်မာ Firmware နဲ့ဝင်ရောက်လာမယ့် HTC One ဖုန်းများဟာ ဈေးနှုန်း ခုနှစ်သိန်းကျော် ရှိပါလိမ့်မယ်။

Thet Naing Soe (Myanmar Mobile App Store) 

New iPhone Concept Features Curved Display, Fingerprint Scanner


 ပာုတ်တာမပာုတ်တာ အသာထား ဒါမျိုး တကယ်ထွက်ရင်တော့ S4 / HTC one ပြောမဲ့လူတောင် ရှိမှာ မပာုတ်တော့ဘူး


အကောင်းဆုံး အင်္ဂလိပ်စကားပြော (ဦးသိန်းလွင် B.A)



မင်္ဂလာပါ..... အင်္ဂလိပ်စကားပြော အတွက် အကောင်းဆုံး အင်္ဂလိပ်စကားပြော (ဦးသိန်းလွင် B.A) စာအုပ်ကို မျှဝေပေးလိုက်ပါတယ်...လေ့လာလိုသူများအတွက် အောက်မှာ ဒေါင်းပါ 


                                                                download gif photo: Here - Download ArrowDownGreenGloss.gif
                                                                   အကောင်းဆုံး အင်္ဂလိပ်စကားပြော
                                                                     


International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း


မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်..
ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၃၂) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၃၂) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်..
>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ <<
  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက “Apple ID” အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် “Rescue mail” အနေနဲ့  ပေးထားရပါတယ်။
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)
ကဲ… Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်… ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်…

လုပ်ငန်းစဉ်
အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။
အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ “iTunes Store” ကို ရွေးပါ။
ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း “iTunes Store” ကိုတွေ့ ရမည်။
အဆင့် ၃)
“Change Country” ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်)
Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။
အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်)
အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ “Create Apple ID” ကို နှိပ်ပါ။
အဆင့် ၆)
Welcome to the iTunes Store” page တွင် “Continue”
Terms and Conditions and Apple Privacy Policy” တွင် “I have read and agree…..” ကို Check လုပ်ပြီး “Agree”
အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။
  • Email” တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။
  • Password” သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။
  • Security info” မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို “abcd” ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)
  • Optinal Rescue mail” မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး “Continue” နှိပ်ပါ။
အဆင့် ၈)
“Provide a Payment Method” တွင် “None” ကိုရွေးပါ။
US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။

  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင်ရှာနိုင်ပါသည်။
  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။
အဆင့် ၉)
အားလုံးပြီးစီးပါက “Create Apple ID” ကို နှိပ်ပါ။
အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။
အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် “verify Now >” ကို နှိပ်ပါ။
အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် “email address” နှင့် “password” ကို ထည့်သွင်းပြီး “Verify Address” ကို နှိပ်ပါ။
အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ…
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်….အဆင်ပြေကြပါစေ

FPNF မှာ MMIT Helper အား အထူးပင်ကျေးဇူးတင်ရှိပါသည်--

Unordered List

Related Posts Plugin for WordPress, Blogger...