Likes
5/17/2013
Dropbox_2_3_7
သူငယ်ချင်းတွေ Dropbox သုံးကျလားဗျ 
မသုံးဘူးဆိုလည်း သုံးကြည့်ပါနော်
0nline မှာ ကိုယ့် photo တွေ ဖိုင်တွေ အလွယ်တကူ သိမ်းလိုရတယ်
Antivirus ။  memory card
မကောင်းတော့တာတွေကြောင့် မိမိရိုက်ခဲ့တဲ့ Photo လေးတွေတော့ မပျက်တော့ဘူးပေါ့နော်
ဒါပေမဲ့ အင်တာနက်တော့လိုတယ်နော် 
အကောင့်တော့ ဖွင့်ရမယ်နော် 
ဖွင့်ဖွင့်ခြင်းတော့ 2GB Free ရတယ်ဗျ
လိုချင်သူများ 
Gtalk - Hangouts
Gtalk ကို Update ပေးလိုက်တာ လုံးဝ အလန်းနော်
video call တွေ က အစ ပါလာတယ်
ကဲ အောက်မှာ ပုံလေးတွေနဲ ကြည့်ကြည့်ဗျာ
လိုချင်သူများ
download here
CWM(CLOCKWORKMOD) RECOVERY ဆိုတာ….
 မိုးထက်: CWM (Recovery Mode ) အကြောင်းလေးပြောပြပါဦး မသိလို့....ကျေးကျေး..
ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWMကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့ Stock Rom တစ်ခုလုံးကို Back upလုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc..တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူInstall လုပ်နိုင်ပါတယ်။
  1.  Reboot System now
  2.   Apply update from SD card
  3.   Wipe data/Factory reset
  4.   Wipe cache partition
  5.   install zip from SD card
    •  apply/ SD card / update.zip
    •  choose zip from SD card
    •  toggle signature verification
    •  toggle script asserts
    •  +++Go Back+++
  6.   Back and Restore
    •  Back up 
    •  Restore
    •  Advanced Restore
  7.   Mount and Storage
    •  Mount /unmount/system/data/cache/sdcard or sd-ext
    •  format boot /system/data/cache/sdcard or sd-ext
    •  mount USB
  8.   Advanced
    • Reboot recovery 
    •  Wipe dalvik cache
    •  Wipe battery stats
    •  Report Error
    •  Key Test
    •  Partition SD card
    •  Fix permisions
Credit: Myanmar Mobile App
ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ
ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့
viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့
voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ
LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ
အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်
ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ
အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်
window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ
window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ
ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ
အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်
အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ
NEXT ကိုနှိပ်ပြီးဆက်သွားပါ
lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ
install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ
အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ
Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ
ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ
အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်
မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့ 
ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ
ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ
password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်
ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်
Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ
တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ
ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ
၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ
၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်
profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်
၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်
setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ
Zawgyi One လို့ပြောင်းပေးပေါ့
ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို
နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့
အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ
ဒီမှာ စာပို့လို့ရတယ်နော်
ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ
ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ
ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ
အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ
ကိုလတ်(ကျွဲဆင်း)
BROWSER ERROR များအကြောင်း (404 ERROR)
Myat Noe Aung  Error 404 အကြောင်းရှင်းပြပေးပါအုံး...
အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါ။ Browser ဆိုတာကတော့ Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browserကိုပြောတာ ပါ။ဥပမာ … Internet Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ ဖြစ်တက်တဲ့ Error လေးတွေ အကြောင်း ကိုပြောပြချင်ပါတယ်။ Browser Error တွေကတော့ Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။ အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်း ရမလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။
400: Bad Request Error 
400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့ Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့” 400: Bad Request ” (or)” HTTP Error  400 – Bad Request “ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။
 401: Unauthorized Error
401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on ၀င်ဝင်ချင်း 401 Error ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential  (မည်သူမည်ဝါဖြစ်ကြောင်း) ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ဒါကြောင့် User name နဲ့Password ကို သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက် မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။
 403: Forbidden Error
403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။
 404: Not Found Error
ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့ အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။
    “404 Error”
    “Page Cannot be displayed”
    “Internet Explorer cannot display the webpage”
    “404:Not Found”
    “The page cannot be found”
    “Error 404:NOT FOUND”
    “HTTP 404-File not found”
    “Not Found”
404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “ http://www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင် http://www.w.com/a/b လို့ရိုက်ထည့်ပါ။  အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး http://www.w.com/a လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။
 408: Request Timeout Error
408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန် try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection ကိုလည်းစစ်ဆေးသင့်ပါတယ်။
 500: Internal Server Error
500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့ Website ရဲ့ Server က ချွတ်ယွင်းသွား တဲ့အခါတွေ မှာ တွေရှိရပါတယ်။Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့် မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။
 502: Bad Gateway Error
502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။
 503: Service Unavailable Error
503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။
Source: MY DATA Game & Software CD/DVD
Ref: http://zawhlainghtun.wordpress.com
Unordered List
Related Posts Plugin for WordPress, Blogger...