Likes

5/16/2013

Download Manager for Android: the Best Download Manager App

Most Cool iPhone 6 Concept with Truly Edge-to-Edge Display


check out this new iPhone 6 concept by iPhone-My that features 4.5-inch truly edge-to-edge display.
The concept features an Aluminum+Carbon Fiber Unibody Enclosure, a Lightning+MagSafe connector, Multi-Touch gesture support, two Quad-Core A7 processors, and a Retina 4.5-Inch 754x1296 333dpi display.
Take a look... What do you think about this killer display?

iTools 0511E Final version

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ


iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။ 

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး... 

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က 
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။ 


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။ 

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ 
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်.. 

သင်၏ iOS ကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ...? 





Credit to မိုးသိကြား



Gmail အသုံးပြု၍ တိုက်ရိုက် ပိုက်ဆံလွှဲပြောင်းနိုင်ပြီ


Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 



သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။ 

ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။ 

အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်... 

ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။ 



Update လုပ်ထားသော Gmail တွင် Compose လုပ်သည့်အခါ Attachment Option တွင် "$" icon အသစ်ကို မြင်တွေ့  ရမှာဖြစ်ပါတယ်။ "$" button ကိုနှိပ်၍ တိုက်ရိုက် ပေးပို့  နိုင်ပါပြီ။ 

 

 

Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။ 

အသေးစိတ်ဖတ်ရှုရန်... 


Credit to : google 

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 

မိုးသိကြား



၁၅၀၀ တန်ဖုန်းများအခက်အခဲဖြစ်ပေါ်ပါက ဖုန်းနံပါတ် ၃၄၅၆ သို့ဆက်သွယ်မေးမြန်းနိုင်




Ref & Credit to Smart Pro Journal

Facebook 3.2.1 & Facebook Messenger 2.5.1-release


Facebook 3.2.1





Facebook Messenger 2.5.1-release






Samsung Galaxy Note 2 ထက်ပိုပြီးကြီးမားဦးမယ့် Samsung Galaxy Mega By သက်နိုင်စိုး



Samsung ဟာ Samsung Galaxy Note 2 ထက်ပင်ပိုပြီးအရွယ်အစားကြီးမားဦးမယ့် Samsung Galaxy Mega ကိုထုတ်လုပ်မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒီရက်ပိုင်း နည်းပညာလေ့လာသူများ ၊ စက်ရုံဝန်ထမ်းများဆီမှ Samsung Galaxy Mega နဲ့ပတ်သက်တဲ့သတင်းတွေလည်းထွက်ပေါ်လာပါတယ်။ Samsung Galaxy Mega ကို Screen အရွယ်အစား 5.8 လက်မ နဲ့ Screen အရွယ်အစား 6.3 လက်မဆိုပြီးအရွယ်အစားနှစ်မျိုးထုတ်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။ Samsung Galaxy S4 ထက်ပိုပြီးကောင်းမွန်မယ့် ဖုန်းတစ်လုံးတော့ဟုတ်ပုံမရဘဲ အရည်အသွေးတူလောက်သာဖြစ်မယ်လို့ ဆိုကြပြန်ပါတယ်။ 1.7 GHz ရှိတဲ့ Dual Core Processor ကိုအသုံးပြုထားပြီး Android version 4.2 ပါဝင်မယ်လို့သိရပါတယ်။ Mobile Network အနေနဲ့ကတော့ 2G,3G နဲ့ 4G Network အားလုံးမှာအသုံးပြုနိုင်မှာပါ။ Screen အရွယ်အစားအကြီးကြီးဖြစ်တာကြောင့် Game ကစားသူတွေ ၊ အင်တာနက် website အမြဲကြည့်သူတွေ ၊ facebook သုံးစွဲသူတွေပိုမိုအကြိုက်တွေ့စေဦးမယ့် ဖုန်းတစ်လုံးလို့ ယူဆရပါတယ်။ ဒီဖုန်းရဲ့ ပုံများလည်းထွက်ရှိလာပါတယ်။ အောက်မှာလေ့လာကြည့်ရအောင်။

Samsung Galaxy Mega Hands On Review
We suspected that Samsung was working on  a 6.3″ smartphone, and frankly, we thought that it was the Galaxy Note 3 until recently. While it is just about certain that the Samsug Galaxy Note 3 will come in due time, the arrival of this Galaxy Mega is quite a surprise, and mostly a good one. The smartphone design looks great, and it has little to envy to the Galaxy S4, it is really like a close relative.
The Galaxy Mega is not meant as being the new high-end specs performer. Instead, it is a smartphone that was designed to maximize the utilization comfort and the productivity of key visual apps that can run very well on a dual-core processor (like email, web pages, reading, typing, photos).
We wouldn’t be surprised if in the future, Samsung would press harder if the success is as great as the company hopes it will be. The Galaxy Mega may not be a “specs” phone, but for most cases, when it comes to large display smartphones, the Samsung Galaxy Mega is the new king of the hill.















(ကိုအောင်ကိုမင်း မှ ပြန်လည်ကူးယူတင်ပြသည်)
Ref: engadget.com

အသုံးဝင် Toolkit အကြောင်း မိတ်ဆက် နဲ့ သက်ဆိုင်ရာ Toolkit တွေ ဒေါင်းကြမယ်-







ကျွန်တော် Toolkit အကြောင်းမိတ်ဆက် ရေးဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Toolkit လေးတွေရဲ့ ကျေးဇူး ကျွန်တော့်မှာ ရှိလို့ပါပဲ-အရမ်းလဲကောင်းလို့မိတ်ဆက်ပေးရတာပါ--Toolkit ဆိုတာ ကျွန်တော် အစက ဘာမှန်းမသိပါဘူး။ ခွေဆိုင်ကနေ Note2 Toolkit လေးတစ်ခု တွေ့လို့ဝယ်လာ မိတယ်.. ဘာမှန်းမသိဘူး ။ ရောင်းလိုက်တဲ့ သူကလဲ မရေမရာပါပဲ။ root လုပ်တဲ့ဟာတဲ့ ဒါပဲပြောလိုက်တယ်။ 
ဒီလိုပဲ ၀ယ်လာပြီး အိမ်ရောက်တော့ စမ်းကြည့်တော့မှ အတော်ကို အသုံးဝင်တာတွေ့ရတယ် တကယ်ကြိုက်သွားတယ်-- အဲ့ဒါနဲ့ ဒီကောင်လေးတွေရဲ့ ကောင်းကြောင်းပြန်ရှယ်ပေးဖို့ ဆိုပြီးရေးဖြစ်သွားတာပါ--

Toolkit ဆိုတာက တစ်မျိုးပဲ မဟုတ်ပါဘူး ။ 
လောလောဆယ်မှာတော့ Galaxy Note 2 Toolkit၊ Galaxy Nexus Toolkit၊ Google Nexus 4 Toolkit၊ Google Nexus 7 Toolkit၊ Google Nexus 10 Toolkit၊ Samsung Galaxy Camera Toolkit၊ Samsung Galaxy Note2 Toolkit၊ Samsung Galaxy S3 Toolkit၊ Samsung Galaxy S3 Mini Toolkit ဆိုပြီးတော့ ထွက်ထားပါပြီ--
Toolkit ရဲ့အကြောင်းပြောပြပါမယ် Toolkit ဆိုတာက ADB Tool ကိုသုံးပြီး ဖုန်းကို ပြန်ပြီး စိတ်ကြိုက်ပြန်ခိုင်း လို့ရတဲ့ ကောင်လေးပဲဖြစ်ပါတယ်-- Toolkit ကနေ root ပဲဖောက်မလား ။ CWM ပဲ တင်မလား ကြိုက်တာ လုပ်လို့ရပါတယ်--

သူလုပ်ပေးတဲ့ Function တွေကို အောက်မှာ English လိုကြည့်ကြည့်ပါဦး
    1. Install drivers automatically
    2. Backup/Restore a single package or all apps, user data and Internal Storage
    3. Backup your /data/media (virtual SD Card) to your PC for a Full Safe backup of data
    4. Perform a FULL NANDROID Backup of your system via adb and save in Custom Recovery format on your PC
    5. Pull /data and /system folders, compress to a .tar file and save to your PC
    6. Auto Update ToolKit to latest push version on startup (donator feature)
    7. Backup/Restore your /efs partition
    8. Dump selected Phone Partitions, compress to a .zip file with md5 and save to your PC
    9. Install BusyBox binary on phone
    10. Root any public build INCLUDING JELLY BEAN (different options available)
    11. [B]Root with Superuser (ChainsDD) or SuperSU (Chainfire) via CWM (works on ANY build)
    12. Flash Stock Recovery
    13. Install any zip file via Sideload feature in Recovery
    14. Flash CWM Touch Recovery (thanks to TeamEpic) or CF-CWM Recovery (thanks to Chainfire)
    15. Rename Recovery Restore files if present
    16. Flash Insecure Boot Image for adb mode
    17. Flash Stock Boot Image back to your phone
    18. Create tar file to flash via Odin with 1-click process
    19. Download, Extract and Flash Stock Rom (full DETAILED steps) ESSENTIAL FOR WARRANTY RETURNS
    20. Rip cache.img to zip file in CWM format for editing and flashing (thanks to Adam Lange)
    21. Install a single apk or multiple apk's to your phone
    22. Push Files from your PC to your phone
    23. Pull Files from your phone to your PC
    24. Set Files Permissions on your phone
    25. Dump selected LogCat buffers to your PC
    26. Dump BugReport to your PC (if installed)
    27. Help, Information Screen for various tasks
    28. Mods Section to Modify your phone
    29. Reboot Phone options in adb mode
    30. Change background, text colour in ToolKit
    31. Activate Donator features from within the ToolKit
      ဒါက S3 Toolkit  ရဲ့နမူနာ တစ်ခုပါ ၊ ကျန်တဲ့ Toolkit ရဲ့ Function တွေလဲ ဒီအတိုင်းပဲလာပါတယ်--

      Toolkit တစ်ခုရှိတာနဲ့တင်ကို တော်တော်အလုပ်ဖြစ်ပါတယ် ဖုန်းကို အစအဆုံးပြန်ပြင်လို့ရပါတယ်-

      ဒါပဲ Firmware တွေ Boot တွေပျက်သွားလဲ ပူစရာမလိုပါဘူး။ သူ့မှာ Original Firmware ကို တန်းဒေါင်းလို့ရပါတယ်--
      ပြီးတော့ CWM ဆိုလဲ တစ်ခါထဲပါလာပြီးသားပါ-- Root မလုပ်ဘဲ မြန်မာဖောင့်ထည့်ဖို့အတွက် နဲ့ တခြား စိတ်ကြိုက်လုပ်ဖို့အတွက် insecure boot ကိုလဲ တစ်ခါထဲထည့်ထားပြီးသားဖြစ်ပါတယ်--

      နောက်ပြီး ဖုန်းကို Warranty ပျက်မှာကြောက်ရင် root ဖောက်ပြီး  Triangle away နဲ့ Binary counter ကို 0 ပြန်ဖြစ်အောင်လုပ် secure boot {Stock Recovery} ပြန်တင် root ပြန်ဖျက် ပြီး Warranty ပြန်ယူလို့လဲ ရပါတယ်--

      နောက်ပြီး Toolkit ကနေလှမ်းပြီး Apk ထည့်လို့လဲရပါတယ်--
      လှမ်းပြီး  SD Card ထဲက ဟာတွေကို သိမ်းတာ ဖျက်တာ Recover လုပ်တာ အကုန်အသုံးဝင်ပါတယ်--
      ပြီးတော့ Toolkit ကနေ recovery mode ၀င်တာ Downloading mode ၀င်တာတွေ အကုန်လုပ်လို့လဲရပါသေးတယ်--

      Toolkit ထဲမှာ တစ်ခါထဲ Driverတွေပါ ပါလာပြီးသား
      Odin တွေရော သူနဲ့ သက်ဆိုင်တာတွေ အကုန်ပါလာပြီးသားပါ--
      တကယ့်ကို Perfect ဖြစ်တဲ့ Application လို့ပဲဆိုရမှာပါ--
      သူရှိတာနဲ့ ဘာမှမလိုဘူး လုပ်ချင်တာလုပ်လို့ရတယ်လို့ဆိုရမှာပါ--
      Toolkit လေး English လိုခိုင်းတာကို လုပ်လိုက်ရုံပါပဲ--

      နောက်ပြီး ကိုယ့်Firmware Brick ဖြစ်နေလဲ စက်ပျက်မှာ ကြောက်စရာမလိုပါဘူး
      အဲ့ဒါကတော့ ကျွန်တော့်ကိုယ်တွေ့ပါ--
      Note 2 တစ်လုံး Firmware မစုံအလင် မပါတာကို တင်လိုက်မိမိလို့ ပျက်လုနည်းနည်းဖြစ်ဖူးပါတယ်--
      ကိုယ့်ဖာသာ ကလိပြီး Warranty ပျက်လုလုနည်နည်းပါပဲ

      ဒါပေမဲ့ Note 2 Toolkit ကျေးဇူးကြောင့် မပျက်တဲ့အပြင် Warranty တောင်ရှိအောင် ပြန်လုပ်နိုင်ပါခဲ့ပါတယ် --
      Company သွားပြီတော့ကို စမ်းသပ်လာတာပါ :)

      ကဲ Toolkit က အဲ့လောက်ကို စွမ်းပါတယ် ကျွန်တော်ကိုယ်တိုင် အရမ်းသဘောကျလို့ တင်ပေးလိုက်တာပါ-- ပြန်ရှယ်ပေးလိုက်တာပါ Toolkit သုံးလို့ရတဲ့ သူတိုင်း၊Service ကိုကို တိုင်း၊ Developer တိုင်း၊ ဆောင်ထားသင့်တယ် လို့ထင်ပါတယ် :)

      Toolkit အကြောင်းမိတ်ဆက်ပြီး ပြီး ဆိုတော့ စဒေါင်းရအောင်ဗျာ--
      ကိုယ်နဲ့ ပတ်သက်တာ ကိုယ်ဒေါင်းရပါမယ်နော် -- 
      အော် ထုတ်ပေးတဲ့ Developer နာမည်က Mark Skippen ပါ--
      သူ့ Officaial website က www.skipsoft.net ပါ.
      အောက်က ချပေးသွားတဲ့ လင့်တွေအကုန်လုံးကို Mark Skippen ကXDA မှာ ဝေမျှထားတာ ဖြစ်လို့ XDA ကနေယူထားတာပါ--
      အကယ်လို့ တစ်ခုခြင်းစီရဲ့ အသေးစိတ်ကို သိချင်ရင်တော့ Comment ရေးပြီး ပြောပြပါ-- သက်ဆိုင်ရာ official လင့်တွေ ပေးပေးပါ့မယ်--တစ်ခုခြင်းစီက Detail တော်တော်များတယ် စာမျက်နှာ တော်တော်များတဲ့ အတွက်အဲ့ထဲက ပြန်ပြီး Point out လုပ်ပြီးတင်ထားပေးတာပါ---

      ကဲ ကျွန်တော် လင့်တွေပြန်ချပေးသွားပါမယ်ချပေးသွားပါ့မယ်-- 

      ကိုယ့်ဖုန်းဘာဖုန်းလဲ မသေချာရင် မေးပါ--
      စေတနာနဲ့ လုပ်ပေးတာ ဖြစ်လို့ စေတနာကို နားလည်ပေးစေချင်ပါတယ်နော်--
      Link တွေကို စမ်းဒေါင်းကြည့်ထားပါတယ် အမျိုးအစား မှန်ပါတယ် --










      Galaxy Note 2 Toolkit V3.0.0{253.77MB}>> Official Direct download Link 

      Samsung Galaxy Camera Toolkit V1.0{20.86MB}>> Official Direct download Link 


      Samsung Galaxy S3 Mini Toolkit V1.1{34.98MB}>> Official Direct download Link


      SAMSUNG GALAXY S3 UNIFIED TOOLKIT V7.0{114.07MB}>> Official Direct download Link 




      Galaxy Nexus Toolkit V10.1.0{140.29MB} >> Official Direct download Link  


      Google Nuxeus 4 Toolkit V1.3.0{47,63MB}>> Official Direct download Link


      Google Nexus 7 Toolkit V4.0.0{67.72MB}>> Official Direct download Link 


      Google Nexus 10 Toolkit V1.3.0{41.04MB}>> Official Direct download Link 


      Nexus တွေ အတွက် အကယ်လို့ မိမိ ဖုန်းက 4.2.2 ကို တင်ပြီးသွားပြီ ဆိုရင်တော့ Toolkit ကို ပိတ်ပြီး ဒီကောင်လေးကို
      ဒေါင်ပြီး zip ဖြည်ကာ original file နဲ့ နေရာလဲပေးရပါမယ်--
      Download>>{http://goo.im/devs/mskip/toolkit/adb..._for_4.2.2.zip

      4.2.2 သို့မြင့်ထားသော Galaxy Nexus ,Google Nexus အတွက် Mark Skippen ၏ ညွှန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်---

      The latest Auto Updates for the Toolkits include the new google files so this shouldn't be a problem for anyone who has Auto Updated their Toolkit recently.
      1. Download http://goo.im/devs/mskip/toolkit/adb..._for_4.2.2.zip
      2. Make sure your Toolkit has been closed correctly with the "x" option in the Main Menu or the adb server will still be running
      3. Extract the contents of the zip file above to your Toolkit folder (overwriting the original files)
      4. Run the Toolkit and when you get to the Main Menu a popup will appear on your device asking for authentification
      If you do not get a popup then unplug/replug the usb cable to redetect the device.
      5. Click ok to add your pc to the accepted list
      6. Select the 'Refresh Main Menu' option in the Toolkit and your device will now show as 'device' and not 'offline'

      ကဲ အဆင်ပြောပါစေဗျာ-- အဆင်မပြေရင် Comment ပေးနော် တကယ်ကောင်းလွန်းလို့ ပြန်ရှယ်ပေးလိုက်တာပါ--

      Steel Jelly
      Chief Editor of Full Premium Now Free

      How to >> Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ :)


      Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ :)

      FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ-- အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော်

      ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ-- နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ--

      ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ-- FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်--တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်--
      {အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}

      အဲ့ မှ ကွိုင်တာက မိမိရဲ့ Connection က ကျနေ တာပါ--
      ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ် တတ်ပါတယ်။ လူပိန်းလိုပြောရင်တော့ Data တစ်နေတာပေါ့နော်--
      မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်-- 
      ကျွန်တော် ကိုယ်တိုင် Fiber လိုင်းသုံးနေတာ တောင် နေ့တစ်ပိုင်းကို တစ်ခါလောက် ရပ်ရပ်သွားတဲ့ အဖြစ်မျိုးပါ-- သုံးရင်တန်းလန်းနဲ့ လိုင်းပြုတ်ပြီး Caution Mark ပေါ်လာတာက အတော်ကို စိတ်ညစ်ရပါတယ်

      အားလုံးပဲ ဖြစ်ဖူးကြမယ်ထင်ပါတယ်-- 
      မိမိ Mobile Phone နဲ့ Laptop က အင်တာနက်ကို သုံးတဲ့ အခါမှာ ဟင် အင်တာနက်လဲ မရဘူးဆိုပြီးတော့ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး တော့လေ 
      ကျွန်တော့်ကိုလာ လာမေးလို့ ဖြေရတာလဲ အမောပါပဲ တစ်ယောက်မကပါဘူး အယောက် ၂၀ ၃၀လောက်ရှိပါတယ်--


      အဲ့ဒါက ဘာမှ မဟုတ်ဘူး Data ဆွဲအားနည်းလို့ လို့ တကယ်က စက်က error မဟုတ်ပါဘူး
      Mobile Data ကို ဆွဲတဲ့ အားက 7kb/s တို့ 0.8kb/sတို့ လောက်ပဲ ရှိတာ ကွန်ပျူတာနဲ့ တွဲသုံးတာ Webpage ဘယ်ဖွင့်ရပါ့မလဲ ဗျာ-- အဲ့လိုပေါ့

      အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်-- သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
      ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ---

      Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်-- Log in page ကိုရောက်မနေပါ-- မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်--
      {ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ-- ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ  FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :)}

      " ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်-- "

      FB Application ရဲ့ Error မဟုတ်ပါဘူး... ကိုေ၇ွှလိပ် MPT ကြောင့်ပါလို့ ပြောကြားချင်ပါတယ်--
      FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တော့တာပေါ့ဗျာ--

      ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်--

      ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်--
      Samsung ဖုန်းတွေမှာ တော့ ပါပါတယ်-- ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-

      အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ--  အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်-- ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်--

       


      ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ---
      အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်-- Dropbox, Facebook, Google အားလုံးပါပဲ--

      ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ--
      Google Account လဲ ဖြစ်ပါတယ်-- အားလုံး ဖြစ်မှာပါပဲ--
      ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်--

      မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ-- Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
      Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။

      Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်-- သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
      Hacker တွေအားလုံးက FB, Twitter နဲ့ Google  ကိုပဲ အာရုံထားကြပါတယ် :)

      ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ-- 
      အဲ့ကတည်းက တစ်ခါထည်း Account Info  Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ 
      အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)

      Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
      အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး--
      မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ--

      အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }-- မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်

      အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ

      အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB 
      , Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ--

      အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
      တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့

      ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့

      Iphone တို့ မှာလဲ Log Out  ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်--

      တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ--- Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ--

      ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့  Research လေးများ လုပ်သွားဖို့ရှိပါတယ်--
      ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်--

      Steel Jelly
      {Chief Editor Of FullPremiumNowFree}

      Download ရယူနည်းများလေ့လာရန်....



      www.freehostina.com မှ Download ယူပုံ



      ဒေါင်းလော့လင့်ကို နှိပ်လိုက်သည့်အခါ ပွင့်လာသော Page ဘယ်ဘက် အောက်ခြေနားတွင် ပုံတွင်မြှားပြထားသည့်အတိုင်း ၅ စက္ကန့်ဆောင့်ရပါတယ်....

      ပြီးလျှင် Download ဆိုတာကို နှိပ်ပြီး ယူနိုင်ပါပြီ....
       

      Jumobfiles မှ Download ယူပုံ



      မေးထားတဲ့သူငယ်ချင်းတွေရှိလို့ ပို့အနေနဲ့တင်ပေးလိုက်ပါတယ် ... သိတဲ့လူအတွက် အရမ်းလွယ်ကူပေမယ့် မသိရင်တော်တော်ရွာလည်ပါတယ် ... ကျွန်တော်လည်း အဲ့အတိုင်း ကြုံတွေ့ခံစားခဲ့ဖူးပါတယ် ..... ပုံလေးတွေနဲ့အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ် ...






      အဆင်ပြေပြေဆွဲနိုင်ကြပါစေ...

      Ziddu မှ Download ယူပုံ





      ဒါဆိုရင် Download ချပေးပါလိမ့်မယ်....

      Minus မှ Download ယူပုံ







      အဆင်ပြေကြပါစေ
      ==============================================
       

      Mediafire မှ Download ယူပုံ


      Unordered List

      Related Posts Plugin for WordPress, Blogger...