Likes

5/03/2013

ထိတွေ့မှုသုံး မျက်နှာပြင် (သို့) Capacitive Touchscreen ဘယ်လို အလုပ်လုပ်သလဲ






ထိတွေ့မှုသုံး မျက်နှာပြင် တပ်ဆင်ထားတဲ့ ဖုန်းနဲ့ tablet များကို အသုံးပြုရာမှာ လက်ချောင်းတွေကို အသုံးပြုရပါတယ်။ အထူးပြုလုပ်ထားတဲ့ Stylus Pen ကလွဲလို့ သာမန် ဘောပင်တို့ ၊ ခဲတံတို့လို့ အရာဝတ္ထုတွေနဲ့ တွဲဖက်သုံးစွဲလို့ မရနိုင်ပါဘူး။ ဒါဟာ ဘာကြောင့်ပါလဲ။ 

ထိတွေ့မှုသုံး မျက်နှာပြင်များဟာ လူ့အရေပြားရဲ့ ထူးခြားတဲ့ လျှပ်စစ်ဓာတ်ကူးမှုပုံစံပေါ် မူတည်ပြီး အလုပ်လုပ်လို့ ဖြစ်ပါတယ်။ Capacitive Touchscreen လို့ ခေါ်တဲ့ ဒီထိတွေ့မှုသုံး မျက်နှာပြင်တွေမှာ ပါဝင်တဲ့ ဓာတ်ကူးအလွှာပါးဟာ သင့်ရဲ့ လက်ချောင်းများမှာ သိုမှီးထားတဲ့ လျှပ်စစ်ဓာတ်ပေါ် မူတည်ပြီးတော့ တုန့်ပြန်ဆောင်ရွက်တာ ဖြစ်ပါတယ်။

ထိတွေ့မှုသုံး မျက်နှာပြင်များမှာ အလွှာ ၂ လွှာ ပါဝင်ပြီး တစ်ခုကတော့ အတွင်းပိုင်းမှ ပစ္စည်းတွေကို ဓာတ်ကူးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ မှန်သားပြင်နဲ့ အပေါ်လွှာအဖြစ် ဓာတ်ကူးခြင်းကို အားပေးတဲ့ Indium Tin Oxide လိုမျိုး အလွှာပါးတစ်ခုတို့ ပါဝင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ သဘာဝအလျောက် ဓာတ်ကူးခြင်းကို အားပေးပါတယ်။ ဒီထူးခြားတဲ့ အချက်ကြောင့် အထက်ဖော်ပြပါ မျက်နှာပြင်ကို ထိတွေ့လိုက်တဲ့အခါ လျှပ်စစ်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားပြီး မျက်နှာပြင်ကို ဓာတ်ကူးစေပါတော့တယ်။ ဤဓာတ်ကူးမှု အသွင်သဏ္ဍာန်ပေါ် မူတည်ပြီး မိမိလက်ညှိုးညွှန်ရာကို မျက်နှာပြင်က တုန့်ပြန်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လူ့အရေပြားလို့ ထူးခြားတဲ့ ဓာတ်ကူးမှုသဏ္ဍာန် ဖန်တီးနိုင်ခြင်း မရှိတဲ့ ပလတ်စတစ် (သို့) သတ္တုပစ္စည်းများဟာ ထိတွေ့မှုသုံး မျက်နှာပြင်များပေါ်မှာ အလုပ်မလုပ်တာ ဖြစ်ပါတယ်။

လူသားနှင့် ကွန်ပြူတာ ဆက်စပ်ပေါင်းကူးမှုဆိုင်ရာ Berkshire စွယ်စုံးကျမ်းကြီးကမူ - "Capacitive touchscreens use a single layer of material and detect changes in the amount of electric charge that can be stored to determine where the user is touching.” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

Apple App Store






Apple App Store ၌ ဘီလီယံ ၅၀ မြောက် download လုပ်သူအား ဒေါ်လာ ၁၀၀၀၀ တန် App Store Gift Card ဆုချမည် (သို့) Apple ၏ အကြံပိုင်ပုံ

Apple ရဲ့ App Store အနေနဲ့ မကြာမီမှာ သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီသမိုင်းမှတ်တိုင်မှာ သင်ကိုယ်တိုင်လဲ ပါဝင်ဆင်နွှဲ နိုင်မယ်လို့ သိရှိရပါတယ်။ 

Cupertino အနေနဲ့ App Store ၏ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခြင်းအား ဂုဏ်ပြုသည့် အနေဖြင့် ဘီလီယံ ၅၀ မြောက် download လုပ်သူအား ဒေါ်လာ ၁၀၀၀၀ ဂုဏ်ပြုချီးမြှင့် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ငွေသား ဒေါ်လာ ၁၀၀၀၀ တော့ မဟုတ်ပါဘူး။ 

App Store မှာသာ သုံးစွဲနိုင်မယ့် gift card သာ ဖြစ်ပါတယ်။

ထို့အပြင် ဘီလံယံ ၅၀ ပြည့်ပြီးနောက် download လုပ်သူ ၅၀ ဦးအား ဒေါ်လာ ၅၀၀ တန် gift card တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

(ကမ္ဘာ့ အချမ်းသာဆုံး ကုမ္ပဏီကြီး အကြံပိုင်ပုံကတော့ ဂုဏ်ပြုဆုငွေတောင် ကိုယ်ပြန်ရဖို့ လုပ်နိုင်လိုက်တာပါပဲ။)

ဤ သတင်းအား ရေးသားနေသည့်အချိန်မှာ App Store ပေါ်၌ App စုစုပေါင်း ၄၉.၂၅၇၂၈၇ ဘီလီယံ ကို သုံးစွဲသူများက download လုပ်ပြီးခဲ့ပါပြီ။ မကြာမီ ရက်ပိုင်းအတွင်းမှာ ၅၀ ဘီလီယံ ရောက်ရှိမှာဖြစ်ပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ download နှုန်းကတော့ ၁၀ စက္ကန့်မှာ app ပေါင်း ၁၀၀၀ နှုန်း ရှိနေပါတယ်။

ကဲ Apple App Store ကို မနှေးအမြန် သွားရောက်ပြီး download လုပ်ကြပါစို့။

3G ဆိုတာကတော့



3G ဆိုတာကတော့ GSM စနစ်တွေရဲ့မွေးဖွားမှုသမိုင်းမှာ GSM Third Generation လို့သတ်မှတ်ခေါ်ဆိုထားတဲ့အမည်တစ်ခုပဲဖြစ်ပါတယ်။ GSM ဖုန်းတွေကို Generation အလိုက် ခေါ်ဆိုသတ်မှတ်ကြတဲ့အတွက် second generation ကို 2G လို့ခေါ်ပြီး၊Thrid Generationကို 3G လို့တာဖြစ်ပါတယ်။ GSM မိုဘိုင်းဖုန်းစနစ်ရဲ့ 3G စနစ်ကိုစတင်ခဲ့တာပာာ UMTS ဆိုတဲ့စနစ်ကိုစတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ 3G စနစ်ထဲမှာပါဝင်တာတွေကတော့ UMTS,WCDMA,HSDPA,HSUPA,HSCSDဆိုတဲ့စနစ်တွေပါဝင်နေပါတယ်။ ဒီစနစ်တွေအားလုံးပာာ3G စနစ်မှာအသုံးပြုနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒီစနစ်တွေထဲကမှ UMTS ဆိုတဲ့စနစ်ပာာ Per 3G လို့လည်းခေါ်ဆိုနိုင်မှာဖြစ်ပြီး 3G ရဲ့အစပိုင်းကန်နဦးစနစ်တစ်ခုလည်းဖြစ်ပါတယ်။UMTS ဆိုတဲ့စကားလုံးအရှည်ကောက်ကတော့ Universal Mobile Telecommunication System ဘဲဖြစ်ပါတယ်။

ဒီစနစ်မှာတော့ Speed နှုန်းထားက 2Mbps ဘဲရရှိပါတယ်။Network Speed နည်းသေးတယ်လို့ဆိုနိုင်ပါတယ်၊ဘာကြောင့်လည်းဆိုတော့အခုလက်ရှိ 3G ရဲ့ network speed က 14.4Mbps အထိရှိနေလို့ဖြစ်ပါတယ်၊ Universal Mobile Telecommunication System က Per အဆင့်လောက်ဘဲရှိတဲ့ 3G ဖြစ်နေလို့ပါ၊အဲဒီနောက် Wide Code Devision Multiple Access ဆိုတဲ့ WCDMA 3Gစနစ်တစ်ခုပေါ်လာပါတယ်၊ဒါအပြင် HSDPA ဆိုတဲ့( HighSpeedDownlinkPacketAccess)အင်တာနက်အသုံးပြု နိုင်တဲ့
စနစ်လည်းပေါ်လာသေးပါတယ်၊ HSDPA ပာာလည်း 3G စနစ်ဘဲဖြစ်ပါတယ်၊
သူ့ရဲ့ downlink speed ပာာ 10Mbps အထိရရှိနိုင်တာမို့ အမြန်နှုန်းကောင်းတဲ့စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်၊နောက်စနစ်တစ်ခု
ကတော့ HSUPA (High Speed Uplink Packet Access) ဆိုတဲ့စနစ်ပါ ဒီစနစ်ကတော့ အင်တာနက်အသုံးပြုရာမှာ downlink တင်မက uplink ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်၊Uplink စနစ်အတွက် Speed က 2Mbps အထိရရှိပါတယ်၊နောက်တစ်ခုကတော့HSCSD (High Speed Circuit Switch Data)လို့ခေါ်တဲ့စနစ်ပါ၊ 3G တွေထဲမှာတော့ အကောင်းဆုံး စနစ်တစ်ခုပါ၊ဒီစနစ်က Channel တွေအများကြီးပေါ်ကData တွေကို အနှံ့အပြားသွားလာနိုင်တဲ့စနစ်ဖြစ်ပါတယ်။
Credit : ကိုထွန်း

Call Block





Call Block (Black List)လုပ်နည်းလေးကို ပြောပြချင်ပါတယ်။ ဘယ် software, application မှ ထပ်ဒေါင်းစရာ။ ထပ်သွင်းစရာမလိုတဲ့ နည်းလေးပါ။ ကဲ စကားပြောတာ နည်းနည်းတော့ ရှည်သွားပြီဗျာ..... ကျွန်တော်တို့ block ချင်တဲ့ နံပါတ်တခုကို contact ထဲထည့်မှတ်လိုက်ပါ။ မှတ်ပြီးရင် ဘလော့ချင်တဲ့ contact ကိုသွားလိုက်ပါ။ ရောက်ပြီဆိုရင် menu key လိုင်းသုံးလိုင်းပုံလေးကို နှိပ်လိုက်ပါ။ အဲ့လိုနှိပ်လိုက်လို့ ပေါ်လာတဲ့ထဲက All calls to voicemail ဆိုတာလေး ကလစ်ပေးလိုက်တာနဲ့ အဲ့ဖုန်းနံပါတ်က ကိုယ့်ကို ဘယ်လိုခေါ်ခေါ် “လူကြီးမင်းခေါ်သော တယ်လီဖုန်းဟာ မအားသေးပါရှင်” ဆိုတဲ့ အသံချိုချိုလေးကို ကြားရပါမယ် ဆိုတဲ့အကြောင်းကို တင်ပြပေးလိုက်ပါတယ်နော်။

ပိုက်ဆံ မကုန်တော့ဘူးပေါ့ ........................................ ကိုကိုကြပ်


Night Camera v2.18





ညဘက်ကင်မရာရိုက်တဲ့သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်
အလင်းရောင် မရှိတဲ့ သဲသဲကွဲကွဲမမြင်ရတဲ့အခါမျိုးမှာ ဒီ Night camera က သင့်ကို အပြည့်အ၀ အကူအညီပေးနိုင်တာကို တွေ့ရမှာဖြစ်ပါတယ် …ညဘက်တွေမှာ ဓာတ်ပုံရိုက်လိုသူတွေအတွက် တော့ သာမာန်ကင်မရာထက် resolution ပိုသာ၊ပိုကောင်းတာကိုတွေ့ရမှာပါ


ETERNITY WARRIORS 2- v 3.0.0


ဒေါင်းရန်


ဒီနေတော့ ဂိမ်း အမိုက်စားလေးနဲ ပေးချင်တယ် တော်တော်မိုက်တယ် ကျွှန်တော် ဘုန်းကြီးဝတ်တဲ့ 7 နှစ်ရက်လုံးမှာ ဒါလေးဘဲ ကစားတယ်

ပိုက်ဆံတွေဆုရတယ် နောက်ပီး လက်နက်တွေ ၀ယ်ရတယ် ဂိမ်း အဆင့်တွေကလည်း အရမ်းများတယ်

ခုတ်ချင်သူတွေဆိုရင်တော့ တော်တော်လေးအဆင်ပြေပါတယ်


ကစားလိုလည်း နည်းနည်းကောင်းအောင် ကျွှန်တော့ ပိုက်ဆံ ဘယ်လောက်သုံးသုံး တစ်ကျပ်မှ မလျှော့တဲ့ APK ဖိုင်လေးနဲ တင်ထားပေးတယ်နော်

မှတ်ချက် - အမြင့်ဖုန်းများ အတွက် သာ 

Samsung Galaxy S4 LTE GT-I9505 on XXUAMD2 Firmware ကို Root မယ်






ခုဖော်ပြပေးမဲ့ root လုပ်နည်းလေးကတော့ S4 GT-I9505 XXUAMD2  ကို root လုပ်မဲ့နည်းလေးပါ။  မိမိ firmware နဲ့
 ကိုညီမှ လုပ်ပါလို့ ပြောပါရစေ။ သေချာတယ်ဆိုရင်တော့ ဖုန်းကို usb debug နဲ့ unknow sources on ပြီးပါဝါပိတ်လိုက်ပါ။ download mode ၀င်ပါ့မယ် vol down + home + power  3,4 စက္ကန့်လောက်ဖိထားလိုက်ပါ။ တတ်လာပြီဆိုရင် vol up တစ်ချက်နှိပ်ပေးလိုက်ပါ။ ပြီးရင် ဆက်ကြမယ်နော်
 လိုအပ်တာလေးတွေ ဒေါင်းထားလိုက်ကြပါ။


Driver

>> Download <<

Odin

>> Download <<

CF-Auto Root

>> Download <<

အားလုံးဒေါင်းပြီးသွားရင် driver ကို install လုပ်လိုက်ပါ။ ပြီးရင် odin ကို run ပါ။ ဖုန်းကို Download mode နဲ့ ကွန်ပျူတာနဲ့ချိတ်ပါ။ ID:COM မှာ အရောင်လေးလင်းသွားရင် ဖုန်းနဲ့ကွန်ပျူတာ သိပါပြီ။ PDA မှာ ဒေါင်းထားတဲ့ ဖိုင်လေးထဲက CF-Auto-Root-gti9505.tar.md5  
ကိုထည့်ပေးပါ။ re partaion ကို အမှတ်မခြစ်ပါနဲ့။ ပြီးရင် odin က start ကိုသာနှိပ်လိုက်ပါ။ PASS လေးပေါ်လာရင်ပြီးပါပြီ ဖုန်းက reboot ကျပြီး ပြန်တတ်လာရင်ပြီးပါပြီးခင်ဗျာ။

Samsung Galaxy S4 GT-I9500 ကို root လုပ်မယ်





ခုဖော်ပြပေးတာကတော့ GT-I9500 အတွက်ပါပဲ recovery တင်ပြီး root လုပ်မဲ့နည်းလမ်းလေးပါ။ အခြားဖုန်းတွေကို ပြုလုပ်သလိုပါပဲ recovery လေးသွင်းပြီး cwm ပေါ်ကနေ root .zip ဖိုင်လေးကို flash လုပ်မဲ့နည်းလမ်းလေးပါ။ အရင်ဆုံး usb debug နဲ့ unknow ကို Onပါ့မယ်, ပါဝါပိတ်ပြီး ဓါတ်ခဲ့ဖြုတ်ထားပါ့မယ်၊ ခဏနေရင် ဓါတ်ခဲ့ပြန်တပ်ပြီး ဖုန်းကို download mode ၀င့်ပါမယ့် ၀င်ရမဲ့ ခလုပ်တွေကတော့  Vol down +home+ power ဖိထားလိုက်ပါ။ boot တတ်လာရင် Vol up တစ်ချက်နှိပ်ပေးလိုက်ပါ။ download mode ကိုရောက်ပါပြီခင်ဗျာ။

  ပြီးရင်တော့ Odin ကို Run လိုက်ပါ။ 
PDA မှာ  cofface_I9500_cwm_recovery_en_new.tar ဖိုင်လေးကို ရွေးပြီး ထည့်လိုက်ပါ။ ဖုန်းနဲ့ချိတ်ပြီး 0din က ဖုန်းကို သိသွားတယ်ဆိုရင်တော့ အ၀ါရောင်လေးလင်းလာမှာပါ မသိရင်တော့ driver ပြန်တင်လိုက်ပါခင်ဗျာ။Odin ရဲ့ repartaion ကို အမှတ်မခြစ်ပါနဲ့ခင်ဗျာ။ ပြီးရင်တော့ start သာနှိပ်လိုက်ပါ။ Odin မှာ PASS ပြရင်တော့ CWM သွင်းတာပြီးပါ။
  sd ထဲကို CWM-SuperSU-v0.99 ကိုထည့်ထားပါ။ ပြီးရင်တော့ ဖုန်းကို ၀ါပါပိတ်ပါ။ Recovery Mode ၀င်ပါ့မယ် Vol up+Home+ power ကိုနှိပ်ပြီး ပါ့မယ် တစ်ချက်တုန်ပြီး Samsung logo တတ်လာရင်တော့ power ကိုလွတ်လိုက်ပါခင်ဗျာ။

Recovery mode ကိုရောက်သွားပြီဆို၇င်တော့ CWM-SuperSU-v0.99 ရှာပြီး flash ပေးလိုက်ပါ root လုပ်ခြင်းပြီးဆုံးသွားပါပြီး လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာပုံလေးနဲ့ပြထားပါတယ်။ ပုံတွေမကြည့်ခင်တော့လိုအပ်တဲ့ဖိုင်လေးတွေ ဒေါင်းယူလိုက်ကြပါခင်ဗျာ။


Odin

>>Download <<

CWM

>> Download <<

Root.zip

>> Download <<

Apple releases iOS 6.1.4 for iPhone 5 with updated audio profile

Samsung Galaxy S2 GT-I9100 T ကို Thai Offical Firmware 4.0.3 တင်နည်း



samsung galaxy S2  GT-I9100Tကို နဂိုမူလfirmware 2.3.6 ကနေ 4.0.3 ဗာရှင်ကိုတင်ခြင်တဲ့ ဘော်ဒါတွေပါ အရင်ဆုံ မိမိ computer မှာ samsung usb driver နှင့်
samsung kies ကိုသွင်းထားရပါမယ် ဒါမှ firmware တင်ရင်ဘာ error မှမတက်မှာပါ

GT-I9100 T အတွက် firmware ကိုဒေါင်ရန် 

odin ဒေါင်းရန်

ပြီရင်ဖုန်းရဲ့  Settings ကိုသွားပါ ပြီးရင် Aplications -> Development ထဲကိုဝင်ပြီUSB Debugging 

နှင့် Allow mock locationsနှစ်ခုလုံးကိုအမှတ်ခြစ်ပေးပါပြီရင်ဖုန်းကိုပိတ်ပါ 
စောစောကဒေါင်ထားတဲ့ Odin ကိုဖွင့်လိုက်ပါ ပြီရင်ဖုန်းကိုDownload Mode ဖြစ်အောင်လုပ်ရပါမယ်  Download Mode လုပ်ဖို့ အတွက်
Vol down ခလုတ် +Home ခလုတ်ကို ပြိုင်တူနှိပ်ထားပြီ ပါဝါကိုဖွင့်လိုက်ပါ ပြီရင် စာတန်တက်လာရင်
Vol up ခလုတ်ကိုတစ်ချက်နှိပ်ပေးလိုက်ပါ ပြီရင် downloading ဆိုတဲ့ စာတန်ပေါ်လာရင် ဖုန်းကို
computer နဲချိတ်ပေးလိုက်ပါ ပြီရင်စောစောက Odin ဇယာကွက်နေရာမှာသွားကြည့်ပါ ဒီလိုနေရာမှာ
အ၀ါရောင် တက်နေပါမယ် ဒါဆိုချိတ်ဆက်မူအောင်မြင်ပါတယ်
ဒါဆို firmware တင်ဖို့ Odin ဇယာရဲ့  PDA နေရာမှာ နှိပ်ပြီ စောစောကဒေါင်ထားတဲ့ firmware ကိုရွေးပေးလိုက်ပါ ပြီရင် Start နေရာမှာနှိပ်ပေးပြီ စောင်နေပါ ဘာမှမလုပ်ပါနဲ ဒီအတိုင်ပြစ်ထားပါ
ခဏနေ Odin ဇယာကစောစောက အ၀ါရောင် တန်နေရာမှာ PASS ဆိုတဲ့ စာတန်တက်လာရင်
firmware တင်လို ပြီပါပြီ ဒါဆို usb ကြိုဖြုတ်ပြီ ဖုန်းကိုပိတ်လိုက်ပါ ပြီရင် Recovery modeဖြစ်အောင်လုပ်ရပါမယ် Recovery mode ဖြစ်အောင်
Homeခလုတ်+ Vol-up ခလုတ် ကိုပြိုင်တူဖိပြီ  ပါဝါဖွင့်ပါ second အနည်းငယ်ဖိထားပြီး Recovery mode ဖြစ်အောင်နှိပ်ထားပါ ခနနေ စာတန်၅ကြောင်းလောက်တက်လာပါမယ် အဲစာကြောင်းတွေထဲက wipe data/factory reset လေးကို Volခလုတ်တွေအသုံးပြုပြီသွားပါပြီရင် power ခလုတ်ကိုနှိပ်ပြီရွေးပေးပါပြီရင်Yes --- delete all user ဆိုတဲ့စာတန်ကိုထပ်ရွေးပေးလိုက်ပါ ပြီရင်ဖုန်းက Reboot ကျပြီ ပြန်တက်လာရင်အာလုံးfirmwareတင်လို့ အောင်မြင်ပါပြီ

Unordered List

Related Posts Plugin for WordPress, Blogger...