Likes

4/28/2013

Resume လုပ်မရတဲ့လင့်တွေနဲ့ ထပ်ခါထပ်ခါdownloadယူလို့မရတဲ့လင့်တွေကို ရအောင်လုပ်နည်း

 ကျွန်တော်တို့မြန်မာမှာ ကွန်နက်ရှင်မကောင်းတာနဲ့ ခဏခဏ ပျက်ကျသွားတာကိုတွေ့ရပါတယ်။ Resume လည်းမရတဲ့လင့်တွေရှိသလို 2shared မှာဒေါင်းတော့ ကျသွားရင် နောက်ထပ် ၈နာရီမှပြန်လာ download ဆွဲပါလို့ စာတန်းတွေတွေ့ပြီ စောင့်စောင့်ပြီးလုပ်နေရတာကိုတွေ့ပါတယ်။ 2shared က Resume ကလစ်လို့ရပေမယ့် original link ကိုသွားတော့ ကျွန်တော်တို့ ဒီမှာ ကွန်နက်ရှင် ညံ့တဲ့သူတွေအတွက်တော့ အလကားအချိန်ပုတ်တာပေါ့

download ဆွဲနေတုန်း အရေးထဲမီးပျက်သွားတယ်ဗျာ။ resume မရတဲ့လင့်တွေနဲ့ရှုပ်ရဦးမှာပဲလား? မနေ့က ကျွန်တော် game တစ်ခုဒေါင်းလုတ်ဆွဲနေတာ ၁နာရီနီးနီးရှိပြီ 1% ကနေမတက်လာတော့ပါဘူး။ ၂နာရီရောက်ခါနီးတော့မှာ Error ပြပြီး မရတော့ပါဘူး။ resume လုပ်လို့လည်းမရ။ ကျွန်တော့်ရဲ့ သူငယ်ချင်းက ဒီလင့်လေးပေးလိုက်ပါတယ်။ ခုတော့ အဆင်ပြေမယ့်နည်းလမ်းတွေ့ပြီဗျ။

ဒီမှာ

Huawei C8813 နှင့် 1500 တန် Sim Card




C8813 နှင့် 1500 တန် Sim Card

Huawei C8813 ဟန်းဆက်များတွင် 1500 တန် Sim Card များ ထည့်သောအခါ လိုင်းမတက် ... ကုဒ်မတောင်းပါက ... 910 (သို့ မဟုတ်) 73 ဖြင့် စသော CDMA800 လိုင်းကဒ်ကိုထည့်လိုက်ပါ ... 910 (သို့ မဟုတ်)73 ကဒ်များထည့်ပြီး ကုဒ်မတောင်းသေးလျှင် Setting ထဲမှ Factory data reset တစ်ကြိမ်ချလိုက်ပါ ... သေချာပေါက် ကုဒ်တောင်းပါလိမ့်မည် .... ကုဒ်တောင်းလျှင် Phone ပါကင်ဗူးအတွင်း ပါရှိသော .. ကုဒ် စာရွက် ကိုကြည့်ပြီး.. ကုဒ်ကို သေချာစွာ ရိုက်ထည့်ပေးလိုက်ပါ .. .ကုဒ်မှန်လျှင် Network Unlock Successfully ဆိုပြီး ပြပါလိမ့်မည် ... 
ပြီးလျှင်

Setting>>International Roaming >> Network Selection Setting >> အပေါ်က လိုင်းကဒ်ပေါ်တွင် CDMA Only ကိုရွေးပေးပါ >> အောက်က Select CDMA Network >> Switch To Next Network ကိုရွေးပေးပြီး ခေတ္တစောင့်ဆိုင်းလျှင် လိုင်းရရှိပါလိမ့်မည် ...
ဖြေကြားပေးသော .... KO Myo (ပုသိမ်) & Skipper Bobo (ကျွန်တော့်ဆရာ) တို့ အား အထူးပင် ကျေးဇူးတင်ရှိပါသည် ...

Ice Age Village V1.1.4 Game ကို Coin နဲ့ Acon ခိုးနည်း


Post ရဲ့ခေါင်းစဉ်အတိုင်းပါပဲ။ ပိုက်ဆံနဲ့ အစေ့လေးတွေကို ၈၈၈၈၈၈၈၈၈၈၈၈၈ တန်ဖိုးအထိရောက်အောင် ခိုးနည်းလေးပါ။ Online ပေါ်ပဲ တက်တက် ဘယ်အချိန်ဖြစ်ဖြစ် စိတ်ကြိုက် သုံးလို့ရပါပြီ။  iPhone/iPod ဒါမှမဟုတ်ရင် iPad က jailbreak လုပ်ပီးသားဖြစ်ရမှာပါ။ Ice Age village game မရှိသေးသူများလဲ iTunes ကနေ Free ပေးထားတဲ့အတွက် Download လုပ်ယူနိုင်ပါတယ်။
လုပ်ရတာ ပိုလွယ်ဖို့ iFile ထက်ကို iTools နဲ့ဆို ပိုအဆင်ပြေမှာပါ။ iTools နဲ့က Ice Age App ကို ရှာလို့ပိုလွယ်တယ်လေ။
အရင်ဆုံး Download ဆွဲပါ။
Download  ဆွဲပီးရင် အောက်က အဆင့်အတိုင်းလိုက်လုပ်ရအောင်…..
  1. iDevices မှာ Ice Age app ဖွင့်ထားရင် ပီးပီး Multitasking ကနေပါ ပိတ်လိုက်ပါ။
  2. iTools ကိုဖွင့်ပီး ဘယ်ဘက်ခြမ်းက File System ကို သွားပါ။
  3. File system ရောက်ရင် ညာဘက်ခြမ်းက App (User) ကိုသွားပီး Ice Age app ကိုရှာပါ။
  4. Download လုပ်ထားတဲ့ zip ဖိုင်ကို ဖြည်ပီး အထဲက Documents ဖိုဒါထဲမှာ ရှိတဲ့ file တွေအားလုံးကို Copy ကူးပီး အဆင့် ၂ က Ice Age app ထဲက documents ဖိုဒါထဲကို ကူးထည့်ပါ။
  5. ပီးသွားပီးဆိုရင်တော့ iDevice ကို သေချာသွားအောင် ပိတ်ပီးပြန်ဖွင့်လိုက်ပါ။ (Reboot လုပ်တာကို ပြောတာပါ)
  6. စက်ပြန်တက်လာရင် Ice Age game ထဲဝင်လိုက်ရင် တရုတ်စာတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါဆိုရင် ညာဘက်ခြမ်းအောက်နားကက Shop တွေ Friend တွေ ရှိတဲ့နေရာမှာ Option ရှိပါတယ်။ အဲဒီ Option ကိုသွားပါ။
  7. Option box ပေါ်လာရင် ဒုတိယမြောက်အကြောင်း ကိုသွားပါ။ Setting ပါ။ ရောက်သွားရင် တတိယအကြောင်းဖြစ်တဲ့ Language ကိုသွားပါ။
  8. Language ရောက်ရင်တော့ USA အလံလေးကို ရွေးလိုက်ရင် English လိုရပါပြီ။
  9. Enjoy your game ;)

Iron Man 3 – The Official Game V1.0.0 -APK+OBB-(588Mb)


၂၀၁၃ ဧပြီလ 25 ရက်နေ့မှာတော့ Iron Man 3 ဂိမ်းထွက်ရှိလာပါပြီ။ Iron Man 3 ဂိမ်းကိုနာမည်ကျော် Mobile Game ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gameloft ကဖန်တီးထားခြင်းဖြစ်ပါတယ် ။ Iron Man 3 ဂိမ်းကို Iron Man 3 ရုပ်ရှင်ဇာတ်ကား ၊ ဇာတ်ညွှန်းနှင့် မူရင်းရုပ်ပြစာအုပ်မှ ဇာတ်လမ်းသွားများကိုအခြေခံ၍ Iron Man 3 ဂိမ်းအသစ်ကိုရေးဆွဲထားတယ်လို့ဆိုပါတယ်။ ဒီဂိမ်းမှာတော့ Iron Man ဇာတ်ကောင်တစ်ခုတည်းမဟုတ်ဘဲ Iron Man ရဲ့အဖော်အဖြစ် အခြား Iron Man ၀တ်စုံသုံးခုဖြင့်ပြောင်းလဲကစားနိုင်မှာဖြစ်သလို လက်နက်များကိုလည်း upgrade မြှင့်တပ်ဆင်နိုင်မှာဖြစ်ပြီး အရင်တုန်းကထွက်ရှိထားတဲ့ Iron Man ဂိမ်းများနဲ့မတူတဲ့အချက်က ဒီဂိမ်းမှာ Iron Man ဇာတ်ကောင်က Endless Runner အနေနဲ့ကစားရမှာဖြစ်ပါတယ်။
တော်‌‌တော်‌‌လေးကိုကစားလို့‌ကောင်းပြီး ရုပ်‌ထွက်‌ပိုင်းလည်း‌ကောင်းမွန်‌တာကို‌တွေ့ရမှာပါ။
ရုပ်‌ထွက်‌ကလည်း 3D ဖြစ်‌တာ‌ကြောင့်‌ အ‌တော်‌‌လေးကို‌ကောင်းမွန်‌ပါတယ်‌။ ဒီ ဂိမ်း‌လေးထဲမှာ‌တော့ Iron Man ဟာ သူရဲ့ အဓိက ရန်‌သူ‌တော်‌‌တွေဖြစ်‌တဲ့Crimson Dynamo, Ezekiel Stane, Living Laser and the mighty M.O.D.O.K. နဲ့စွန့်‌ စွန့်‌စားစား ရင်‌ဆိုင်‌တိုက်‌ခိုက်‌ရမှာပါ.
မတူညီတဲ့ နိုင်‌ငံ ‌တွေရဲ့ ‌နေရာ ၃ ‌နေရာဖြစ်‌တဲ့ မာလီဘူး ကမ်း‌ခြေ ။ နယူး‌ယောက်‌ခ်‌ နဲ့ တရုတ်‌နိုင်‌ငံ
စတဲ့‌နေရာ ‌တွေကို Level အလိုက်‌ ကစားရမှာဖြစ်‌ပါတယ်‌
လမ်းတ‌လျှောက်‌မှာ power ‌တွေ ဖြည့်‌ခွင့်‌‌ပေးထားပါတယ်‌။ ရန်‌သူကိုတိုက်‌ခိုက်‌ဖို့အတွက်‌ မိမိဖုန်းရဲ့ စကရင်‌ကို အသုံးပြု၍ ဘယ်‌ညာ ‌ရှောင်‌တိမ်းနိုင်‌သလို ကိုပစ်‌ရမဲ့ရန်‌သူ့ယာဉ်‌ကိုလည်း touch ‌ပေး၍တိုက်‌ခိုက်‌ရမှာဖြစ်‌ပြီး ဆက်‌တိုက်‌ ပစ်‌ခတ်‌နိုင်‌ပါတယ်‌။
လမ်းတ‌လျှောက်‌‌လေဆာ‌ရောင်‌ခြည်‌အတားအဆီးများကို‌တော့သတိထား‌ရှောင်‌ရှားရမှာဖြစ်‌ပါတယ်‌။
Iron Man 3 v1.0 for Android  ကိုPlay Store မှာ download ရယူနိုင်ပြီးအောက်က link မှာ download ရယူနိုင်ပါတယ်။

Required Android O/S : 2.3+

Download Here:


Apk file ကိုမိမိရဲ့ဖုန်းထဲမှာသွင်းပြီး Done နဲ့ထွက်ပေးလိုက်ပါခင်ဗျ။Data zip —>extract—> ပြီးလျှင်’com.gameloft.android.ANMP.GloftIMHM’ Folder 
ကိုမိမိဖုန်းရဲ့ Internal SD card, Android, OBB မှာထဲ့ပေးလိုက်ပါခင်ဗျ။ OBB File မရှိလျှင် New Folder လုပ်ပြီး Name ကို OBB ဟုပေးလိုက်ပါ။


Thanks: Aung bobolwin ; bobolwin36@facebook.com

Huawei U8950D ကို S4 Custom Rom တင်မယ် ..



ကိုဟိန်းသူ(MMUG) ဆီကနေ ခွင့်တောင်းပြီးပြန်တင်ပေးလိုက်ပါတယ်..
Huawei U8950D သမားများအတွက်  S4 rom လေးဖြစ်ပါတယ် …..error မရှိသလောက်ပါပဲ … gallery apk တော့ ထပ်ပြီး install လုပ်ရပါမယ် ..
S4 custom rom တင်မယ်ဆိုရင် မိမိဖုန်းဟာ  root ၊ CWM တင်ပြီးသားဖြစ်ရပါမယ် … root ၊ CWM မတင်ရသေးသူများ        ဒီမှာ        လေ့လာပါ




U8950D S4 rom ကို      ဒီမှာ       ရယူပါ
ROM ဇစ်ဖိုင်လေးကို download လုပ်ပြီး CWM Recovery ထဲကနေ install လုပ်ရုံပါပဲ။လုပ်ပုံလုပ်နည်းများကို             ဒီမှာ             လေ့လာလိုက်ပါ.
အာလုံးအဆင်ပြေကြပါစေ..
မျိုးမင်းသန့်

Huawei Ascend D2 Root & Unroot ပြုလုပ်နည်း


nexusae0_MM382011
ရောက်မရောက်တော့မသိသေးဘူး root နည်းတွေ့လို့တင်ပေးလိုက်တယ်။ မရောက်သေးလဲရောက်တဲ့ အခါကျမလိုအောင် ယူထားလိုက်ကြပေါ့နော် :D
1)    Pcsuit လို ဟာမျိုးတွေသွင်းထားပါ Driver သိအောင်ပါ။
2)    (USB Debugging Mode) on ပီး ကြိုးထိုးလိုက်ပါ computer နဲ့။
3)  D2_ROOT_129 ကိုဒေါင်းပီး unzip it into the root directory C :/ (For example: C :/ D2_ROOT_130 /).
4)    Root.bat ကို run လိုက်ပါ။ space bar တစ်ချက်ပုတ်ပါ။အားလုံးပီးတဲ့အထိစောင့်လိုက်ပါ။အားလုံးပီးရင် အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
root d2
5)    ပီးသွားရင်တော့ D2 လေးက သူဘာသာသူ reboot ကျပီးတော့ ပြန်တက်လာရင် 机 友 会 D2 ROOT 管理 工具 (Root Managment Tool) ဆိုတဲ့ icon လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
root ascend d2 step 2
6)    机 友 会 D2 ROOT 管理 工具 (Root Managment Tool) လေးကို run လိုက်ပါ။ ပထမဆုံးစာကြောင်း 关闭 ROOT 功能 အာ့လေးကိုရွေးပေးပါ။ပုံမှာပြထားပါတယ်။
root d2 step 3
7)    ဘယ်ဘက်ကဟာလေးကိုနှိပ်ပေးပါ။
root d2 step 4
8)    ဘယ်ဘက်ကဟာကိုပဲထပ်နှိပ်ပေးပါ။
root d2 step 5
9)    device ကို reset ချပါ။ပြန်တက်လာရင် Ascend D2 လေးက root ပေါက်သွားတာကို မြင်တွေ့ရမှာပါ။ root chacker တွေနဲ့ တစ်ချက်လောက်စစ်ကြည့်ပါ :P
root ပြန်ဖျက်ချင်ရင် အဲ့ application ထဲက ဒုတိယစာကြောင်းကို နှိပ်ရပါမယ်။ပီးရင်တော့ အပေါ်ကဟာတွေလိုပဲ ဘယ်ဘက်၊ဘယ်ဘက် နှိပ်နှိပ်သွားပါ ။ အာ့ဆို root ပြန်ပျက်သွားမှာပါ။
Creadit to 4huawei.ru
Post by Hein Maung

Galaxy S2 အတွက် S4 Style Jelly Bean Rom


Samsung Galaxy S2 အတွက် S4 စတိုင် ဂျယ်လီပဲစေ့ rom လေးပါ
ပုံအတိုင်း S4 နဲ့ အတော်လေးတူပါတယ်
TouchWiz 5 နဲ့ ဂျလန်းပါ
ကျန်တဲ့ features တွေလဲ ပါတယ်
Official Jelly Bean ပေါ် ပြုပြင်ထားတဲ့အတွက် Error မရှိပါဘူး
ပုံစုံပြောင်းသွားတာပါဘဲ ဖြစ်ပါတယ်
ပုံကြည့်ပီး တရုတ်စာတွေနဲ့ မကြောင်သွားပါနဲ့ အင်္ဂလိပ်ပြောင်းလို့ရပါတယ်
နာမည်ကြီး ဖိုရမ်ကနေ မရမက ရှာထားတာနော်
အလန်းကြိုက်ရင် သုံးနိုင်တယ်
Rom တင်နည်းကတော့ ထုံးစံအတိုင်း recovery ကနေ တင်လိုက်ပါ
အဆင်ပြေကြပါစေ။
Screenshot_2013-04-25-10-24-52 (1) Screenshot_2013-04-25-10-25-32
Screenshot_2013-04-25-10-25-56Screenshot_2013-04-25-10-26-03

Xylon Rom For Samsung Galaxy Nexus (Maguro)


2013 မှာ Galaxy Nexus i9250 အတွက် အကောင်းဆုံး rom တစ်ခုဖြစ်တဲ့ Xylon Rom တင်ပေးလိုက်ပါတယ်။
ဒီ rom က Galaxy Nexus i9250 (Maguro) အတွက်ဘဲ ဖြစ်ပီး CyanogenMod အခြေခံထားတဲ့အတွက် ဂျလန်း Themes များနဲ့ စပယ်ရှယ် tweaks တွေ ပေါင်းစပ်ထားလို့
လူကြားသူကြားမှာ အလွန်အင်မတန် မျက်နှာပွင့်မယ့် အကောင်းစား rom တစ်ခုဘဲ ဖြစ်ပါတယ်။
ဒီ rom မတင်ခင် လက်ရှိ official rom ကို backup လုပ်ထားပါလို့ အကြံပြုချင်တယ်။
အပြစ်ဆိုလို့ ပြောစရာမရှိအောင် ရှားပါတယ်။
Maguro အတွက်ဖြစ်ပီး ကျန်တဲ့ code name တွေအတွက် ကိုယ်တိုင် googling လုပ်ပါ။
ဒီမှာ ဒေါင်းလုပ်ဆွဲပီးသကာလ ထုံးစံအတိုင်း recovery ကနေ flash ပါလေ။

Huawei C8813 အတွက် Samsung Galaxy S4 ROM







Huawei C8813 အတွက် Samsung Galaxy S4 Style ROM လေးပါ။ ဒီ rom လေးကိုတင်ဖို့အတွက်ဖုန်းမှာ CWM သွင်းထားဖို့နဲ့ ၊ root လုပ်ထားဖို့လိုပါတယ်။ အောက်မှာပေးထားတဲ့ ROM ဇစ်ဖိုင်လေးကို download လုပ်ပြီး CWM Recovery ထဲကနေ install လုပ်ရုံပါပဲ။ အောက်က link မှာ Huawei C8813 အတွက် Samsung Galaxy S4 ROM ကိုရယူနိုင်ပါတယ်။


ဖုန်းတွင် အင်တာနက်လိုင်း ကျရသည့် အကြောင်း ၂ ချက်






သူငယ်ချင်း တစ်ယောက်ကြုံရတဲ့ ဖြစ်ရပ်လေးပါ။ အခြား သူများလည်း ဒီလိုဖြစ်နေမှာစိုးလို့ မျှဝေ ပေးလိုက်ရပါတယ်။
သူက iPhone 4 ကိုင်တာပါ။ iPhone 4 မှာ အရင်က မိုဘိုင်း အင်တာနက် သုံးတာ တော်တော်ကောင်းပြီး နောက်ပိုင်း ကျတော့ 2G တောင် တက်မလာတဲ့ အထိ ဆိုးဆိုးရွားရွား ဖြစ်သွားသတဲ့လေ။ ဘာကြောင့်လဲ အဖြေရှာမရအောင် တစ်ပတ်လောက်ကြာတော့ ကျနော်လည်း ဘာမသိညာမသိနဲ့ သွားကလိကြည့်မိတယ်။ မထူးဘူးဗျ။ အင်တာနက်က H တက်ဖို့ ဝေလာဝေး။
နောက်တော့ သူ့တပ်ထားတဲ့ ကာဗာကိုဖြုတ်ပြီး သုံးကြည့်လိုက်တော့ အင်တာနက်က သုံးလို့ ကောင်းသွားပါလေရော။ တရားခံ ကတော့ ဖုန်း ကာဗာပါပဲ။
သူတပ်ထားတဲ့ ဖုန်းကာဗာက အလူမီနီယံ အမာသား၊ ဖုန်းက လည်း အလူမီနီယံ။ အဲ့မှာ တည့်တည့်တိုးပါလေရော။ သာမန် ဘေးတွေ ကာတာ ပြဿနာ မရှိပါဘူး။ iPhone ရဲ့  ထိပ်ပိုင်းကိုပိတ်ပြီး တပ်ထားတဲ့ ကာဗာလေ။ ဒါကြောင့် အင်တာနက် သုံးလို့ မရနီးနီးအောင်ကို လိုင်းကျတာကိုး။ ဒီတော့ တွေ့ရှိချက်က–
iPhone ရယ်လို့ မဟုတ်ပဲ ဘယ်ဖုန်းပဲ ဖြစ်ဖြစ် အင်တာနက် ကောင်းကောင်း သုံးချင်ရင် ကာဗာ မတပ်တာ အကောင်းဆုံးပါပဲ။ သုံးနေတုန်း ခဏဖြုတ်တာမျိုးပေါ့။ တပ်ရင်တောင် ကိုယ်တပ်တဲ့ ကာဗာက ဖုန်း အင်တာနာပတ်လည်မှာ သွားပိတ် မနေမိဖို့ ပိုအရေးကြီးပါတယ်။ ပွန်းပဲ့မှာစိုးလို့ ကာဗာတပ်တာတော့ မှန်ပါတယ်လေ။
အဓိကက အင်တာနာ ပတ်လည်မှာ ကာဗာပိတ်မိမနေစေဖို့ပဲ။ ကိုယ်ဖုန်း တစ်လုံးဝယ်တဲ့အခါ ဘယ်နေရာက ဖုန်းလိုင်း signal ဆွဲတဲ့ နေရာလည်းဆိုတာကို သေချာလေ့လာ။ ပြီးတော့ ယင်းနေရာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်ထားတာမျိုးက အကောင်းဆုံး ဖြစ်ပါတယ်။
စကားပုံလည်း အရှိသား။ နဂိုရှိမှ နဂိုင်းထွက်တဲ့။ လိုင်းက သူ့ဘာသူ မတက်တာကြီးကို င့ါဖုန်း ဘာများ ဖြစ်သလဲလို့ သံသယ မဝင်သင့်ပါဘူး။
နောက်တစ်ချက်က ဘက်ထရီ Saving app တွေ။ ကိုယ့် ဖုန်း အားကုန်မှာစိုးလို့ ဆိုပြီး ဘက်ထရီကို ထိန်းသိမ်းပေးမယ့် app တွေ ဇွတ်ထည့်ပါလေရော။ Mobile Data Switch ရဲ့  အလုပ်လုပ်မှုကလည်း ဘက်ထရီအားကို အကုန်ကျများစေလို့ ဘက်ထရီ ထိန်းသိမ်းပေးတဲ့ app တွေက Data Usage လျော့ချပေးတာမျိုး၊ banwidth လျော့ချတာမျိုးတို့ လုပ်တတ်ပါတယ်။ မိတ်ဆွေ တစ်ဦးရဲ့  ကိုယ်တွေ့ပါပဲ။
လောလာဆယ်တော့ ဒီနှစ်ချက်ပဲ အရင် ပြောပါအုံးမယ်။ နောက်တော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးတဲ့အခါ ဘယ်အချက်တွေ ရှောင်ရမယ် ဆိုတာကို တစ်ချက်ချင်းစီ ရှင်းလင်းဖော်ပြပါ့မယ်။
-
အောင်ခမ်း (TSJ team)
………………………………
Copy and Credit to TechSpace Journal

Y210C B826 / B825 root


Y210C  B826 / B825 root လွယ်လွယ်လေးပါ

အောက်ကပာာလေးဒေါင်းလိုက်ပါနော်

ပီးရင် ဖွင့်ပါ

root ဆိုတာ နှိပ်လိုက် ok ပါ ပီ

ဒီမှာဒေါင်းပါ

Unordered List

Related Posts Plugin for WordPress, Blogger...