Likes

4/26/2013

Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer



images
ကဲ ဒီမှာ မရေးဖြစ်တာလည်း ကြာသွားတော့ ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်။ ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။ Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့
recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့ Update Failed ဖြစ်ရတဲ့ ပြသနာက
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့ Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိ
ကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့
ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။

Huawei C8812E ကို အလွယ်ဆုံးနည်းနဲ့ Root ဖောက်ကြည့်ရအောင်။




Huawei C8812E ကို အလွယ်ဆုံးနည်းနဲ့ Root ဖောက်ကြည့်ရအောင်။Credited by (ThuDaNu AIO & Ko ThitSanKhant)
အရင်ဆုံး Computer မှာ Driver သွင်းပြီးသားဖြစ်ရပါမယ်။ ဖုန်းမှာလည်း USB Debugging On ထားပြီးသား ဖြစ်နေပါစေ။

ပထမဆုံး လုပ်ရမှာကတော့ Unlock Code တောင်းရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=preUnlock အဲဒီဆိုဒ်ကို သွားပါ။
ဒီလိုလေးတွေ့ပါမယ်။
အောက်မှာ ကျွန်တော် ပြထားသလို ပြင်လိုက်ပါ။
အပေါ်ဆုံးအကွက်က Email ထည့်ရပါမယ်။
နှစ်ကြောင်းမြောက်မှာက Smart Phone နဲ့ Tablet ကို ရွေးခိုင်းတာပါ။ အခု ကျွန်တော်ပြထားသလို ပြောင်းပေးလိုက်ပါ။
သုံးကြောင်းမြောက်မှာတော့ ကိုယ့်ဖုန်းအမျိုးအစားကိုရွေးပေးပါ။ အခုက C8812E အတွက်ဆိုတော့ အဲဒါကိုရွေးပေးလိုက်ပါ။

လေးကြောင်းမြောက်ကတော့ Serial Number ပါ။ သူ့ကို တွေ့ချင်ရင် ဖုန်းbattery ဖြုတ်ကြည့်ရင် အောက်မျက်နှာပြင်မှာရေးထားပါတယ်။
ငါးကြောင်းမြောက်ကတော့ IMEID ထည့်ရပါမယ်။ *#06# ရိုက်ပြီး ကြည့်ပါ။ နှစ်ခုမှာအပေါ်ကကောင်ကိုပဲ ထည့်ပါမယ်။
ခြောက်ကြောင်းမြောက်ကတော့ Product ID ထည့်ရပါမယ်။ သူ့ကိုကြည့်ဖို့ကတော့*#*#1357946#*#* ကိုရိုက်ပါ။
ဒါတွေ အားလုံးဖြည့်ပြီးရင်တော့ အနီရောင် button လေးကို နှိပ်ပြီး ပို့လိုက်ပါ။ တစ်ရက်၊နှစ်ရက်လောက်တော့ စောင့်ရပါတယ်။
အဆင့်(၃)ဆင့်ရှိပါတယ်။ ပထမအဆင့် Unlock Code ဖြည်ပါမယ်။
Unlock Code ၁၆လုံး ရလာခဲ့ပြီဆိုရင်တော့ CMD သုံးတတ်သူများကတော့ မပြောတော့ပါ။ မသုံးတတ်သူများကတော့ အောက်ကဟာလေးကို ယူပါ။
Megacloud Link >> http://mc.tt/09yo2ikupw
ဖုန်းကို အရင်ဆုံး fastboot ကို off လုပ်ပါ။ ပြီးရင် ပါဝါပိတ်ပါ။ ၁၀စက္ကန့်လောက်စောင့်ပြီး fastboot (Vol Down + Power ) ၀င်ပါ။ Logo မှာ ရပ်နေတာသေချာရင် ဖုန်းကို Computer မှာ ချိတ်ပါ။ စောနက ဒေါင်းထားတဲ့ကောင်လေးကို Run လိုက်ပါ။ Unlock code ကိုတောင်းပါမယ်။ထည့်ပြီး Enter ခေါက်လိုက်ပါ။
“Are you sure to unlock your Huawei device…….”  ဆိုတာလေးနဲ့ Confirm လုပ်ခိုင်းပါမယ်။ Enter နောက်တစ်ချက်ခေါက်ပြီး စောင့်နေလိုက်ပါ။ ရသွားပါလိမ့်မယ်။Unlock Code ဖြည်တာ ပြီးပါပြီ။
ဒုတိယအဆင့် Recovery သွင်းပါမယ်။
အရင်ဆုံး ဒါလေးကို ယူပါ။
Megacloud Link >> http://mc.tt/3cyq764tQY

ရလာတဲ့ HuaWei_C8812E_OneKeyTools.exe ကို ဖုန်းကို fastboot ၀င်ထားပြီး run လိုက်ပါ။ Bootloader……Recovery ဆိုတာလေးကို နှိပ်ပါ။ (*****အခြားဘာကိုမှ မနှိပ်ပါရန်။*****) စောင့်နေလိုက်ပါ။ ဖုန်းက Auto Restart ကျသွားပါလိမ့်မယ်။ဒါဆို Recovery ၀င်လို့ ရပါပြီ။
တတိယအဆင့် Root လုပ်ပါတော့မယ်။အောက်ကကောင်လေးကို ယူပါ။
Megacloud Link >> http://mc.tt/b2ypCkD8U2
ရလာတဲ့ကောင်လေးကို ဖုန်းရဲ့ SD ကဒ်ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပါ။ ၁၀စက္ကန့်လောက် Battery ဖြုတ်ထားလိုက်ပါ။ ပြီးရင် Recovery Mode ( Vol Up + Power ကို ခပ်ကြာကြာလေးနှိပ်) ၀င်ပါ။ Install zip from sd ရွေးပြီး စောနက ထည့်ထားတဲ့ C8812E-Root.zip ကို ရွေးပေးလိုက်ပါ။ installation Complete ဖြစ်သွားပြီဆိုရင် Back နဲ့ ပြန်ထွက်ပြီး Reboot System Now ကိုနှိပ်ပြီး Restart ချလိုက်ပါ။ ပြန်တက်လာရင်
Root လုပ်တာ ပြီးသွားပါပြီခင်ဗျာ။ ကဲ အားလုံးပဲ အဆင်ပြေကြပါစေ။

Samsung Galaxy Tab P3100 Root ဖောက်နည်း




ပထမဆုံးလိုတာလေးတွေအရင်ဒေါင်းလိုက်ပါ။
ဒါတွေကတော့ CWM နဲ့ Root လုပ်ရမဲ့ဟာတွေပါ..
ဒေါင်းပြီးရင်တော့ Odin လေးကိုထပ်ဒေါင်းပါအုံး….
ဒါဆိုလုပ်လို့ရပြီပေါ့နော်..
လွယ်ပါတယ်.
odin ကိုအရင်ဖွင့်လိုက်ပါ။
Galaxy Tab ကိုပါဝါပိတ်လိုက်။
ပြီးရင် Download Mode ၀င်မယ်.
Volume Down + Power ကို ဖိနှိပ်လိုက်ပါ.
Download mode ၀င်ပြီးရင် ကြိုးထိုးပြီး Odin နဲ့ချိတ်မယ်…
ဒီလိုအ၀ါရောင်ပေါ်လာရင်ရပြီ…
PDA မှာ GT-P3100_ClockworkMod-Recovery_5.5.0.4.tar ကိုထည့်မယ်..
Star ကိုနှိပ်မယ်..
ဒီလို Pass ဆိုအဆင်ပြေပါပြီ။
update.zip ကို SD Card ထဲထည့်လိုက်ပါ..
ပြီးရင် Recovery mode ၀င်ရမယ်…
Volume up + Power ကိုဖိနှိက်လိုက်မယ်.
Samsung logo တစ်ခါပေါ်မယ်…
ပြန်ပျောက်သွားမယ်..
ပြီးရင်ပြန်ပေါ်လာမယ်…
နှစ်ခါပေါ်ပြီးရင် လွတ်လိုက်တော့…ထိုင်ကြည့်နေလိုက်ပါ။
Recovery mode ၀င်သွားလိမ့်မယ်..
Install zip From SD Card ကနေ updata.zip ကိုရွေးပေးလိုက်ရင် Root ရပါပြီ။
အဆင်ပြေပါစေ။
ဖြိုးချမ်း (www.myanmarmobilesoftwaredeveloper.com)

U8812D ကိုအလွယ်ဆုံး Root လုပ်နည်း




U8812D ကနည်းနည်းတော့ကြာပါပြီ။
ဒါပေမဲ့သူကိုလုပ်တာပြသာနာတွေနဲ့
ကြုံနေရတဲ့သူတွေအတွက်အလွယ်ဆုံးနည်းလေးတင်ပေးလိုက်ပါတယ်…
အဆင်ပြေမှာပါ။
ပထမဆုံးဒါလေးကိုအရင် Download လုပ်ရပါမယ်…

U8812D Root.zip


U8812D Root.zip


ပြီးရင် Extract လုပ်လိုက်ပါ..
root_tools.exe  ကို Run လိုက်ပါ….
ဖုန်းကိုဒီအတိုင်း USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ပြီးကြိုးထိုးရုံပဲနော်…..
ဘာမှလုပ်စရာမလိုဘူး

Root ဆိုတာလေးကို နှိပ်လိုက်ပါ….
ပြီးရင် Reset ကျသွားပါလိမ့်မယ်…
မကျရင် Reset ချပေးလိုက်ပါ..
ပြန်တက်လာရင်Root ဆိုတာလေးတွေ့ပါလိမ့်မယ်…..
အဆင်ပြေပါစေ….

C8826D ကို Root လုပ်မယ်။။။





ဒီဖိုင်နှစ်ခုကိုအရင်ဒေါင်းလိုက်ပါ.
Recovery   http://d-h.st/S4l
ပြီးသွားရင်တော့ U8812D နဲ့လုပ်တာချင်းတူပါတယ်…
ပြီးရင် update.zip ကို Sd Card ထဲ ထည့်ပြီး Recovery မှာ ရွေးလိုက်ရင်ရပါပြီ…


C8813 Root လုပ်နည်း.


C8813 Root လုပ်နည်း.


အရင်ဆုံး Bootloader Unlock အရင်လုပ်ရမယ်…
ဒီကိုသွားလိုက်ပါ..
ဒါလေးတွေမယ်….
အမှန်ခြစ်ပြီးအနီရောင်လေးနှိပ်လိုက်ပါ။
ပြီးရင်အချက်အလက်တွေထည့်ရမယ်..
ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။
၁။ Serial Number ကြည့်ရမယ်။
၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။
၃။ PID ကိုကြည်ရပါမယ်….

Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။
ဥပမာ။            ။                 N5T4CB9261909742

MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။
ဥပမာ။          ။                a0000036e0bb98
တရုတ်လိုတွေရေးထားပါတယ်။လုပ်ရမယ့်လမ်းစဉ်တွေကို ရေးပေးထားပါတယ်။
PID ကို *#*#1357946#*#* နဲ့ကြည့်ရပါမယ်…

ပထမဆုံးစာကြောင်းကိုကိုယ့်ရဲ့ Email လိပ်စာထည့်ပါ။
ဥပမာ။            ။             myanmarmobilesoftwaredeveloper@gmail.com
ဒုတိယစာကြောင်းက Category ရွေးခိုင်းတာပါ။အောက်ဆုံးကဟာကိုရွေးပေးလိုက်ပါ။
တတိယစာကြောင်းက Type ကိုရွေးခိုင်းတာပါ။Huawei C8813 ကိုပဲရွေးရမှာနော်…..
စတုတ္ထစာကြောင်းက IMEiD ကိုရေးခိုင်းထားပါ။
အောက်ဆုံးကတော့ PID နော်…..
အားလုံးဖြည့်ပြီးရင် အနီလေးကို နှိပ်လိုက်ပါ။
၂ရက်၊၃ရက်လောက် ကြာရင် Huawei ကနေ mail ပိုပေးပါလိမ့်မယ်။
Huawei ကပို့တဲ့ mail မှာ Code ၁၆ လုံးတွေပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။ Unlock လုပ်ဖို့ Code တွေပါ။
Unlock လုပ်ရမဲ့နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။
ဒီဖိုင်လေးကိုအရင် Download လုပ်ပါ။

ဒေါင်းရန်

Password: www.myanmarmobilesoftwaredeveloper.com

ပြီးရင် rar ကို Extract လုပ်လိုက်ရင်
Huawei Unlocker.exe ကို တွေ့လိမ့်မယ်…
Run လိုက်ပါ
Fastboot Mode ၀င်ပြီး လုပ်ပါ….
Volume Down + Power ကို ဖိနှိပ်လိုက်ရင် logo မှာရပ်နေလိမ့်မယ်…
ကြိုးထိုးပြီး Huawei Unlocker.exe မှာ code 16 လုံးရိုက်ပြီး Enter ခေါက်လိုက်ရပါပြီ။
ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်….
ပြီးရင် Cache တွေရှင်းတာကိုတွေ့ရလိမ့်မယ်..
လုံးဝပြန်တက်လာတဲ့အထိစောင့်ပေးပါ….
မစောင့်ပဲလုပ်ရင် Recovery Mode မှာပဲ လည်နေပါမယ်…
USB Debugging နဲ့ unknown Sources ကို on ထားပါ..
ပြီးရင်တော့ Root ဖောက်လို့ရပါပြီ…
update.zip ကို SD Card ထဲထည့်လိုက်ပါ..
C8813 one Key root.exe ကို run လိုက်ပါ..
ပြီးရင်တော့ Volume Down + Power နဲ့ Fastboot ၀င်လိုက်ပါ….
Screenshot - 1_29_2013 , 2_21_08 PM
Logo မှာရပ်နေပါလိမ့်မယ်…..
သုံးကြောင်းမြောက်က Bootloader Recovery ကိုနှိပ်လိုက်ပါ….
Reboot ကျတဲ့အထိစောင့်ပါ……
ပြီးရင် Battery ဖြုတ်လိုက်ပါ…
Volume + Power နဲ့ Recovery Mode  ၀င်လိုက်ပါ…
1_130126163245_1
update.zip ကိုရွေးလိုက်ပါ..
ပါဝါပြန်တက်လာရင်ကြည့်လိုက်ပါ….
အသစ်လေးတွေတွေ့ရပါလိမ့်မယ်……
ဖြိုးချမ်း (Admin At MMSD)

C8813 Networklock Error ဖြည်ရှင်းနည်း လေးပါ



Recovery ကနေ ဒီဖိုင်ကို install လုပ်လိုက်ပါ 

Jailbroken iDevices တွေအတွက်.. Cydia ထဲမှ.. အနှစ်များ




1. Activator (Source: BigBoss)
§  အရမ်းကိုမိုက်တဲ့ဟာလေးပါ... iDevices မှာပါတဲ့.. မရှိမဲ့ရှိမဲ့.. ခလုတ်ကလေး ၂ ၊ ၃ ခုကို.. နှိပ်စရာမလိုအောင်.. Touchscreen ကိုကောင်းကောင်းအသုံးချလို့ ရသလို... ကိုယ်လိုအပ်သလို ကြိုက်သလို ပက်ပက်စက်စက် Shorcut တွေပေးလို့ ရပါတယ်ဗျာ... သူကအရင်တုန်းကတော့... Settings ထဲမှာဘဲဝင်ကလိရပေမယ့်.. အခုနောက်ပိုင်း အပြင်မှာ icon တစ်ခုအဖြစ်ပါလာတာတွေ့ ရပါတယ်...


2. AppSync for iOS 4.0+ (or) iOS 5.0+ (Source: cydia.hackulo.us)
§  တော်တော်များများသိပြီးသား ဖြစ်မှာပါ.. Cracked လုပ်ထားတဲ့.. App တွေကို.. ပက်ပက်စက်စက် အပူအပင်မရှိ.. ထည့်လို့ ရပါတယ်... (သူ့ Capacity ထက်တော့ ပိုထည့်လို့ မရဘူးပေါ့ဗျာ..) နောက်ပြီး.. သူ့ ကို Sources တော်တော်များများကနေယူလို့ ရပါတယ်.. (e.g.. cydia.xselliza.com, cydia.hackulo.us, h7v.org, etc...)


3. Barrel Cracked (Source: www.sinfuliphonerepo.com)
§  Pages တွေကို တစ်ခုနဲ့ တစ်ခု Swipe လုပ်တဲ့အခါမှာ.. icon လေးတွေအရွှေ့ ကို.. အလန်းလေးတွေဖြစ်အောင်လုပ်ထားတဲ့.. Software ပါ... iDevices သုံးတဲ့သူတိုင်းအတွက် မရှိမဖြစ်လေးပါဗျာ...


4. SBSettings (Source: BigBoss)
§  Wifi ဖွင့်တာပိတ်တာ.. Screen Brightness ချိန်တာ.. Bluetooth အဖွင့်အပိတ်.. ကုန်ကုန်ပြောမယ်.. Power ဒေါင်းတာ.. Reboot လုပ်တာ.. Respring လုပ်တာ.. Airplane mode ပြောင်းတာ.. နိုင်ခြံကားမှာ ဆိုရင်.. 3G နဲ့ .. EDGE ပြောင်းတာကအစ ရတယ်.. (ဒီမှာ သုံးလို့ မှမရတာ).. နောက်ပြီး.. သူက Activator နဲ့ .. ချိတ်ထားတာဆိုတော့.. Activator ရှိရင်ပိုအဆင်ပြေတယ်... တစ်ချက်ပွတ်လိုက်တာနဲ့ .. စားသောက်ဖွယ်မျိုးစုံပါတဲ့.. စားပွဲဝိုင်းကြီးနဲ့ တူတယ်... စစချင်းဆိုရင်တော့.. သူက.. Signal Bar ကနေ.. ဘေးကိုပွတ်လိုက်ရင်ရပြီ... မကျေနပ်သေးရင်.. Activator နဲ့ .. ပက်ပက်စက်စက် ပြင်လို့ ရသေးတယ်..


5. Call Delete Cracked (Source: www.sinfuliphonerepo.com)
§  အိုင်ဖုန်းမှာ... ကိုဖျက်ချင်တဲ့.. Recent Calls တွေကို.. တစ်ခုချင်းဖျက်လို့ မရဘူး... All Clear ပဲရတယ်.. ဒါလေးသွင်းပြီးတဲ့အခါမှာတော့... ကြိုက်တဲ့သူဆီ.. ဆက်ချင်သလောက်ဆက်.. ပြီးရင်.. Swipe To Delete Manually ပဲ.. ကိုယ်ဖျက်ချင်တဲ့.. call ကိုပွတ်လိုက်.. ဘေးမှာ.. Delete လေးပေါ်လာလိမ့်မယ်.. ငါးရံ့ နှစ်ကောင် ဖမ်းချင်သူတွေအတွက်တော့.. လက်မလွှတ်သင့်တဲ့.. အရာလေးပါ... (နို့ မို့ ရင်ဖုန်းစစ်လိုက်တာနဲ့ .. အကုန်မိကုန်မှာ.. ခုတော့.. အေးဆေး)


6. AnyRing Cracked (Source: www.sinfuliphonerepo.com)
§  အိုင်ဖုန်းမှာ.. Ringtone format ပြောင်းနေရလို့ စိတ်ညစ်နေလား.. ဒါလေးသွင်းလိုက်ပါ... Phone Ring လား.. SMS Ring လား.. ကြိုက်တာပြော.. အေးဆေး.. Ringtones အချင်းချင်းလဲ.. Bluetooth နဲ့ ပို့ လို့ ကရသေး.. (Android တွေမပါ.. သန့် သန့် လေးသာဖြစ်သဖြင့်.. iDevices အချင်းချင်းပဲရပါတယ်) ဖုန်းထဲမှာသာ.. Ringtones ကို Playlist လုပ်ပြီးထည့်ထားလိုက်.. ကြိုက်တာပြောင်းပေတော့...


7. iBlacklist Cracked (Source: www.sinfuliphonerepo.com)
§  သောက်ညင်ကပ်နေတဲ့သူ.. အမုန်းကြီးမုန်းနေတဲ့သူတွေဆို... ဖုန်းမပြောနဲ့ .. Message ပါပို့ လို့ မရအောင်.. လုပ်ထားတဲ့.. ဟာပါ.. သူ့ မှာ.. Whitelist နဲ့ .. Blacklist ဆိုပြီး.. ၂ မျိုးပါပါတယ်.. တစ်ခုခုထဲကို.. ကြိုက်တဲ့ Contacts တွေထည့်ထားပြီး.. ကြိုက်တဲ့ဟာကို.. Active list မှာ.. Active လုပ်ထားလိုက်ပါ.. Whitelist နဲ့ .. Blacklist ကတော့.. အဲ့ထဲမှာ ဘာလဲဆိုတာရှင်းပြီးသား.. (မောလာလို့ )


8. Lockdown pro (Source: www.sinfuliphonerepo.com) {not run ios 5xx}
§  iprotect ထက်စာရင်.. ဒါကိုပိုပြီး.. prefer ဖြစ်ပါတယ်... iprotect က.. Settings ထဲထိဝင်လုပ်နေရတဲ့အချိန်မှာ.. ဒီကောင်က.. App တစ်ခုချင်းစီအလိုက်.. Home Screen မှာ.. Lock ပုံလေးကို.. တို့ လိုက်ယုံနဲ့ .. Lock လုပ်ပြီးဖြစ်မှာပါ...


9. Multicleaner Cracked (Source: www.sinfuliphonerepo.com)
§  ဖွင့်ပြီးသား.. app တွေကို.. Home Screen နှိပ်ယုံနဲ့ .. complete exit မဖြစ်ပါဘူး.. အနောက်မှာ.. App က Run နေပါသေးတယ်.. သူ့ တို့ ကိုဖျက်ဖို့ ဆိုရင်.. Home Screen ကို Double Press လုပ်ရပါတယ်.. ပြီးရင်.. App တစ်ခုချင်းစီကို.. ဖိပြီး.. ငြီးငွေ့ စရာကောင်းလောက်အောင်.. လိုက်ဖျက်ရပါတယ်.. ဒါတွေအကုန်လုံးအတွက်.. Multicleaner ကတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်.. Activator နဲ့ ပေါင်းပြီး. သူက Shorcut လုပ်လို့ ရပါတယ်.. Shortcut တစ်ချက်ထဲနဲ့ .. နောက်မှာ Run နေတဲ့.. app ပေါင်းသောင်းခြောက်ထောင်ကို.. အကုန်လုန်း.. ဖျက်ပေးသွားမှာဖြစ်ပါတယ်..


10. iFile Cracked (Source: www.sinfuliphonerepo.com)
§  iDevice ရဲ့ File Manager ပါ.. System files တွေကအစပါလို့ .. အသုံးမတော်ရင်.. Danger ပါ.. ဒါပေမယ့်.. သူ့ ရဲ့ကောင်းကွက်ကတော့.. ဓာတ်ပုံတွေ.. သီချင်းတွေကို.. bluetooth နဲ့ .. အိုင်ညီအစ်ကို.. အချင်းချင်း.. Share လို့ ရပါတယ်... သူ့ ကိုတော့.. PC မှာ.. 91 တို့ .. DiskAid တို့ နဲ့ .. တွဲရမှာဖြစ်ပြီး.. သုံးတတ်ရင်တတ်သလို တော်တော်အရသာရှိပါတယ်.. .ipa တွေကိုလဲ.. ထည့်သိမ်းထားလို့ ရတော့.. ဂေါ်တာပေါ့ဗျာ..


11. Installous 4 (Source: www.sinfuliphonerepo.com)
§  Cracked လုပ်ပြီးသား app တွေ.. ဂိမ်းတွေ.. အခမဲ့.. ဒေါင်းလို့ ရတဲ့.. browser app လေးပါ.. တော်တော်များများ.. အဲဒီမှာရှိပါတယ်.. သူက.. iFile နဲ့ လဲတွဲသုံးလို့ ရသေးသဗျ... အသေးစိတ်ကတော့.. ကလိသာကြည့်တော့ဗျို့ ..


12. Lockinfo (Source: www.sinfuliphonerepo.com)
§  Lock Screen ကို Android ပုံစံ.. ပြောင်းပြီး.. အမြင်ဆန်းချင်တဲ့.. User များအတွက်ပါ.. Lock Screen ကို.. Weather လေးတွေ Calendar လေးတွေ.. ထားချင်တယ်ဆိုရင်.. Settings ထဲမှာ ၀င်ကလိလို့ ရပါတယ်.. အသစ်လိုချင်သေးရင်.. Plug-in တွေထပ်ဒေါင်းလို့ ရပါသေးတယ်..


13. PasswordPilot (Source: BigBoss)
§  AppStore ကနေ.. ကိုယ့် iTunes အကောင့်နဲ့ .. app တွေဆွဲတိုင်း.. password ရိုက်ထည့်ပေးနေရတဲ့.. ဒုက္ခကကင်းဝေးမှာဖြစ်ပါတယ်... Settings ထဲမှာ တစ်ခါတည်း.. ကိုယ့် password ကိုရိုက်ထည့်ထားလိုက်ရင်.. Password အတွက်.. အချိန်မကုန်တော့ဘူးပေါ့ဗျာ..


14. Wifi Passwords (Source: BigBoss)
§  ကိုယ့် iDevices ထဲကို.. သူများက wifi passwords ကိုကိုယ်မသိအောင် passwords ရိုက်ထည့်ပေးလိုက်ရင်.. ဘာရိုက်လိုက်တယ်ဆိုတာ.. ပြန်ကြည့်လို့ ရတဲ့.. app ပါ...


15. Make It Mine (Source: ModMyi)
§  Singal Bar ဘေးမှာပေါ်နေတဲ့.. Carrier နဲ့ .. နာရီပေါ်နေတဲ့.. Banner နေရာမှာ.. ကိုယ်ကြိုက်တဲ့.. စာသားကို.. ရေးချင်ရာရေး.. ပြီး.. ပေါ်နေအောင်လုပ်လို့ ရပါတယ်..


16. AndroidLock XT (Source: www.sinfuliphonerepo.com)
§  ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး.. Android လိုမှ.. lock ချချင်တဲ့.. အရူးတွေအတွက်.. :P


17. emojiPad (Source: BigBoss)
§  ချစ်စရာ.. Smileys လေးတွေနဲ့ .. keyboard တစ်ခုရမှာဖြစ်ပါတယ်.. သူ့ ကို Enable လုပ်ပြီး.. Settings ထဲမှာ.. Add new keyboard လုပ်ပြီး.. emoji ဆိုတာကိုရှာရွေးလိုက်ရင်.. System keyboard ထဲမှာ.. ချစ်စရာ.. Smiley လေးတွေပါလာမှာဖြစ်ပါတယ်..


18. LabelSlider နဲ့ .. LiveClock (Source: BigBoss)
§  LabelSlider က.. Unlock လုပ်တဲ့ Slide နေရာမှာ.. ကိုယ်ကြိုက်တာရေးထည့်လို့ ရတာ.. LiveClock က.. iphone မှာ Clock Icon က.. Live ဖြစ်သွားတာ..


19. Icon Renamer နဲ့ .. Gridlock (Source: icon renamer က BigBoss, GridLock က.. Sinful)
§  Icon Renamer က.. ကြိုက်တဲ့ icon ကို.. ကြိုက်သလို နာမည်ပေးတာ.. Gridlock က.. Icon တွေကို.. ထားချင်သလို ထားလို့ ရတာ..




20. WinterBoard (Source: theme တစ်ခုကို.. ဒေါင်းလိုက်တာနဲ့ ပါပြီးသား)
§  Theme ပေါင်းသောင်းခြောက်ထောင်ကို ဒီကောင်လေးနဲ့ apply လုပ်ရပါမယ်။


21. DreamBoard (Source: cydia.xsellize.com)
§  ဒီကောင်ကတော့ အဆင့်မြင့် theme တွေ apply လုပ်ရင်သုံးတယ်။ ဘယ်လိုအဆင့်မြင့်လဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ရင် သိရပါလိမ့်မယ်။


22. Graviboard (Source: cydia.xsellize.com)
§  Home Screen မှာ စက်ကို တချက် shake လိုက်ရုံနဲ့ icon လေးတွေ gravity နဲ့အတူ ရွေ့ချင်တိုင်းရွေ့ပြီး မျောနေတာကို တွေ့ရပါလိမ့်မယ်။ ဖန်စီဆန်ဆန်လေးပါ။ setting အနေနဲ့ Settings> Graviboard> Activation Methods> Motion အောက်က Shake Device ကို အမှန်ခြစ်ပါ။ Settings> Graviboard ထဲဝင်ပြီး Allow Laungching Apps ကလွှဲလို့ ကျန်တာတွေကို On ပေးပါ။ ကျတော်လုပ်သလိုမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကျ setting ပေးနိုင်ပါတယ်။


23. Direct Closer Pro (Source: cydia.xsellize.com)
§  ပုံမှန်အရ multitask background ထဲဝင်နေတဲ့ apps ကို ပိတ်ချင်ရင် run နေတဲ့ icon လေးကို wiggling ဖြစ်တဲ့အထိ ဖိရပါတယ်။ ဒီ tweak လေးရှိရင် တခါထဲ close လုပ်လို့ရမှာပါ။


24. GPower Pro (Source: cydia.xsellize.com)
§  Power key ကို ၂.၅ စက္ကန့်ကြာကြာနှိပ်ထားရင် ပုံမှန်အားဖြင့် slide to power off ဆိုတဲ့ စာတန်းလေးတစ်ခုပဲပေါ်ပါတယ်၊ ဒီ tweak သွင်းထားရင်တော့ slide to power off အပြင် slide to reboot နဲ့ slide to respring ဆိုတဲ့ စာတန်းနှစ်ကြောင်း တိုးလာပါမယ်။


25. Infinidock (Source: repo.biteyourapple.net)
§  Home Screen ရဲ့ dock မှာ icon, 4 ခုပဲ ထားနိုင်လို့ အားမလိုအားမရဖြစ်နေရင်တော့ ဒီ tweak က ဖြေရှင်းပေးပါလိမ့်မယ်။ dock ကို page တွေနဲ့ ခွဲထားလို့ရသလို dock page တစ်ခုစီတိုင်းမှာ အများဆုံး icon, 10 ခု ထားလို့ရနိုင်ပါတယ်။


26. Infinifolders (Source: repo.biteyourapple.net)
§  iOS 4 မှာ default အနေနဲ့ folder တစ်ခုကို icon, 12 ခု (iPad မှာဆို 20 ခု) သာ လက်ခံ ထဲ့သွင်းနိုင်ပါတယ်။ ဒီ tweak ရှိနေရင်တော့.. Folder တစ်ခုထဲမှာ icon ကြိုက်သလောက် ထဲ့ထားလို့ရပါတယ်။


27. CallController (Source: repo.biteyourapple.net)
§  အရေးကြီးကိစ္စပြောနေရင်း ဖုန်းလာလို့ ရုတ်တရက်ကပြာကယာ ဖြစ်ရတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီ tool လေး သုံးပြီးတော့ ဖုန်းလာတဲ့အချိန် ဖုန်းကိုတဖက်မှောက်လိုက်တာနဲ့ silent ဖြစ်စေနိုင်ပြီး.. shake လိုက်တာနဲ့ network busy ဖြစ်စေနိုင်ပါတယ်။ ကျတော်ကတော့ setting ကို Flip Over > Mute Ringer နဲ့ Shaking > Busy Signal ဆိုပီး ပေးထားပါတယ်။


28. Click2Call (Source: repo.biteyourapple.net)
§  အရေးကြီးပုဂ္ဂိုလ်ထူး ဘယ်သူဘယ်ဝါလေးတွေကို အလွယ်တကူဖုန်းခေါ်နိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Home Screen မှာ shortcut တင်.. ပီးရင် အဲ့ဒီလူနာမည်ကို တချက် နှိပ်ပြီးခေါ်ရုံပဲ။


29. iShakeLock (Source: BigBoss)
§  ဖုန်းကို Lock/ Unlock လုပ်ဖို့အတွက် Power ခလုပ်နှိပ်စရာနည်းလမ်းတစ်မျိုးပဲ ရှိတာမဟုတ်ဘူး ဆိုတာ ဒီ tweak လေး သုံးကြည့်ရင် သိရပါလိမ့်မယ်။ နားကြပ်က controller buttom နှိပ်ပြီး lock/ unlock လုပ်လို့ရသလို.. status bar (အပေါ် ဘက်ထရီပုံပေါ်တဲ့နား) ကို ဖိထားပြီး (သို့) အပေါ်မှအောက်သို့ဆွဲပြီး (သို့) ဘယ်မှညာ (သို့) ညာမှဘက်သို့ဆွဲပြီးတော့လဲ လုပ်ဆောင်နိုင်ပါတယ်။ ပြောနေရင် ရှုပ်တယ်၊ ကိုယ်တိုင် လက်တွေ့စမ်းကြည့်ရင် နားလည်သွားပါလိမ့်မယ်။ iShakeLock Settings ထဲမှာ Destination ကို sleep လို့ပေးပီး vibrate ကို off ထားရင် ပိုအဆင်ပြေတယ်။


30. Move2Unlock (Source: repo.biteyourapple.net)
§  Lock ဖြည်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ပေးမှာပါ။ Lock Screen တစ်ခုလုံးရဲ့ ကြိုက်တဲ့နေရာကနေပြီး.. အတိုင်းအတာတစ်ခုထိ slide လုပ်လိုက်ရင် lock ပွင့်သွားတယ်။


31. Celeste Bluetooth File Sharing (Source: ModMyi) ($$$)
§  App Store ကဟာတွေနဲ့မတူဘူး၊ ဒီ tweak က ပုံမှန်ဖုန်းတွေမှာလိုပဲ.. Bluetooth သုံးပြီး iPod တွေ Photo တွေထဲကနေ တိုက်ရိုက် သီချင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ပို့လို့ရတယ်။ လက်ခံလို့လဲရတယ်၊ ထွက်တာက ဒီနှစ်.. March လ လောက်ကထဲကလားမသိဘူး၊ အခုထိ အဆင်ပြေတဲ့ crack မပေါ်သေးဘူး.. တခုမဟုတ် တခု ဖောက်နေတာပဲ.. ရေလျှံနေသူများ ၉ ဒေါ်လာနဲ့ဝယ်ပြီး စမ်းကြည့်ကြပေါ့ဗျာ.. :)


32. PwnTunes (Source: BigBoss) ($$$)
§  iTunes နဲ့ ချိတ်စရာမလိုပဲ.. ပုံမှန် မန်မိုရီကတ်(သို့)စတစ်ခ် တွေထဲ သီချင်းကူးသလိုပဲ သီချင်းတွေ ကော်ပီကူးထဲ့လိုက်လို့ရနိုင်ပါတယ်၊ storage device တစ်ခုအနေနဲ့လဲ သုံးလို့ရပါတယ်။ သူလဲ အဆင်ပြေတဲ့ crack မထွက်သေးပါဘူး ။


33. BiteSMS (Source: repo.biteyourapple.net)
§  SMS ဝင်လာရင် လျင်မြန်စွာ reply လုပ်နိုင်တယ်၊ vol key နှိပ်ပီး screen ကို ထိလိုက်တာနဲ့ လျက်မြန်စွာ sms compose လုပ်နိုင်တယ်။ sms word counter ပါတယ်။ ကိုယ်မမြင်စေချင်တဲ့ contact နဲ့ပတ်သက်တဲ့ conversation တွေကို hide လုပ်ထားလို့ရတယ်။


34. Android Delete (Source: repo.biteyourapple.net)
§  App တွေကို ဖျက်တဲ့အခါမှာ Android လိုပဲ အမှိုက်ပုံးလေးထဲ ထဲ့ပေးရတဲ့ စတိုင်လ် လုပ်ထားပါတယ်။


************** 14/10/2011 updated by အက်စ်အိုအီးအမ်အိုင်အန် **************


35. Cyntact (Source: cydia.xsellize.com)
§  iphone ထဲမှာရှိတဲ့ contact တွေရဲ့ဘေးမှာ ကိုယ်ထည့်ထားတဲ့ Contact Picture လေးတွေပေါ်အောင်လုပ်ထားတဲ့ tweak ပါ။


36. Magnifier for Safari (Source: repo.biteyourapple.net)
§  iphone/ipod နဲ့ Safari သုံးတဲ့အခါ Font Size တွေကို Adjust လုပ်လို့ ရတဲ့ tweak ပါ။ Original Site ကိုက Font ကို Fix လုပ်ထားရင်တော့ Adjust လုပ်လို့ မရပါဘူး။ Font Size ကို Adjust လုပ်ချင်ရင် Safari ဖွင့်ပြီးရင် အလယ်တည့်တည့်က Bookmark လုပ်တဲ့ icon လေးမှာ Adjust FontSize ဆိုတာ ပါလာပါလိမ့်မယ်။


37. MultiIconMover (Source: BigBoss)
§  iDevice တွေမှာ Icon တွေကို Move လုပ်ရာမှာ တစ်ခုချင်းစီဆွဲပြီး Move လုပ်ရလို့ စိတ်ညစ်နေပါသလား။ ဒီ tweak လေးကိုသုံးလိုက်ပါ။ အရင်ဆုံးကိုယ် Move လုပ်ချင်တဲ့ icon လေးကိုဖိထားလိုက်ပါ။ icon လေးတွေ လှုပ်လာပြီဆိုရင် ကိုယ် Move လုပ်ချင်တဲ့ icon တွေကို လိုက်တို့ ပြီး Select လုပ်ပါ။ ပြီးရင် ကိုယ်ရွှေ့ ချင်တဲ့ Page ကိုသွားပါ (ဒီမှာ ပြောစရာကတော့ ကိုယ်ရွှေ့ ချင်တယ့် Page မှာ လွတ်နေတဲ့ icon နေရာက ၅ ခုဆို ၅ ခုဘဲ Select မှတ်ပါ။ ၄ ခုဆို ၄ခုပဲ မှတ်ပါ။) ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ Select လုပ်ထားတဲ့ icon တွေအားလုံး အဲဒီ Page ကို ရွှတ်ခနဲ ရောက်သွားပါလိမ့်မယ်။ 


38. PictureMe (Source: cydia.xsellize.com)
§  iphone နဲ့ ကိုယ့်ဟာကိုပြန်ရိုက်ရင် Front Camera က Resolution မကောင်းပါဘူး။ Back Camera နဲ့ ရိုက်ဖို့ ကလဲ အလယ်က Camera ပုံလေးကို Touch လုပ်နိုင်မှ။ အဲဒါတွေကို ဖြေရှင်းပေးမယ့်ဟာပါ။ သူက Camera မှာ Settings တစ်ခုအပိုပါလာပါတယ်။ အဲဒီ Settings ထဲမှာ Timer, Time Delay, Rapid Shot နဲ့ Amount ဆိုပြီးပါပါတယ်။ Timer ကိုဖွင့်ပြီး Time Delay ကို 25 Sec ထိထားလို့ ရပါတယ်။ ကိုယ့်ဟာကို Back Camera နဲ့ ရိုက်မယ်ဆိုရင် Touch ကိုလိုက်ရှာပြီး ထိစရာမလိုတော့ဘူးပေါ့။ Timer လေးနဲ့ ဆို အငြိမ်ဘဲ။ Rapid Shot နဲ့ Amount ကတော့ ကိုယ့်ဟာကို ကလိသာကြည့်တော့ဗျာ။


39. iAP Cracker (Source: repo.insanelyi.com)
§   ဒါကတော့ iPod, iPhone, iPad တွေရဲ. apps တွေ Games တွေ တော်တော်များများကို in-App Purchase ကိုFree လုပ်လို.ရမဲ. application လေးပါ.. တော်တော်အဆင်ပြေပါတယ်.. သူနဲ.အဆင်ပြေတဲ. application list ကို ဒီမှာ www.insanelyi.com/topic/5891-iap-cracker-compatibility-list/ မှာကြည်.လို.ရပါတယ်..

---------------------------30/May/2012 Updated by Zin Minn -------------------------

40. IntelliScreenX($$$)
§  ဒါကတော့ IOS built-in notification center ထက်အများကြီးလန်းတဲ့ notification center အသစ်ပါ။ ဖန်ရှင်တွေစုံလွန်းသလို security ပိုင်းမှာလည်းသေချာလုပ်ထားတာမို့ အခုထိ ဘယ် source မှ cracked version မတင်နိုင်သေးပါဘူး။ သွင်းပြီးရင် NC ကနေတဆင့် facebook, twitter တို့ကို အဆင်သင့်သုံးနိုင်သလို quick compose message shortcut တွေ၊ RSS feed တွေလည်း ပါပါသေးတယ်။ ဒါ့အပြင် sbsetting ထက် ပိုမိုလှပတဲ့ theme ပါတဲ့ quick setting( 3g,wifi, airplane mode) ကိုလည်းထည့်ပေးထားပါတယ်။ 9.99 ဒေါ်လာဖြစ်ပြီး ရေလျှံနေသူများအတွက် ၀ယ်သာဝယ်ပလိုက်ပါ လို့ပြောပါရစေ။

41. Reveal (Source: repo.insanelyi.com)
§  lockscreen မှာ message တွေ၊ noti တွေတက်ရင် စာလုံးတွေအရမ်းများတဲ့အခါမှာ အပြည့်အစုံမပေါ်ပါဘူး။ ဒီ tweak လေးက အပြည့်အစုံပေါ်အောင်လုပ်ပေးပါတယ်။

41. Unlockize (Source: repo.insanelyi.com)
§  တော်တော်လန်းတဲ့ lock tweak ပါပဲ။ ပုံစံ ၆မျိုးလောက် ထည့်ထားပေးသလို အဲ့ဒီပုံစံအားလုံးကို တပြိုင်ထဲ on ပေးထားရင်လည်း tweak ကနေပြီး အလှည့်ကျလုပ်ပေးလို့ သင့်ဖုန်းကို unlock လုပ်တိုင်း ပုံစံတစ်မျိုးစီနဲ့ unlock style ကိုခံစားရမှာပါ။

43. Springtomize 2 (Source: repo.insanelyi.com)
§  သင့် springboard ကို ပုံစံမျိုးစုံနဲ့ app တစ်ခုထဲက ကလိချင်ရင် springtomize 2 ကိုသာသွင်းလိုက်ပါ။ icon size ပြောင်းတာ၊ animation တွေချိန်းတာ၊ font တွေချိန်းတာ၊ NC ကို theme ပြောင်းတာ၊ tv tube animation တွေ အပြင် feature များစွာပါဝင်ပါတယ်။

44. iSwipe (Source: repo.insanelyi.com)
§  Android မှာပါတဲ့ swype ကို သင့် ios ပေါ်မှာမြည်းစမ်းခွင့်ပေးမယ့် tweak ပါ။ beta အဆင့်ပဲရှိသေးလို့ android ကဟာလောက်တော့ မကောင်းနိုင်ပါဘူး။ install လိုက်ရင် စကားလုံးအသစ်တွေထည့်ဖို့ app တစ်ခုကိုလည်းပဲ springboard ပေါ်တင်ပေးပါတယ်။ setting တွေဘာတွေ ချိန်းစရာမလိုပါ။

45. iCleaner (Source:BigBoss repo)
§  PC မှာလူသုံးအလွန်များတဲ့ CCleaner လိုမျိုးလို့ဆိုရင် သိကြမယ်ထင်ပါတယ်။ Log တွေ unnecessary file တွေကိုရှင်းထုတ်ပေးပါတယ်။

46. NCSettings (Source: modmyi.com/cydia/)
§  SBSettings လိုမျိုး setting တစ်ခုပါပဲ။ sbsettings လောက်လုပ်ဆောင်ချက်တွေမပါဝင်သလို addon တွေလည်းထပ်ထည့်လို့မရပါဘူး။ သာတာတစ်ခုပဲရှိပါတယ်။ သူ့ရဲ့ theme က သပ်သပ်ရပ်ရပ်ရှိပါတယ်။

47. Zephyr (Source: repo.insanelyi.com)
§  အကောင်းဆုံး multitasking ပါပဲ။ screen ဘယ်ညာအစွန်ကနေ slide ဆွဲပြီး switch လို့ရသလို screen bottom ကနေ အပေါ်ကို slide ရင် switcher bar တက်လာပါလိမ့်မယ်။ သင့်ဖုန်းရဲ့ home button နာတာကို အရမ်းသက်သာစေပါတယ်။ သွင်းကိုသွင်းသင့်တဲ့ tweak လို့ပြောချင်ပါတယ်။

48. DashboardX (Source: repo.insanelyi.com)
§  Android တွေမှာလို widget တွေကို screen ပေါ်မှာထားချင်ရင် ဒီtweak ကိုသုံးပါ။ ထွက်ထားတာသိပ်မကြာသေးတဲ့ tweak ဖြစ်လို့ addon တွေသိပ်များများစားစားမရှိသေးတာက အားနည်းချက်တစ်ခုပါ။

49. OpenBackup (Source: modmyi.com/cydia/)
§  သင့်ဖုန်းကို jailbreak အသစ်တစ်ခုထွက်တိုင်း restore လုပ် jailbreak အသစ်ပြန်လုပ်ပြီးရင် source တွေ tweak တွေ တစ်ခုချင်းစီ ပြန်သွင်းနေရပါသလား။ openbackup က သင့်ရဲ့cydia ထဲက source တွေနဲ့ tweak တွေအားလုံးနီးပါးကို backupလုပ်ထားရင် တစ်ချက်နှိပ်ရုံနဲ့ အပြီးအစီးသွင်းပေးပါတယ်။

50. CallBar (Source: repo.insanelyi.com)
§  သင့်ဖုန်းကို ကလိနေတာပဲဖြစ်ဖြစ် ဂိမ်းနှိပ်နေတုန်းမှာဖြစ်ဖြစ် တစ်ဖက်ကဖုန်းဝင်လာရင် အနှောက်အယှက်ဖြစ်တာကြုံဖူးမှာပါ။ callbar က သင့်ဖုန်းဆီ အ၀င်call လာရင် သင့်အလုပ်ကို အနှောက်အယှက်မဖြစ်စေဘဲ notification banner နေရာကနေ သင့်ကိုအသိပေးမှာပါ။

51. MyAssistant (For Siri users only) (Source: repo.insanelyi.com)
§  Siri ကို ငါဒီလိုမေးရင် ဒီလိုဖြေပါလို့ ကိုယ့်ရဲ့ custom answer တွေထည့်ထားပေးလို့ရပါတယ်။ ၀ိုင်ဖိုင်ဖွင့်တာ သရီးဂျီဖွင့်တာကို siri ကနေခိုင်းလို့ရပါတယ်။

52. International Locations for Siri (For Siri users only) (Source: repo.insanelyi.com)
§  Siri က location တွေနဲ့ပါတ်သက်လာရင် us map ကိုပဲ default enabled ထားလို့ အခြားနိုင်ငံတွေမှာအသုံးမ၀င်ပါဘူး။ ဒီ tweak ကတော့ US အပြင်အခြားနိုင်ငံတွေမှာပါ location ရှာနိုင်အောင် enabled လုပ်ပေးတယ်လို့ ဆိုပါတယ်။ (မစမ်းကြည့်ရသေးပါ)

53. AssistantServer Installer (Source: repo.insanelyi.com)
§  Siri alternative for iDevices below 4s ပါ။ ဒါပေမယ့် Google ရဲ့ Speech to text API ကိုသုံးထားလို့ Apple ရဲ့ siri ဆာဗာတွေကိုမချိတ်ဆက်ပဲ google ရဲ့ ဆာဗာကိုပဲ direct ချိတ်သွားမှာပါ။ အဲ့ဒီအတွက် 4s ဆီက token တွေမလိုတော့ပါဘူး။ စမ်းသုံးကြည့်တာကတော့ မဆိုးပေမယ့် siri လောက် အာလာပသလာပ မပြောနိုင်ပါဘူး။ နောက်ပြီး စကားပြောရင် 10 sec အောက်ဖြစ်ရပါမယ်။ API ရဲ့ limit ကြောင့်ပါ။ p.s spire ကိုအရင်သွင်းထားဖို့လိုအပ်ပါမယ်။

54. vWallpaper 2 ( Source: repo.insanelyi.com)
§  Video တွေ effect တွေကို springboard ပေါ်မှာ live wallpaper အနေနဲ့လုပ်ပေးပါတယ်။ panorama wallpaper လည်းရှိပါတယ်။ ဒီtweak က ကျွန်တော့်အတွက်တော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။

55. Zeppelin (Source: modmyi.com/cydia/)
§  MM 900 ဆိုတဲ့ နာမယ်ကြီးကို မြင်ပြင်းကပ်နေပါသလား။ any carrier name ကို logo လေးတွေနဲ့အစားထိုးပေးမယ့် tweak ပါ။ cydia ပေါ်မှာ သူ့အတွက် logo ပေါင်းသောင်းခြောက်ထောင်ရှိပါတယ်။ ဘောလုံးဝါသနာပါလား ဘောလုံးအသင်းလိုဂိုတွေတင်ထားလို့ရတယ်။ ရုပ်ရှင် ဇာတ်ကောင်တွေရဲ့ logo တွေလည်းရှိပါတယ်။

56. Forecast (Source: xsellize repo)
§  Notification center ထဲမှာbuilt in ပါတဲ့ weather widget ကို lockscreen ပေါ်မှာထားပေးပါတယ်။

57. WeatherIcon (Source: BigBoss repo)
§  Springboard ပေါ်က weather app ရဲ့ အိုင်ကွန်မှာ မိုးရွာရင် မိုးရွာနေတဲ့ပုံ။ နေသာရင် နေလုံးပုံ စတဲ့ live weather info တွေကိုပြပေးပါတယ်။

58 .Belfry (Source: BigBoss ) only for ipad
§  iphone native apps တွေဖြစ်တဲ့  Weather,Clock,Stocks,Calculater,Voice Memo's, and Compass ... အဲဒါတွေကို Ipad ပေါါ မှာသုံးလို့ ရမှာပါ......

59. Spire (Source BigBoss )
§  Non iphone4S တွေအတွက် Siri  ဆိုတဲ့  personal assistant ပါ Siri ကို ကြိုက်တဲ့လူတွေအတွက်တော့အရမ်းကောင်းပါတယ်......

60. Phone Buzzers (Source BigBoss repo)
§  ကိုယ်တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ရဲ့ဖုန်းကိုလက်ခံလိုက်တဲ့အချိန် vibrate ပြီးတော့ အချက်ပေးပါတယ်။

61. Safari Download Enabler ( Source BigBoss )
§  ios5+ Device  တွေအတွက် safari ကနေ down ချင်တဲ့downloader များအတွက်အဆင်ပြေပါတယ် ifle dropbox logmein တို့ နဲ့လဲလင့်ချိတ်လို့ ရပါတယ်.....



Unordered List

Related Posts Plugin for WordPress, Blogger...