Likes

4/24/2013




Huawei Ascend P1 LTE ( U9202L-1 )  ကို  Root ဖို့ အတွက် လိုအပ်တာလေးတွေ ဒေါင်းလော့ယူထားပါ ။

ဒေါင်းရန် - https://www.dropbox.com/s/v5ehjv0bnt8bknz/Root_with_Restore_by_Bin4ry_v28.zip



အပေါ်ကပုံလေးလို ပေါ်မှာ။ အဲဒီအခါ ဖုန်းကို ပါဝါဖွင့်လျှက် နဲ့ ကွန်ပျူတာ တွင် ချိတ်ပေးပါ ။ အဲဒီ နောက် ကွန်ပျူတာတွေ တွင် Run ထားသော Bin4ry (အပေါ်ကပုံ)တွင် 1 ကိုရိုတ်ပါ ထို့ နောက် Enter ခေါက်ပါ ။ထို့ နောက်ဖုန်းရဲ့ Screenမှာ do not restore နှင့် restore my data ဆိုတာလေး တွေ့ ရပါလိမ့်မယ် ။ အဲဒီအခါ ကျွှန်တော်တို့ က Restore my dataကိုရွေးပေးပါ ။


အဲဒီလို ရွေးပြီးသွားရင် ကွန်ပျူတာပေါ်က Bin4ry ပေါ်တွင်ပဲ Sapce Bar ကိုတချက်လောက်ပုတ်ပေးပါ ။ ဒါဆိုရင်တော့ ဖုန်းဟာ 10 စက္ကန့် အတွင်း Reboot ကျသွားပါလိမ့်မယ် ။ ဖုန်းပါဝါ ပြန်တက်လာရင်တော့ ကျွှန်တော်တို့ ဟာ Huawei Ascend P1 LTE ( U9202L-1 ) ကိုလွယ်ကူစွာ Root ဖောက်ပြီးဖြစ်နေပါလိမ့်မည် ။

MyanMarFont For Huawei U8833 , U 8951 , C8813 , G520-0000 ( Emotion UI)





ကဲ G510 ,Y300 တွေကို root မလုပ် unlockbootloader code မတောင်းပဲမြန်မာလိုသုံးကြရအောင်

အထဲမှာ 201211231015415408.hwt ဆိုတဲ့ဖိုင်လေးပါပါတယ် 
အဲ့ဟာလေးကို phone storage ထဲက Hwthemesဆိုတာလေးထဲထည့်ပေးလိုက်ပါ 
ပြီးရင် phone ကို reboot ပေးလိုက်ပါ ပြန်တက်လာတဲ့အခါမှာ ဖုန်းရဲ့ themes ဆိုတာထဲဝင်လိုက်ပါ elegance ဆိုတဲ့ theme လေးကိုရွေးပေးလိုက်ပါ ပြီးရင် with front ဆိုတာလေးကိုရွေးပေးလိုက်ပါနော် ဖုန်းက reboot auto ကျပါလိမ့်မယ် ပြန်တက်လာရင်တော့ နှိစ်သက်ရာ keyboard ထည့်ပြီး မြန်မာလိုအသုံးပြုနိုင်ပါပြီ


ဒေါင်းရန် - http://www.mediafire.com/?bo669ncq6z22vo3

Flash Transfer

Zapyar အသုံးပြုမရသူတွေနဲ့ Zapyar လေးနေသူများ...အတွက်...
Zapyar အစားထိုးလေးလာပါပြီး.....အရမ်းလဲမြန်တယ်....
ကြိုက်တာကို Select ပေး ပြီး Shake To Send ပါပဲ

http://www.mediafire.com/?4j7v7pvx1tx73z5

Huawei ဖုန်းများ အတွက် Flashing Tool



Huawei ဖုန်းများကို official တင်မယ်ဆိုရင် dload folder ကို sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။ အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက် fastboot command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။ ဒီနည်းဟာ dload ဖိုင်ဖြင့် တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။
ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။ တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို ခွဲထုတ် ခြင်းနှင့် နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware တင်ခြင်း ဖြစ်ပါတယ်။

ဒေါင်း၍ ရလာသော HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။
- မိမိတွင်ရှိသော dload folder ထဲမှ UPDATE.APP ကို ဖြေချထားသည့် folder ထဲတွင် ထည့်ပါ။
- Runme.exe ကို run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။



ဒေါင်းရန် - http://www.mediafire.com/?oo51e534e4qcpqa

Samsung Galaxy SIV




Samsung Galaxy SIV ဧပြီ (၂၇) တွင် စတင်ရောင်းမည်
Samsung Company ၏ နောက်ဆုံးထွက်ရှိလာမည့် Samsung Galaxy S4 ကိုလာမည့်ဧပြီ (၂၇) ရက်တွင် စင်ကာပူနိုင်ငံ၌ ကန်ဒေါ်လာ ၉၉၈ ဖြင့် စတင်ရောင်းချသွားမည် ဖြစ်ပါသည်။ယင်းစမတ်ဖုန်းတွင် နောက်ဆုံးပေါ် အမြန်နှုန်းမြင့်ဆက်သွယ်ရေး ကွန်ရက် 4G LTE စနစ်တွင် အသုံးပြုနိုင်မည့် စမတ်ဖုန်းအား စင်္ကာပူနိုင်ငံရှိ M1 , Sing Tel နှင့် StarHub တို့တွင် Online မှာ Pre – Order မှာယူနိုင်ပြီ ဖြစ်ကြောင်းသိရပါသည်။
S4 မျက်နှာပြင်၏ အကျယ်မှာ ငါးလက်မရှိပါသည်။Gorilla Glass 3 ဖန်သားဖြင့် ပြုလုပ်ထားပြီးအကြမ်းခံမည်ဖြစ်ကာ အရှေ့နှင့် အနောက် Camera နှစ်ခုပါဝင်သည်။အနောက်ဘက် Camera ၏ ပုံထွက်အရည်အသွေးမှာ 13 Megapixel ဖြစ်ပြီး နည်းပညာသစ်များ ၊ Software များကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း သိရပါသည်။Project J လို့အမည် တစ်ခြား အမည်တစ်ခု ပေးထားပြီး ၅ လက်မ အရွယ် 1080p resolution အဆင့်ရှိတဲ့ Display ကို အသုံးပြုမှာ ဖြစ်ပါတယ်။ quad-core processor ဖြစ်ပြီး 2GB RAM နဲ့တွေ့မြင် ရမှာ ဖြစ်ပါတယ်။
Samsung Galaxy S4 ဟာလည်း S3 ဖုန်းလိုဘဲ ကမ္ဘာ့ရောင်းအား အကောင်းဆုံးဖုန်းတစ်လုံး ဖြစ်လာ / မလာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။။။။

ExynosAbuse-V1.40 For Android



Samsung Galaxy Note 2, Samsung Galaxy S3, Samsung Galaxy S2,Samsung Galaxy Note 10.1 စတဲ့Tablet/ဖုန်းတွေကို click တစ်ချက်တည်းနဲ့ root လုပ်ပေးနိုင်တဲ့ app လေးပါ။ ဒီ app လေးရဲ့ထူးခြားချက်ကတော့ ကွန်ပျူတာဆော့ဝဲမဟုတ်ဘဲ Android app လေးဖြစ်တာကြောင့် ဖုန်းထဲမှာထည့်သွင်း install လုပ်ပြီးမှ ExynosAbuse ထဲကိုဝင်ပြီး “root device” ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးလိုက်ရုံပါပဲ ။ ငါးစက္ကန့်အတွင်းဖုန်းက အောင်မြင်စွာ root လုပ်ပြီးဖြစ်သွားပါမယ်။ ExynosAbuse-v1.40 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

ဒေါင်းရန် - https://www.dropbox.com/s/5t46ab2xbidgk81/ExynosAbuse-v1.40.apk

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်








ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများ ကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလို ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။
MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိ မိတ်များအတွင်း အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ပြောဆိုနိုင် ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။
MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများသည် ကြိုတင်ငွေဖြည့်ကတ် အသုံးပြု၍ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆို နိုင်ပါသည်။ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင် ငွေဖြည့်ကတ် (10$,20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ်များ ရောင်းချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။
MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျောက်ဆုံး ပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ငွေကျပ် ၂ဝဝဝဝ ပေးသွင်းပြီး ပြန်လည် လျှောက်ထား ရပါမည်။ MECTEL မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျက်စီးပါက ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။ MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်း လိုပါက တယ်လီဖုန်း အမှတ် ၃၄၅၆ သို့ အခမဲ့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Ref & Credit: မြ၀တီ



Huawei U8950D, U8950-1, U8950N တို့အတွက် ဖုန်းပိတ်ပြီးအားသွင်းရတဲ့ cwm recovery




Huawei U8950D, U8950-1, U8950N-1 တို့အတွက် ဖုန်းပိတ်ပြီးအားသွင်းရတဲ့ cwm recovery သွင်းနည်းဖြစ်ပါတယ်။ ဖုန်းကို fastboot mod ၀င်ထားပြီး အောက်မှာပေးထားတဲ့ ဖိုင်ထဲက RunMe.bat ကို နှိပ်လိုက်ရင်ရပါပြီ။ English version ပဲဖြစ်ပါတယ်။

password>>htayhlaingoo

Huawei Y210C Root , MM Font, KB, Wifi Fix လုပ်ပေးမည့် Tool


Huawei Y210C Root, MM Font, KB, Wifi Fix လုပ်မေးမည့် Tool လေးဖြစ်ပါတယ်။ 

ဒေါင်းရန် - http://d-h.st/WjA



ဒီ Tool လေး က လုပ်နိုင်တာလေးတွေကတော့ 


(ဖုန်းကို အရင်ဆုံး fastboot mod မှာဝင်ထားရပါမည်။)
1 ကိုရွေးရင်တော့ ဖုန်းကို Root လုပ် မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်ပေးမှာပါ။
2 ကိုရွေးရင်တော့ ဖုန်းကို Root မလုပ်ပဲ မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်ပေးမှာပါ။
3 ကတော့ အပေါ်က ၁ နှင့် ၂ လုပ်လိုက်လို့ wifi error ဖြစ်ခဲ့ရင် ပြင်ဆင်ဖို့ပါ။

အားလုံးအဆင်ပြေကြပါစေ.....

Y210 2010 build no 823 to 826





Y210 2010 build no 823 ကနေ 826 အထိကို error
ကင်းကင်းနဲ့ root ပေါက်ပါတယ်


မောင်ဟန်လေး




 download here

Unordered List

Related Posts Plugin for WordPress, Blogger...