Likes

4/05/2013

iphone myamar font


Phone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone  version iOS 4.3.x, iOS 5.0 နဲ့ iOS 5.0.1 တို့အတွက် မြန်မာ Font နဲ့ မြန်မာစာ keyboard ထည့်နည်းတွေကို အဆင့်ဆင့် ပြောပြပေးသွာမှာပါ။

Jailbreak လုပ်ထားပြီးသော iPhone ရဲ့ home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ Mac For Us Repo (cydia.macforus.com) ဆိုပြီး တွေ့ရမှာပါ။

Zawgyiနိုပ်ပါ။ ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။

MM keyboard ရှာ နိုပ်ပါ။ ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။ 

iPhone home scream ပေါ်မှ Settings > General > Keyboard >International Keyboards > Add New Keyboard...ထဲမှ "Myanmar မြန်မာ" ကို ရွေးလိုက်ပါ။ 


iPhone home scream ပေါ်မှ Settings > General > Keyboard >International Keyboards > Add New Keyboard...ထဲမှ"Czech"  ကို ရွေးလိုက်ပါ။ 

အဆင်ပြေနိုင်ကြပါစေ 

iphone 6.xxx jailbreak

ဒေါင်းရန် - http://www.mediafire.com/?rbajxe48t231yb2

အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။ 

"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်) 
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။ 


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။ 





ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။ 



 ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။ 


ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။ 
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။ 

Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။ 







S Advance 4.1.2 root

ဒါလေးဒေါင်းလိုက်ပါ အစ်ကိုပီးရင် zip ဖြည်လိုက်ပါ ပီးရင် အဲ့ဖိုင်ထဲက root ကို SD Card ထဲထည့်ပါ ပါဝါပိတ် Volume Up, Home and Power buttons နှိပ်ပါ ပီးရင် external storage. ထဲက root.zip ဖိုင်လေးရှာပီး Home ခလုပ်ကိုနှိပ်လိုက်ပါ Reboot System Now ပီးရင် မြန်မာဖောင့်ပြောင်းရန်လေးကို နှိပ်လိုက်ပါ အဆင်ပြေပါပီ

http://www.mediafire.com/?q05gtaob131hqji


Toucher 1.0

easy touch လိုမျိုး အသစ်ထက်ထွက်လာတဲ့ Toucher 1.0 လေးပါတော်တော်လေး အသုံးပြုလို့ကောင်းပါတယ်

ဒေါင်းရန် -  http://www.mediafire.com/?30ajo3m7tq172md


Buzz Launcher Beta 0.9.5.4

အသစ်ထွက်လာတဲ့ 

Buzz Launcher Beta 0.9.5.4 လေးပါ တော်တော်လေး မိုက်ပါတယ် 







Xperia 2012 Device Root + CWM +ျ အပေါ်မတက်စေရ

Xperia 2012 Devices တွေဖြစ်တဲ့ Xperia U, Xperia P, Xperia Sola နဲ့တစ်ခြားသော Xperia

တွေမှာအဆင်ပြေမှာပါ......

လိုအပ်ချက်အနေနဲ့ကတော့ 4.0.4 ဖြစ်နေဖို့လိုပါတယ်...

Bootloader Unlock လုပ်စရာမလိုအပ်ပါဘူး..... 

ဒီ All in One Xperia Tool Kit လေးကို ဒေါင်းလိုက်ပါ......

ဒေါင်းပြီးရင်တော့ rar ဖြည်လိုက်ပါ..

ဖုန်းကို Unknown Sources နဲ့ USB Debugging ကို On ထားပါ.....

Xperia 2012 Tool Kit ကို Run လိုက်ပါ....

၁ ကို နှိပ်ရင်တော့ MMSD ကို ရောက်မှာပါ.....

၂ ကိုနှိပ်လိုက်ရင်တော့ Facebook မှာ တည်ထောင်ထားတဲ့ Group ဆီကို ရောက်မှာပါ...

၃ ကို နှိပ်လိုက်ပါ...

Root လုပ်ပါလိမ့်မယ်..

Restore ပေါ်ရင် Restore နှိပ်လိုက်ပါ.......

Restart ချသွားပါလိမ့်မယ်...

ပြန်တက်လာရင် Root ရပါပြီ...

ကဲ Root ပြီးမှ CWM ထည့်လို့ရမယ်နော်...

Xperia 2012 Tool Kit ကို ပြန် Run လိုက်ပါ...

ဖုန်းကိုဒီအတိုင်းပဲ ကြိုးထိုးနော်...

ဘာ Mode မှဝင်စရာမလိုဘူး.. 

၎ ကို နှိပ်ပြီး Enter ခေါက်လိုက်ပါ.....

Finished ပေါ်လာပါလိမ့်မယ်...

ပြီးသွားရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ.....

ကျဲ လေးတွေအပေါ်မတက်ဖို့ကို ကြိုးစားထားတဲ့သူတစ်ယောက်ရှိပါတယ်....

ကိုဖြိုးညီညီပါ...

သူရေးထားတဲ့ 2012 Xperia.zip လေးကို ဒေါင်းလိုက်ပါ.....

ပြီးသွားရင် ဖုန်းထဲထည့်ထားပါ.....

ဖုန်းကို ပါဝါဖွင့်ပြီး Volume Down ကို တစ်ချက်ပြီးတစ်ချက်နှိပ်ပါ....

CWM ၀င်သွားပါမယ်.....

ပြီးသွားရင်တော့ 2012 xperia.zip လေးကို Install from SD Card ကနေ ရွေးပေးလိုက်ပါ...

ပြီးသွားရင်တော့ Keyboard လေးထည့်ပြီးရိုက်ပါ.........

အားလုံးအဆင်ပြေနေတာတွေ့ပါလိမ့်မယ်.......

ဖြိုးချမ်း (Admin At MMSD) 

ဒေါင်းရန် - http://www.mediafire.com/?5zf8up9d9smju07

တရုတ်တက်ဘလက်တော်တော်များများကို Firmware ပြန်တင်နည်း


အစရှာမရတဲ့ တရုတ်တက်ဘလက်တော်တော်များများကို Firmware ပြန်တင်နည်းနည်းနည်းလေးနောက်ကျသွားတယ်ဗျာ :P ဟီး (၂) ရက်လောက်ပေါ့ သေချာအောင်စမ်းနေလို့ပါ ... ။
အခုပထမဦးဆုံးလိုအပ်တဲ့ဖိုင်လေးတွေကိုအရင်ဒေါင်းထားပါဗျာ ... ။
ပြီးရင် SD card (၁) ကဒ်လောက်တော့လိုမယ်ဗျ ... Class ကောင်းကောင်း ကဒ်အသန့်လေးဆိုပိုကောင်းတယ် ... ။။ :P

မိတ်ဆွေတို့ရဲ့ Tablet ကို အားအပြည့်သွင်းထားလိုက်ပါ ... ဘယ် လောက်သွင်းရင် အားပြည့်မလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် သိမှာပေါ့နော် ... ။
** SD card ကို FAT (32) format နဲ့ Format ရိုက်ထားပါ ... ။
** ဒေါင်းပြီးလို့ရလာတဲ့ ဇစ်ဖိုင်လေးကို မိတ်ဆွေတို့ရဲ့ SD ထဲကို Rar ဖြည်ချလိုက်ပါ ... ။
** ပြီးရင် အဲ့ဒီဖြည်ချတဲ့ ထဲမှာ Changer.bat ဆိုတာလေးကို RUN လိုက်ပါ ... Tablet Model name တွေအများကြီးပေါ်လာပါလိမ့်မယ် ... ။
** ပေါ်လာတဲ့ Model ထဲက မိမိတို့ Tablet နံပါတ်လေးကို ရိုက်လိုက်ပါ ...
** Enter ခေါက်ပြီးသွားရင် SD card ကို Format ချမှာလား တခါမေးပါမယ် ...( N ) လို့ရိုက်ပေးပါ ... ။
** နောက်တခါ SD card ထဲကို Copy လုပ်မှာလားလို့ မေးပါမယ် ... (N) ထပ်ရိုက်ပေးပါ ... ။။
** SD card ကို ကွန်ပျူတာကနေ Safely Remove လုပ်ပြီး ထုတ်လိုက်ပါ ... ။
** ပြီးရင် မိတ်ဆွေတို့ Tablet အားပြည့်လောက်တဲ့အခါ SD ကိုထည့်ပြီး Power On ပေးပါ ... ။
** သူ့ဘာသာ အလုပ်ဆက်လုပ်သွားပါလိမ့်မယ် ... ။
** Upgarde step တွေဆက်လုပ်သွားပါလိမ့်မယ် ... ။
** ကိုယ်ရွေးတဲ့ Option No. မှားရင်တော့ Error တွေပြပါလိမ့်မယ် ... ။
ဥပမာ .... Cannot upgrade Kernel (Nand) တို့ နောက်ပြီး Fail to mounted android data partition တို့ပြရင် ကိုယ့်မော်ဒယ်နံပါတ်ကို သေချာရွေးပေးပါ ... ။
တကယ်လို့ Model မှန်တယ် မရဘူးဆိုရင် နံပါတ် (၂) Download ကို ဆွဲပါ ... ပြီးရင် Firmware install ဆိုတဲ့ Folder ထဲက Uzimage.bin ဆိုတဲ့ဟာနဲ့ Replace လုပ်ပါ ... ။
နောက်တစ်ခေါက် ထပ်ပြီး Upgarde လုပ်ကြည့်ပါ ... ။ မရသေးဘူး Error ပြနေသေးတယ်ဆိုရင် နံပါတ် (၃) download ကိုဆွဲပါ ... ။ ခုနကလိုပဲ Replace လုပ်ပါ ... ။ ထပ်လုပ်ကြည့်ပါ
ရပါလိမ့်မယ် .... ။
အားလုံးပြီးသွားရင် Please Remove SD ဆိုပြီးပေါ်လာပါလိမ့်မယ် ... ပေါ်လာရင် SD ကိုဖြုတ်ပေးလိုက်ပါ ... Reboot ကျပြီး ပြန်တက်ပါလိမ့်မယ် ... စိတ်ရှည်ပါ ... (၅) မိနစ်ကနေ မိနစ် (၂၀) ထိကြာနိုင်ပါတယ် ... ။ ပြန်တက်လာရင် Factory Reset တစ်ခေါက်လောက်ချပေးပါ .... ။
ဒါဆိုရင် အားလုံး အိုကေပါပြီ ... ။
Tablet Name မသိတဲ့သူတွေအတွက်ကတော့ 7'' Tablet အများစုက Option 1,8,30,7  စတာတွေနဲ့အဆင်ပြေတတ်ပါတယ် ... ။
မိမိတို့ Tablet က Charging သွင်းရင် Led က ဘာအရောင် ပါဝါတက်ရင် ဘာအရောင် ဆိုတာလေးတွေနဲ့ ကိုက်ပြီး Option လေးတွေကိုရွေးပေးပါ ... ။
အဆင်ပြေပါလိမ့်မယ် ... ။
ဒီနည်းလမ်းဟာ WM8650 based Tablet တွေအတွက်ဖြစ်ပါတယ် ... ။ နောက်ထပ် ထပ်ပြီး စမ်းသပ်ပြီးတင်ပေးပါဦးမယ် ... :D :D :D
Download (3) >> http://www.mediafire.com/?gqal02dy1mqaa1d (Uzimage)
ဆရာကြီးတွေလိုရေးလိုက်ဦးမယ် ဟီဟိ I won't responsible & Use at your own risk.
Credit To : Google, Technow, HCH
စိုင်းအာကာ (MMUC)
ဒီကောင်လေးနဲ့ Firmware ပြန်တင်ပြီးတဲ့အခါ Touch မရတော့တာတွေ ကြောင်နေတာတွေဖြစ်တတ်ပါတယ် ... အဲ့ဒီအခါ USB Mouse လေးနဲ့ Factory Data reset တခါချ ပြီးရင် Touchpal calibration ကို ပြန်ချိန်ပေးလိုက်ပါ ... ရသွားပါလိမ့်မယ် ... ။

NFC ဆိုသည်မှာ ( Near Field Communication )

NFC ဆိုသည်မှာ ( Near Field Communication ) 

NFC ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူများပါတယ်။ NFC ဆိုသည်မှာ
( Near Field Communication ) ဟု အရှည်ကောက်ခေါ်ဆိုပါတယ်။ Samsung S 3 & S 2 နှင်တချို့သောဖုန်းတွေမှာပါဝင်လာတာတွေ့ရပါတယ်
ဖုန်းအချင်းချင်းထိတွေ့ပြီး သီချင်း ၊ ဓာတ်ပုံ ၊ဆော့ဝဲစတာတွေကို
ဝေမျှပေးနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့အရည်အချင်းရှိပါတယ်။
အခုနောက်ပိုင်းဝင်ရောက်လာသော Windows 8 ဖုန်းတော်တော်များများ မှာတွေ့နေရပါပြီ။ NFC ရဲ့သဘောတရားကတော့ wireless နည်းပညာကိုအသုံးပြုထားတာပါ။ အသုံးပြုနည်းကတော့ Bluetooth အသုံးပြုနည်းနှင့် တူပါတယ်။ မိမိဖုန်းနှင့် အခြား NFC ပါဝင်သော
ဖုန်းအချင်းချင်း Pair ပြုလုပ်ပြီး ထည့်သွင်းပါတယ်။

ထို့အတူမိမိ နှင့် Pair ပြုလုပ်ထားသော Device အချင်းချင်း ဖိုင်တွေပို့မယ်ဆိုလျှင်တော့ ဖုန်းအချင်းချင်းနောက်ကျောချင်းကပ်ပြီး ဖိုင်တွေပေးပို့လို့ရပါတယ်။ ဖိုင်ဆိုက် 50 MB ကျော်သွားလျှင်တော့ Bluetooth ကိုပါ ဖွင့်ပြီးအသုံးပြုရပါမယ်။ NFC ကို မြန်မာနိုင်ငံမှတော့ အသုံးမပြုနိုင်သေးပေမဲ့ ပြည်ပနိုင်ငံတွေမှာ ဆိုလျှင် ATM စက်တွေ လူခေါ်ဘဲလ်တွေ စသည်တို့နှင့် အခြားသော လုံခြုံရေးစနစ်များ အဖြစ်လဲအသုံးပြုကြပါတယ်။ NFC အကိုအသုံးပြုနည်းကတော့ လွယ်ကူလှပါတယ်။ မြန်လဲမြန်ဆန်လှပါတယ်။



s4 root

s4 အတွက် root လေးပါ ကျွှန်တော် တို့ နိုင်ငံတော့ မရောက်သေးပါဘူး လိုချင်သူများ

ဒေါင်းရန် -https://www.mediafire.com/?hkz5gwp8y5ff7f7




SONY XPERIA S , SL , ACRO S 6.1.A.2.55 တွေ Bootloader UNlock မလုပ်ဘဲ ROOT နိုင်ပါပြီ



SONY XPERIA S , SL  6.1.a.2.55  တွေ  Bootloader UNlock  မလုပ်ဘဲ  ROOT နိုင်ပါပြီ
အရင်ကဆို BOOTLOADER UNLOCKED  လုပ်နေရတဲ့ BUILD NO တွေပါ
ခုတော့  ရေသောက်သလို  လွယ်ပါတယ်တဲ့   (  RICHARD TOH )  ကပြောတာ။

ခုတော့  ကျနော်တို့     အဆင်ပြေပြီပေါ့။
USB DEBUGGING ON ထားးပြီးး  ဖုန်းးနဲ့ ချိတ်ပေးးပြီးး   RUN လိုက်ရုံသာ    :)
ဒေါင်းရန် - https://www.mediafire.com/?02c6onfgc55s88b




Android မှာ Sexy Girl တွေနဲ့ စကားပြောကြမယ်


Sexy girl လေးတွေနဲ့ စကားပြောချင်သူတွေအတွက် ပါ
အပျော်သဘောဆောင်တဲ့ apk လေးပါ ကြောင်တွေ ငှက်တွေနဲ့
စကားပြောတာရိုးလာတော့ မိန်းကလေးတွေနဲ့ စကားပြောချင်မှာပေါ့
 ကြိုက်ရင်ဒေါင်းသွားနော်...


Google.com.mm မှာ Zawgyi font ရော, Unicode ရောအဆင်ပြေပြေဖတ်နိုင်ရေးနိုင်ဖို့


www.google.com.mm မှာ သုံးထားတဲ့စာသားတွေက unicode ပါ။အဲ့အတွက် zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက zawgyi ကော် unicode ကော်ကို font setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး myanmar 3 font ကိုdownloadချပါ။ install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် ok နဲ့ထွက်ပါ။
GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
firefox ရဲ့ tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင်https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။နောက်ဆုံးအဆင့်အနေနဲ့ firefox ကိုဖွင့်ပါ။ about:config ကို address bar မှာရိုက်ပြီး Enter 2 ချက်နှိပ်ပေးပါ။ search box မှာ font.name.sans-serif.x-unicode လို့ရိုက်ပါ။ တွေ့လျှင် click 2ချက်နှိပ်ပြီး Arial ကိုဖြတ်ပါ။ ok နှိပ်ပါ။ နောက်တခုက font.name.serif.x-unicode လို့ search box မှာရှာပါ။ double click နှိပ်ပြီး TimeNewRomance ကို Zawgyi-one လို့ပြောင်းပြီး ok နှိပ်ပါ။အားလုံးအဆင် ပြေသွားးပါလိမ့်မယ်။ 
ရေးတာကော်ဖတ်တာကောအဆင်ပြေပါမယ်ခင်ဗျ။အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ကော် unicode ကော်အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

Real Bokeh(Light effect) v1.5 APK


ဒီ ဆော့ဝဲလေးကတော့ ဓာတ်ပုံ effect လေးပါ ဒီကောင်လေးက

ဘာကောင်းလဲဆိုတော့ ကိုယ့်ရိုက်ပြီးထားတဲ့ ဓာတ်ပုံတွေကို

ပုံစံအမျိုးမျိုးလိုက်ပြီးတော့ နောက်ခံ ပုံစံလေးတွေ ပြင်လို့ရပါတယ်

ဘယ်လိုပြင်ရမလဲဆိုတော့ ဥပမာ ညနေ နေ၀င်ဆည်းဆာ ပုံစံလေး

ရိုက်ထားပါတယ် ဆိုပါစို့ သူနဲ့သင့်တော်တဲ့ အသည်းပုံလေးတွေ

နောက်ခံ အလင်း ဖရိတ်လေး တွေက အစ ရွှေးပေးလို့ရတယ်နော်

နောက်တစ်ခု ကိုယ့်ချစ်သူနဲ့ ဓာတ်ပုံတွဲရိုက်ထားတယ်ဆိုပါစို့

သူနဲ့လိုက်ဖက်တဲ့ ဓာတ်ပုံ နောက်ခံအရောင်လေးတွေ Theme လေး

တွေကအစ ပြောင်းလို့ရပါတယ်နော် ဒီကောင်လေးကလည်း ပုံစံတစ်မျိုးလေးပေါ့

ဒေါင်းရန် - http://www.mediafire.com/?dq8m9al7ehec5yv

360 Panorama 1.0.19

Panorama ဓာတ်ပုံတွေကို ရိုက်ရတာ ၀ါသနာပါသူများအတွက် Panorama – 360Application လေးက သင့်ကိုအကောင်းဆုံးပေးစွမ်းနိုင်မှာပါ။
နောက်ဆုံးထွက် ဗားရှင်းတစ်ခုဖြစ်ပြီး Panorama အတွက်သီး သန့်ထုတ်လုပ်ပေးထားတာမို့ ကင်မရာဖန်ရှင်တွေကလဲ စုံလင်စွာပါဝင်မှာဖြစ်ပါတယ်။
Android 2.3 နဲ့အထက်တွေမှာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ရယူလိုသူများအောက်မှာဒေါင်းနိုင်ပါတယ်။




ဒေါင်းရန် - http://www.mediafire.com/?yi0blz8buvamq7c

Easy Touch

Easy Touch ကတော့ အိုင်ဖုန်းတွေမှာ အသုံးပြုတဲ့ Application တစ်ခုဖြစ်ပါတယ်။
နောက်ဆုံးထွက် ဗားရှင်းတစ်ခုလဲဖြစ်ပါတယ်။
Android ဖုန်းမှာ သုံးချင်တဲ့သူတွေကတော့ အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်။
ဒီကောင်လေးကောင်ကိုသာထည့်ထားမယ်ဆိုရင် ခလုတ်တွေတောင် အသုံးပြုစရာမလိုလောက်အောင် Function တွေပါဝင်မှာပါ။
Android 2.2 နဲ့အထက်တွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။


ဒေါင်းရန် - http://www.mediafire.com/?id939slzlzifani

Root_with_Restore_by_Bin4ry_26

Root_with_Restore_by_Bin4ry_26

ဒေါင်းရန် - http://www.mediafire.com/?6qssh44uc5wjkm7

s2 korea root



s2 korea အလုံးတွေအတွက် root ဖိုင်ရှာရတာ ခက်ခဲသူများအတွက်

Model ကို ရှာပီိး ရွေးပါ

ဒေါင်းရန် -  http://pspmaster.tistory.com/m/post/view/id/176

Launcher များရဲ့ RAM Usage အကြောင်း

Launcher များရဲ့ RAM Usage အကြောင်း
Launcher ကြိုက်တဲ့ ဘော်ဒါတို့အနေနဲ့ မိမိတို့အသုံးပြုမဲ့ Launcher က ဖုံးရဲ့RAM Usage ကိုဘယ်လောက်အသုံးပြုလဲဆိုတာကိုေ
ဖ်ာပြပေးတာပါ ...။

ဒါမှ ကိုယ့်ဖုံးမှာသုံးမဲ့ Launcher ရဲ့ RAM Usage နဲ့ ကိုယ့်ဖုံးရဲ့ RAM ပမာဏပေါ်မူတည်ပြီး သိရှိနိုင်မှာဖြစ်ပါတယ် ..။ ဒါမှသာ ကိုယ့်ဖုံးလေးက သွက်လက်ပေါ့ပါးနေမှာပေါ့နော့ ...။ :D အောက်မှာကြည့်လိုက်ပါ ..။ :)


Quick Home = 20MB

Simple Home (Lite) = 20MB

Metro UI Lite = 21MB

My Home Lite = 22MB

Lightning Launcher = 22MB

Zeam Launcher = 23MB

Holo Launcher = 23MB

Xperia S Launcher = 23MB

ssLauncher = 23MB

iLauncher Lite = 23MB

ADW.Launcher = 24MB

TwLauncher* = 24MB

LightLaunch = 24MB

Balancer Launcher = 24MB

Fast Home = 25MB

Crazy Home Lite = 26MB

Rocket Launcher = 26MB

Nemus Launcher = 26MB

Regina 3D Launcher = 27MB

FTL Launcher = 29MB

EZ Launcher = 30MB

Espier Launcher = 31MB

DX Home = 31MB

MIUI Launcher = 32MB

91 Panda Home = 32MB

Go Launcher EX = 33MB

QQLauncher = 33MB

Launcher 7 = 33MB

Launcher Pro = 34MB

360 Launcher = 34MB

Home++ = 35MB

Claystone Launcher = 40MB

MXHome Launcher = 50MB

SPB Shell 3D = 63MB

Sony Xperia Z ကို Root



၁။ ADB Flashtool driver ကိုကွန်ပျူတာမှာ အရင် install လုပ်ထားရပါမယ်။ အောက်က link မှာရယူပါ။
၂။ ဖုန်းရဲ့ Settings -> Display -> Sleep -> ထဲကိုဝင်ပြီး Screen timeout ကို 10 mins အထိထားပေးလိုက်ပါ။
၃။ ဖုန်းရဲ့ Settings -> Developer options -> Enable and Settings -> Developer options -> ထဲကိုဝင်ပြီး USB Debugging Mode ကို Enabled လုပ်ထားပါ။
၎။ ဖုန်းရဲ့ Settings -> Security -> Unknown source ကိုအမှန်ခြစ်ပေးထားပါ။
၅။ Xperia Z ကို root လုပ်ရန်အတွက်လိုအပ်တဲ့ Root toolkit ကိုအောက်က link မှာ download ရယူပါ။
ဒေါင်းရန် - http://www.mediafire.com/?m0k6wpi3ub6iis7

Toolkit အား download ရယူပြီးပြီဆိုလျှင် ကွန်ပျူတာရဲ့ Local Disk: (C) အောက်မှာ folder တစ်ခုဆောက်၍ ယင်း Toolkit အားဇစ်ဖြည်ပြီးထည့်ထားလိုက်ပါ။
၆။ PC Suite, Sony PC Companion, Flashtool စတဲ့ ဆော့ဝဲများကို ကွန်ပျူတာမှာ run ထားတယ်ဆိုရင် ယင်းဆော့ဝဲများကိုအကုန်ပိတ်ထားပါ။
၇။ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ထားပါ။
၈။ အဆင့်(၅) မှာတုန်းက download ရယူပြီး folder တစ်ခုဆောက်၍သိမ်းထားခဲ့တဲ့ Root Toolkit folder ထဲက Runme.bat ကို run လိုက်ပါ။
၉။ Runme.bat ကို run လိုက်လို့အောက်ပုံထဲကအတိုင်းတက်လာပြီဆိုရင် Root Process ကိုစတင်ရန်အတွက် ကွန်ပျူတာကီးဘုတ်ပေါ်က Enter ကိုတစ်ချက်နှိပ်လိုက်ပါ။
၁၀။ အပေါ်အဆင့်တွေမှာတုန်းက Driver ကိုမှန်ကန်စွာသွင်းခဲ့မယ်။ USB Debugging enabled လုပ်ထားခဲ့မယ်ဆိုရင် ဖုန်း Device ကို Root Toolkit ကသိပြီး
root process ကိုစတင်လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖုန်း screen ကိုမကြည့်ပါသေးနဲ့ဦး ။ ကွန်ပျူတာမှာ အခု run နေတဲ့ Root toolkit command box ကိုပဲကြည့်နေပါ။ Root Toolkit Command box မှာ “press the button to restore the data in your phone” ဆိုတဲ့စာသားပေါ်လာပြီဆိုရင် ဖုန်း screen မှာ ‘Restore Data’ ဆိုတာလေးပေါ်လာပါမယ်။ အဲဒါကိုရွေးပေးလိုက်ပါ။
၁၁။ ‘If Restoring data is complete,’ ဆိုတဲ့စာသားလေး ကွန်ပျူတာပေါ်က Root Toolkit command prompt မှာပေါ်လာပြီဆိုရင် Sony Xperia Z ရဲ့ ဖုန်းခေါ်တဲ့ function “Dial” ကိုသွားပြီး *#*#7378423#*#* လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲက Service tests ထဲကိုဝင်လိုက်ပါ။ Service Test ထဲဝင် ပြီးရင် Display ကိုထပ်ရွေးပေးလိုက်ပါ။
၁၂။ ကွန်ပျူတာပေါ်မှာ run နေတဲ့ rool toolkit ကဆက်လက်အလုပ်လုပ်နေပါလိမ့်မယ်။
၁၃။ အဆင့် (၁၂) ကို run နေချိန် ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button နှိပ်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။ ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button ကိုနှိပ်ပြီး ဖုန်းကို Power ပြန်ဖွင့်လိုက်ပါ။
၁၄ ။ Power ပြန်ဖွင့်ပြီး ဖုန်းက boot တက်နေစဉ်အတွင်းမှာ ကွန်ပျူတာပေါ်မှာ run ထားတဲ့ Root Toolkit Command prompt မှာ transfer files to your phone part2″, “installing busybox,su,Superuser,etc… ” ဆိုတဲ့ စာသားပေါ်လာပါလိမ့်မယ်။ ပြီးရင် ‘Cleaning up’ ဆိုတဲ့စာသားထပ်ပေါ်လာပါမယ်။
၁၅။ ဖုန်းက auto reboot ကျသွားပါမယ်။
၁၆။ ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆို၇င်တော့ ဖုန်းရဲ့ all application ထဲမှာဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရောက်နေပြီဆိုရင်တော့ ဖုန်းကို အောင်မြင်စွာ root လုပ်ပြီးပြီဖြစ်ပါတယ်။





ဒီနည်းကတော့ အားလုံးလောက်ကို သိလောက်မယ်ထင်တယ်ဗျာ
မသိသေးတဲ့ သူငယ်ချင်းများအတွက် ရေးပေးလိုက်ပါတယ်နော်
Samsung Android Phone တွေမှာ Root မလုပ်ပဲ Myanmar Font ထည့်လို့ရပါတယ်  
ဒါပေ့မဲ့ Android version 2.3.6 ထိတော့ အားလုံးအဆင်ပြေပါတယ်
Android Version 4.0 နဲ့ 4.1 တွေမှာတော့ internet သုံးရင် အဆင်မပြေတာကိုတွေရပါတယ်
စာလုံးတွေကမမှန်တာတို့ မပေါ်တာတို့ ဖြစ်ပါတယ် Android 4.0 နဲ့ 4.1 တွေကို Root လုပ်ပြီ
Myanmar Font ထည့်မှာတာ အဆင်ပြေနိုင်မှာပါ ဒါတောင် စာလုံးတွေက မမှန် ပါဘူး
နည်းနည်းလွဲနေပါသေးတယ် ။ Root မလုပ်ပဲ Myanmar Font ထည့်ချင်သူများအတွက်
စလိုက်ရအောင် လိုအပ်တာလေးတွေကို အရင်ဒေါင်ထားလိုက်ပါ .
ဒေါင်လို့ရလာတဲ့ ဖိုင်လေးကို Phone မှာ install လုပ်ပါ  အဆင်ပြေသလို့လုပ်ပါ
Computer နဲ့ install လုပ်လုပ် memory card ထဲ ထည့်ပြီ ပဲ install လုပ်လုပ်ရပါတယ်။
install လုပ်ပြီရင်တော့ Phone ရဲ့ settings ===>Display ===>Font Style ထိသွားပါ။
Zawgyi One TTF ကိုရွေးပေးလိုက်ပါ
ပြီရင် ဖုန်းကို Reset ချပေးလိုက်ပါ....
Power ပြန်တတ်လာရင်တော့ Phone ရဲ့ Settings ===> Language & input ===>Frozen Keyobard
လေးကို အမှန်ခြစ်ပေးလိုက်ပါ

ဒေါင်းရန် - http://www.mediafire.com/?zai87k7int44vdg

HUAWEI (G510) (Y300) (C8813) တွေကို UNLOCK CODE မတောင်း ROOT မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း


ဒေါင်းရန် - HTTP://WWW.MEDIAFIRE.COM/?ZDOBSGCDDBC4IIW


ဒေါင်ပီရင် ဒေါင်လို့ရလားတဲ့ ဖိုင်လေးကို internal storage ထဲက HWThemes ====>DiyTheme ဆိုတဲ့
Folder ထဲမှာထည့်ပေးလိုက်ပါ ပီရင်Application ထဲက Themes===>Elegance ဆိုတဲ့ Themes ကို
ရွေးပေးလိုက်ပါ .။ပီရင် Apply ကိုနိပ်လိုက်ပါ Theme with font နဲ့ Theme without font ဆိုပီပေါ်လာရင်
Theme with font ကိုရွေးပေးလိုက်ပါ Restart ကျပီပြန်တတ်လားရင်တော့ Keyboard လေးထည့်ပီ သုံးကြည့်
လိုက်တော့နော် မြန်မာ ဖောင့်လေး နဲ့လန်းလို့ရပါပီ။ :p
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.....


Apple ID (သို့) iTunes Account ဆိုတာဘာလဲ ?


ဒီပို့စ်လေးကိုကျွန်တော်အစတုန်းကရေးဖို့စိတ်ကူးမရှိပါဘူးဒါပေမယ့် မဖွင့်တတ်သေးတဲ့သူတွေရှိသေးလို့ ရေးပေးလိုက်တာပါ ။
ကျွန်တော်လဲလေ့လာနေဆဲဖြစ်တာကြောင့် ကျွန်တော်သိသလောက်ပြန်လည်မျှဝေထားတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပါလို့ ကျွန်တော်အရင်ဆုံး တောင်းပန်အပ်ပါတယ်ခင်ဗျားး။ :)
အဲဒါကြောင့်ဒီစာလေးတွေကိုဖတ်ပြီးတစ်ဆင့်ချင်းစီလိုက်လုပ်ကြည့်ပါ။အဆင်မပြေရင်ကွန်မန့်လေးချန်ထားခဲ့ပေးပါ
ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးပါ့မယ်။
-------------------
Apple ID (သို့) iTunes Account ဆိုတာဘာလဲ ?

Apple ID ဆိုတာ App Store ထဲကနေ Applications တွေ Games တွေ Download လုပ်ယူဖို့အတွက်တော်တော်လေးကို အရေးပါပါတယ် ။ ဒါတင်မကပါဘူး iCloud ကိုအသုံးပြုဖို့ဆိုရင်လဲ Apple ID ပာာမရှိမဖြစ်ကိုလိုအပ်ပါတယ်။ဒါပေမယ့်မြန်မာပြည်မှာတော့ iCloud အသုံးပြုသူတွေသိပ်မများပါဘူး။ဒါ့အပြင်Apple ID ပာာ iDevice တွေအတွက် လဲတော်တော်အရေးပါပါတယ်.iDevice ကြီးတစ်လုံးလုံးကိုင်ပြီးတော့ Apple ID တစ်ခုမှမရှိဘူးဆိုရင်တော်တော်အောက်ပါတယ်။

Apple ID ဖွင့်တဲ့နည်းကတော့နှစ်နည်းရှိပါတယ်
1.iTunes ကနေဖွင့်တာရယ်
2. Browser ပေါ်ကနေဖွင့်တာရယ်ဆိုပြီးနှစ်ခုရှိပါတယ်

ပထမနည်းလမ်းကတော့ပိုသေချာပါတယ် ဒုတိယနည်းလမ်းကတော့ကျွန်တော့်အကြိုက်ပဲဒါပေမယ့် အဲးဒီနည်းက အခုတော့ သုံးလို့မရတော့ပါဘူး ဆိုလိုချင်တာကတော့းဒုတိယနည်းကတော့ Apple ID ဖွင့်လို့တော့ရမယ်။ဒါပေ
မယ့် Payment Information step ဖြတ်တဲ့အခါကျရင် ရဖို့မရဖို့ဆိုတာမသေချာတော့ပါဘူးအရင်တုန်းကတော့ရပါတယ်ဒါပေမယ့်အခုကျွန်တော်စမ်းကြည့်တော့မရတော့ပါဘူး

အဲဒါကြောင့် ပထမနည်းလမ်းကိုကျွန်တော်ပြောပြပါတော့မယ်။အဲဒီနည်းလမ်းကိုပဲသုံးတာ Free Apple ID ရဖို့လဲပိုသေချာပါတယ် အဲဒါကြောင့်ပထမနည်းလမ်းကိုပဲသုံးဖို့ အကြံပေးချင်ပါတယ်။

Apple ID (or) iTunes Account ဖွင့်ရင်ကျွန်တော် အမြဲ တမ်း Singapore ကိုပဲရွေးပါတယ် ဘာဖြစ်လို့လဲဆိုတော့ Singapore နဲ့ဖွင့်တာကလူတော်တော်များများအတွက်လွယ်လို့ပါ။
USအကောင့်ကိုတော့ မဖွင့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ US အကောင့်က Free မရတာတွေတော်တော်များလို့ပါ။ ဖွင့်ရင်လဲ တစ်ခါတစ်လေမှရတတ်ပါတယ် အမြဲတမ်းမရတတ်ပါဘူး ။အဓိကကကွန်နက်ရှင်နှေးနေရင် Please contact to iTunes Support to complete this translation. ဆိုပြီးပေါ်လာတတ်ပါတယ် ။အဲဒါကြောင့် US Account ကလိုင်းမကောင်းရင်ဖွင့်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် US Account ဖွင့်တာလဲ ဒီနည်းအတိုင်းပဲ ဘာမှမကွာသွားပါဘူး။

-----------------------------

Apple ID (or) iTunes Account ဖွင့်ဖို့အတွက်လိုအပ်ချက်များ


1.Gmail အကောင့်နှစ်ခုလိုပါတယ် တစ်ခုကတော့ ကိုယ်သုံးဖို့ အကောင့်ရယ်နောက်တစ်ခုကတော့ Main Account က ပြသနာတစ်ခုခုဖြစ်ရင် ရှင်းပေးဖို့အတွက် (ဥပမာ- Password မေ့,စသဖြင့်) အဲဒီအခါကျရင် သုံးဖို့အတွက်လိုအပ်ပါတယ်။

2.မိမိဖွင့်မယ့်နိုင်ငံရဲ့လိပ်စာလိုအပ်ပါတယ်( လိပ်စာအတွက်ကတော့ ကျွန်တော် အောက်မှာပေးထားပါတယ်)

3.အမြဲတမ်းမှတ်မိနေမယ့် Security Question လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိ Apple ID ပာာစက်အသစ်မှာ တစ်ခုမှာမသုံးဖူးသေးတဲ့အခါဆိုရင် Device အသစ်မှာသုံးရင် တစ်ခါတစ်လေ Security Question ဆိုပြီးပေါ်လာတတ်ပါတယ်။အဲဒီအခါကျရင် Security Question ဖြည့်ဖို့အတွက် အမြဲတမ်းမှတ်မိနေမယ့် Security Question လိုအပ်ပါတယ်။ဒါ့အကြောင့် Birth of Date ကိုလဲ ပေါ့ပေါ့လွယ်လွယ်မဖြည့်ဘဲ အမှန်အကန်ဖြည့်တာပိုကောင်းပါတယ်သူကလဲ Security Question လိုမျိုးအရေးပါလို့ပါ။

4.မိမိ PC ပေါ်မှာ iTunes ရှိဖို့လိုပါမယ် အကယ်လို့မရှိသေးဘူးဆိုရင်အောက်ကလင့်ခ်မှာ အခမဲ့ယူနိုင်ပါတယ်။


-------------------------------
 Apple ID (or) iTunes Account ဖွင့်နည်း


SG (Singapore) Apple ID ဖွင့်မယ်ဆိုရင်တော့အရင်ဆုံး iTunes ရဲ့ ညာဘက်ထောင့်အောက်ဆုံးမှာ နိုင်ငံအလံလေးရှိပါတယ် အဲဒါလေးကိုနှိပ်လိုက်ပါပြီးရင်တော့ Euro,Asia ဘာညာဘာညာဆိုပြီးရှိပါတယ် အဲဒီမှာ Singapore ဆိုတာလေးက Asia ဆိုတဲ့နေရာလေးမှာရှိပါတယ် အဲဒီအခါကျရင် စင်ကာပူအလံလေးကိုနှိပ်လိုက်ပါ ခဏနေရင် ပြန်ပေါ်လာပြီဆိုရင် iTunes ညာဘက်ထောင့်အောက်နားလေးမှာ Singapore အလံလေးဖြစ်သွားပြီဆိုရင် ရပါပြီမဖြစ်သေးရင်တော့ အပေါ်ကနည်းအတိုင်း ပြန်လုပ်ပါ။

၁။ပထမဆုံး iTunes ကို PC ပေါ်မှာဖွင့်လိုက်ပါ ။ ပြီးလျှင် iTunes Store ကိုသွားလိုက်ပါ




၂။ အကယ်လို့ iTunes မှာ Apple ID တစ်ခုခုဝင်ထားတယ်ဆိုရင် Sing out လုပ်လိုက်ပါ။


၃။ Free App တစ်ခုကိုရှာပြီးတော့ Download လုပ်လိုက်ပါ။ညာဘက်ထောင့်အောက်ဆုံးနားလေးမှာရှိတတ်ပါတယ်။



၎။အဲဒီလိုနှိပ်လိုက်ပြီဆိုရင်တော့ Sing in Box လေးပေါ်လာပါလိမ့်မယ် အဲဒီ Box လေးရဲ့ Sing in ဘေးနားလေးမှာ Create an account ဆိုတာလေးရှိပါတယ် အဲဒီ Create an account ကိုနှိပ်လိုက်ပါ

၅။ Welcome to iTunes Store ဆိုပြီး ပေါ်လာပြီဆိုရင် Continue ဆိုတာလေးကိုနှိပ်လိုက်ပါ

၆။နောက်တစ်ခုထပ်ပေါ်လာပြီဆိုရင်တော့လေးထောင့်အကွက်အောက်နားလေးမှာ I have read and agree the terms and condition ဆိုတာလေးကိုအမှန်ခြစ်ပြီးတော့ Agree ဆိုတာလေးကိုနှိပ်လိုက် ပါ။




၇။အဲဒီအခါကျရင် Email တို့ Security Qestion တို့ ဘာတို့ ပေါ်လာပါပြီ အဲဒီအခါကျရင် ကိုယ်ဖွင့်မယ့် Email ကို Email ဆိုတဲ့နေရာလေးမှာဖြည့်လိုက်ပါ။ Password မှာတော့ကိုယ်ဖြည့်ချင်တာဖြည့်လိုက်ပါ ဒါပေမယ့် Password ကိုကိုယ်ထားချင်တိုင်းထားလို့မရပါဘူး Password အလုံးရေပာာ အနည်းဆုံး ၈ လုံးရှိရပါမယ်။ဒါ့အပြင် ABCDEFG.....,..Z အထိ အင်္ဂလိပ် အကွရာ အကြီးတစ်လုံးလိုပါတယ်။

ဥပမာ အကြမ်းဖျင်းပုံစံကတော့-Zawwonna28 အဲဒီလိုမျိုးပေါ့

၈။ Security Question ရွေးရပါမယ် အဲဒီနေရာမှာကျွန်တော်ပြောခဲ့သလိုပဲ မှတ်မိလွယ်မယ့် Security Question လေးကိုထားရပါမယ်

၉။Recovery Mail ကိုဖြည့်ပေးရပါမယ်

၁၀။ Birth of Date ကိုဖြည့်ပါ မှန်မှန်လေးဖြည့်ပေးရင်တော့ပိုကောင်းတာပေါ့ ဒါပေမယ့် Apple ID က ၁၈(သို့)၁၇ နှစ်မပြည့်ရင် ဖွင့်ခွင့်မပေးပါဘူး အဲဒါကြောင့် မို့လို့ ၁၈(သို့)၁၇ နှစ်မပြည့်သေးတဲ့သူတွေကတော့ မှတ်မိလွယ်မယ့် Birth of Date ကိုလိမ်ဖြည့်လိုက်ပေါ့နော်

၁၁။ ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ။

၁၂။ Continue နှိပ်ပြီးပေါ်လာပြီဆိုရင်တော့ Payment Type မှာ Master Card,Visa,Paypal , None စသဖြင့်ပေါ်လာပါလိမ့်မယ် ။အဲဒီအခါကျရင် None ကိုရွေးလိုက်ပါ


၁၃။ Billing Address မှာ ကိုယ့်နာမည်တို့ဘာတို့ဖြည့်လိုက်ပါ

၁၄။ Address မှာတော့

Street-Woodlands

Town-Woodlands

Zip Code-1391934(ဒါကတော့ကျွန်တော်မသေချာဘူးဗျ ကျွန်တော်ရမ်းသမ်းပြီးပေးထားတာ အကယ်လို့မှားနေတယ်ဆိုရင်တော့ အနီရောင်စာလေးနဲ့ ပေါ်လာလိမ့်မယ် အကယ်လို့ ဂဏန်းက လိုနေတယ် ပိုနေတယ်ဆိုရင် ပေါ်လာပါလိမ့်မယ် ပိုနေတယ်ဆိုရင်လျှော့လိုနေတယ်ဆိုရင် တိုးလိုက်ပါ ကြိုက်တဲ့ဂဏန်းရပါတယ်)

phone number-6590433782


ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ ။

၁၅။ ပြီးသွားပြီဆိုရင်တော့ Verify your Apple ID လို့ပေါ်လာပြီဆိုရင်တော့ မိမိ Mail ကို Browser မှတစ်ဆင့် ဖွင့်လိုက်ပါ




၁၆။အဲဒီအခါကျရင် မိမိ mail ထဲမှာ Apple ဆီကမေးလ်တစ်စောင်ရောက်နေပါလိမ့်မယ်အဲဒီမေးလ်ကိုဖွင့်လိုက်ပါ


၁၇။Verify ဆိုတာလေးကိုနှိပ်ပြီးတော့ Apple ID Password နဲ့ username  လေးကိုဖြည့်ပေးလိုက်ပါအဲဒီအခါကျရင်  (E)mail address verified လို့ပေါ်လာရင် Apple ID အသစ်စက်စက်လေးကိုသုံးလို့ရပါပြီ :D



ကဲ အားလုံးပဲအဆင်ပြေကြပါစေဗျာ :D အဆင်မပြေတာ့ရှိရင် comment လေးချန်ခဲ့ပြီးမေးမြန်းနိုင်ပါတယ်  :D

Unordered List

Related Posts Plugin for WordPress, Blogger...